အရပ်ဘက်အဖွဲ့အစည်းများ၊ လူ့ခွင့်အရေး ကာကွယ်စောင့်
ရှောက်သူများနှင့် သတင်းမီဒီယာများသို့ အကြံပြုချက်များ
၁။ အိုင်စီတီဆိုင်ရာ မူဝါဒ၊ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများရှိ အပြောင်းအလဲများအပေါ် - အထူးသဖြင့်
လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်၍ - သဘောထားမှတ်ချက်ပြုခြင်းနှင့် အများ
သိနိုင်စေရန် တတ်ကြွစွာဆောင်ရွက်ရန်။
မြန်မာနိုင်ငံသည် မူဝါဒရေးရာမူဘောင်များ၏ အရေးပါသည့်အပိုင်းများ (ဥပမာ မြန်မာအစိုးရသို့ တိုက်တွန်းအကြံ
အပြုချက် ၁ တွင် ရည်ညွန်းထားသော မဟာစီမံကိန်းများ)၊
ဥပဒေများနှင့် အရေးကြီးသည့် စည်းမျဉ်းစည်းကမ်းများ
(ဥပမာ ၂ဝ၁၃ တယ်လီဖုန်းဆက်သွယ်ရေး ဥပဒေ၌ပါရှိသော။ မြန်မာအစိုးရသို့ တိုက်တွန်းအကြံပြုချက် ၂ နှင့် ၃
တွင်ကြည့်ရန်)တို့ကို ပြန်လည်ရေးဆွဲခြင်း သို့မဟုတ် အသစ်ရေးဆွဲခြင်းများ လုပ်ကိုင်လျက်ရှိပါသည်။ အဆိုပါလုပ်ငန်း
များကို လုပ်ကိုင်နေကြသော အစိုးရဝန်ထမ်းများနှင့် အတိုင်ပင်ခံများသည် နည်းပညာပိုင်းဆိုင်ရာတွင် ကျွမ်းကျင်သူများ
ဖြစ်သည်။ သို့သော် ၄င်းတို့၏မူဝါဒဆိုင်ရာ အကြံပေးမှုများမှာ လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်
သက်၍ ရင်းနှီးကျွမ်းဝင်မှု မရှိကြပါ။ ထို့အတူ လွှတ်တော်မှ စဉ်းစားလုပ်ကိုင်နေသော ဥပဒေရေးရာ မူကြမ်းများသည်
လည်း အလားတူ ပြဿနာများ ရှိနေပါသည်။
အဆိုပါ ပြုပြင်ပြောင်းလဲမှုများပေါ်တွင် သဘောထားမှတ်ချက်ပြုရာတွင်နှင့် ထောက်ပြပြောဆိုရာတွင်
အရပ်ဘက်
အဖွဲ့အစည်းများ၏ တက်ကြွစွာပါဝင်မှုသည် လွန်စွာမှအရေးကြီးပါသည်။ သို့မှသာ အပြီးသတ်ချမှတ်မည့် မူဝါဒ၊ ဥပဒေ
ရေးရာနှင့် စည်းမျဉ်းစည်းကမ်းမူဘောင်များသည် စွမ်းဆောင်ရည်မြင့်မားပြီး ထိရောက်သည့် အိုင်စီတီကဏ္ဍ ဖြစ်ပေါ်
လာရေးအတွက် ထောက်ပံ့ပေးနိုင်သလို၊ သင့်လျော်သည့်လူ့အခွင့်အရေး စောင့်ရှောက်မှုများပါဝင်ကာ အချက်
အလက်နှင့် ကိုယ်ရေးကိုယ်တာလုံခြုံမှုကို အာမခံပေးနိုင်သည်ဆိုသည့်အချက်များ ဘက်ညီမျှတမှုကို ရရှိစေမည်
ဖြစ်သည်။
ယင်းသို့လုပ်ဆောင်တွင် အိုင်စီတီနှင့် ကျွမ်းဝင်မှုရှိသည့် အရပ်ဘက်အဖွဲ့အစည်း အနည်းငယ်ကသာ ထိတွေ့လုပ်
ဆောင်ခြင်းမျိုး မဟုတ်ဘဲ၊ အခြားကဏ္ဍများအတွက် လုပ်ကိုင်နေကြသော အဖွဲ့အစည်းများ - ဥပမာ အမျိုးသမီးများ
အရေး၊ တိုင်းရင်းသား လူနည်းစုများအရေး၊ ကလေးသူငယ်များနှင့် မသန်စွမ်းသူများအရေးတို့ကို လုပ်ဆောင်နေသော
အရပ်ဘက်အဖွဲ့အစည်းများ၏ အမြင်များအား အိုင်စီတီမူဝါဒနှင့် ဥပဒေပြုရေးကိစ္စရပ်များတွင် ပြောဆို ကိုယ်စားပြုခွင့်
ရရှိမှုကို သေချာစေရန်အတွက် အဆိုပါအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှုများကိုပါ လုပ်ဆောင်သင့်ပါသည်။
အဆိုပါအဖွဲ့အစည်းများ အားလုံးသည် အိုင်စီတီကို လက်တွေ့အသုံးပြုနေသူများ၊ သို့မဟုတ် အသုံးပြုမည့်သူများ
ဖြစ်လာနိုင်သောကြောင့်ပင် ဖြစ်ပါသည်။
၂။ ကုမ္ပဏီများအား လူ့အခွင့်အရေးကိစ္စရပ်များ အပါအဝင် တာဝန်ယူမှုရှိသော စီးပွားရေးကျင့်ဝတ်များ
အပေါ် တာဝန်ယူမှုရှိစေရေး လုပ်ဆောင်ရန်။
အိုင်စီတီကဏ္ဍတွင် လုပ်ကိုင်ကြသော ကုမ္ပဏီများမှ လူ့အခွင့်အရေးများအပေါ် လေးစားလိုက်နာမှုနှင့် ပတ်သက်၍
ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးမှုများကို ကမ္ဘာ့နေရာအနှံ့အပြားတွင် တက်ကြွစွာဖြင့် ဆွေးနွေးနေကြပါသည်။ 5 တချို့သော
ဆွေးနွေးမှုများသည် ကုမ္ပဏီ၏လုပ်ဆောင်မှု ကျင့်ဝတ်များအပေါ် အလေးထားဆွေးနွေးပြီး၊ အခြားဆွေးနွေးမှုများသည်
ကုမ္ပဏီများထံမှ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား တောင်းဆိုနေမှု သို့မဟုတ် တိုက်ရိုက်ရယူနေသည့်
အစိုးရ၏လုပ်ပိုင်ခွင့်အာဏာများကို သင့်တော်စွာ ကန့်သတ်နိုင်ရန်အလို့ငှာ အစိုးရများနှင့် ကုမ္ပဏီများကြားရှိ တိုးပွား
5
ဥပမာ စီးပွားရေးနှင့် လူ့အခွင့်အရေးများ၏ အရင်းအမြစ်များဌာနရှိ အင်တာနက်စာမျက်နှာတွင် သတင်းအချက်အလက်နည်းပညာနှင့် ကဏ္ဍထဲရှိ ကုမ္ပဏီများ
တိုးတက်ရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများတွင် ကြည့်ရှုနိုင်ပါသည်။
အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ
31