မည်သည့်ယန္တရားကိုမဆို ကုလသမဂ္ဂ၏ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်
အခြေခံမူများ4 အောက်ရှိ ထိရောက်မှုရှိသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး အလုပ်သမားများနှင့် လူထုအဖွဲ့
အစည်းများ၏ အကြံပြုချက်များရယူကာ ရေးဆွဲရန်။ ကုမ္ပဏီတွင်းနှင့် ကုမ္ပဏီပြင်ပမှ လူပုဂ္ဂိုလ်များ၏ တိုင်ကြား
မှုများအတွက် ပြန်လည်ဂလဲ့စားချေမည့် အရေးယူမှုများ မရှိကြောင်းနှင့် ယင်းတိုင်ကြားမှုများအတွက် ကုမ္ပဏီ၏
ယန္တရားများကို အသုံးပြုသည်ဖြစ်စေ၊ သို့မဟုတ် နိုင်ငံတော်၏ ပြန်လည်ကုစားပေးသာ လုပ်ငန်းစဉ်ကို အသုံးပြု
သည်ဖြစ်စေ၊ သို့မဟုတ် တတိယအုပ်စုအဖွဲ့အစည်းများကို ရွေးချယ်အသုံးပြုသည်ဖြစ်စေ လွတ်လပ်စွာ ရွေးချယ်
နိုင်ကြောင်း အာမခံသင့်သည်။
၅။ လူ့အခွင့်အရေး ကိစ္စရပ်များ၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ကိစ္စရပ်များကို ဖြေရှင်းလုပ်
ဆောင်နိုင်ရန်အတွက် သင့်တော်သော စုပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်။
အိုင်စီတီကဏ္ဍတွင် လုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများစုပေါင်းပြီး ထိခိုက်လွယ်သော ကိစ္စရပ်များကို အတူတကွ
ချဉ်းကပ်ခြင်းနှင့် အခြေအနေတူသည့် အခြားနိုင်ငံများ၏ နည်းစနစ်များအပါအဝင် နိုင်ငံတကာ စံချိန်စံညွှန်းများကို
အသုံးပြုကာ ရရှိလာသည့် သင်ခန်းစာများအား ဝေမျှရယူခြင်းတို့သည့် ကုမ္ပဏီများအတွက် များစွာတန်ဖိုးရှိပါသည်။
ကုမ္ပဏီများ၏ စုပေါင်းလုပ်ဆောင်ခြင်းဖြင့် အစိုးရလုပ်ငန်း ပိုမိုထိရောက်မှုရှိပြီး အလုပ်သမားများ အသုံးချရမှုသက်သာ
စေခြင်းနှင့် ကုမ္ပဏီတစ်ခုခြင်းစီအနေဖြင့် ကိစ္စရပ်များကို တိုက်ရိုက်ထိတွေ့ရသည့် အနေအထားကိုလည်း လျော့ချနိုင်
ပါသည်။ ကုမ္ပဏီများအနေဖြင့် အစိုးရအဖွဲ့များနှင့် အခြားနယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များဖြင့် တွေ့ဆုံ ဆွေးနွေးမှုများ
လုပ်ဆောင်ရာတွင် တစ်ဦးချင်းဆီထက် အစုလိုက်ဖွဲ့၍ လုပ်ဆောင်ခြင်းသည် ကိစ္စအများအပြားတွင် ပို၍ထိရောက်
လွယ်ကူမှုရှိသည်ကို တွေ့နိုင်ပါသည်။
အကောင်အထည်ဖော်ဆောင်ရေးအတွက် အဓိကကျသည့် အချက်များ
နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် တစ်သားတည်းရှိစေရန်အတွက် အိုင်စီတီနှင့် အခြားမတူညီသော ဥပဒေများ
အတွင်းရှိ လစ်ဟာနေမှုများကို ဖြည့်ဆည်းရာတွင် မြန်မာအစိုးရနှင့် စုပေါင်းထိတွေ့ဆက်ဆံရန် (အစိုးရအတွက်
တိုက်တွန်းအကြံပြုချက် ၂ နှင့် ၃ တွင် ကြည့်နိုင်ပါသည်။)
အိုင်စီတီ ဝန်ဆောင်မှုများအား ပို၍အသုံးပြုကာ လုပ်ဆောင်လာကြသော ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသခြင်း၊
အများအပေါ် နိုင်ငံတကာ လူ့အခွင့်အရေးများ၏ စံချိန်စံညွှန်းများ ချမှတ်ထားရှိရေးအတွက် မြန်မာအစိုးရအား
စုပေါင်းချဉ်���ကပ်ရန်။
နိုင်ငံတကာနှင့် မြန်မာကုမ္ပဏီများကြား ထိတွေ့လုပ်ကိုင်ခြင်းဖြင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ သင်ယူခွင့်
ကိုအားပေးရန်၊ ထို့အတူ ပြည်တွင်းပြည်ပ ကုမ္ပဏီများပါဝင်သော အိုင်စီတီကဏ္ဍတစ်ခုလုံးဆိုင်ရာ လုပ်ငန်း
အဖွဲ့အစည်း တစ်ခုဖွဲ့စည်းနိုင်ရေး ပံ့ပိုးပေးရန်၊ ယင်းအဖွဲ့အစည်းသည် ပြည်တွင်းပြည်ပ ကုမ္ပဏီများကြား
စုပေါင်းလုပ်ကိုင်နိုင်ရေးအတွက်
သဟဇာတဖြစ်ပြီး
ပူးပေါင်းလုပ်ဆောင်နိုင်သည့်
နည်းလမ်းများ
ရရှိရေး
ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။
အိုင်စီတီကဏ္ဍအတွက် လိုအပ်သည့် အရည်အချင်းများ တည်ဆောက်ရန် အဆင့်မြင့်ပညာရေးနှင့် အသက်မွေး
ဝမ်းကျောင်းမှုပညာ လေ့ကျင့်သင့်ကြားရေး အစီအစဉ်များအား တိုးတက်စေရန်အတွက် ဖွံ့ဖြိုးရေးအထောက်ကူ
ပြုအဖွဲ့များနှင့် ပူးပေါင်းလုပ်ကိုင်ရန်နှင့် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအား ထောက်ပံ့ရေး
အတွက် အစီအစဉ်များ ချမှတ်ရန်။
4
ကုလသမဂ္ဂ၏ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက် အခြေခံမူများ အခြေခံမူ ၃၁ (အစိုးရအတွက် တိုက်တွန်းအကြံပြုချက်များတွင်
ကြည့်ရန်)
အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ
29