၃။ ယုံကြည်မှုတည်ဆောက်ရန်နှင့် ပွင့်လင်းမြင်သာမှုများနှင့် တာဝန်ယူ၊ တာဝန်ခံမှုတို့ ရှိကြောင်းကို ပြသ
နိုင်ရန် သက်ရောက်မှုများအား ခံစားနေရသော နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ - အထူးသဖြင့်
အလုပ်သမားများ၊ ဒေသခံပြည်သူများ၊ သုံးစွဲသူများနှင့် ဝယ်ယူအားပေးသူများနှင့် - ထိတွေ့ဆက်ဆံ
ညှိနှိုင်းဆွေးနွေးတိုင်ပင်ရန်။
ထိတွေ့ဆက်ဆံ ညှိနှိုင်းဆွေးနွေးတိုင်ပင်ခြင်းသည် ကုမ္ပဏီများ၏ အောင်မြင်မှုတွင် အဓိကကျသည့် အချက်ဖြစ်ရာ
ယင်းအချက်ကို ကုမဏ
ၸ မ
ီ ်ား၏ လူအ
႔ ခြငအ
့် ရေးဆိင
ု ရ
်ာ လိက
ု န
်ာကျင်သ
့ုးံ မှုများ တိုး တက်ကောင်းမွနေ
် စရေး အကြံပြုချက်
အများအပြားတွင် ထည့်သွင်းဖော်ပြထားသည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ လူမှုအဖွဲ့အစည်းများနှင့် အခြားပုဂ္ဂိုလ်
များမှ ကုမ္ပဏီများအပေါ် အစဉ်အဆက် ယုံကြည်မှုကင်းမဲ့ခဲ့သော အခြေအနေမျိုးတွင် အလုပ်သမားများ၊ အလုပ်သမား
ကိုယ်စားလှယ်များ၊ အသုံးပြုသူများနှင့် ဒေသခံပြည်သူများအကြား ပွင့်လင်းရိုးသားပြီး အပြန်အလှန်ထိတွေ့ဆက်ဆံ
ညှိနှိုင်းဆွေးနွေးတိုင်ပင်ခြင်းသည် ဆိုးကျိုးအနရ
္တာယ်ဖြစ်နိုင်ခြေများကို လျော့ချနိုင်ရန်နှင့် ကာကွယ်တာဆီးရန် ကုမ္ပဏီ
တစ်ခုအနေဖြင့် လုပ်ဆောင်နိုင်သော အဖိုးအတန်ဆုံးသော အရာများထဲမှ တစ်ခုဖြစ်သည်။
အကောင်အထည်ဖော်ဆောင်ရေးအတွက် အဓိကကျသည့် အချက်များ
လုပ်ငန်းဆောင်ရွက်မှုများ၏ ကနဦးကာလနှင့် လုပ်ငန်းဖော်ဆောင်နေသော အရေးကြီးသည့် ကာလများတွင်
စိုးရိမ်မှုပုံစံများ ပြောင်းလဲလာမှုအပါအဝင် စီမံချက်လည်ပတ်မှုတစ်ခုလုံးတွင် ပါဝင်ပတ်သက်နေသည့် အလုပ်
သမားများ၊ ၄င်းတို့၏ ကိုယ်စားလှယ်များ၊ အသုံးပြုသူများနှင့် ဒေသခံပြည်သူများဖြင့် အဓိပ္ပာယ်ရှိပြီး စဉ်ဆက်
မပြတ် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ကြိုတင်၍ လုပ်ဆောင်ရန်နှင့် ထိုသို့ ထိတွေ့လုပ်ဆောင်မှုများသည်
မြန်မာနိုင်ငံရှိ အများစုအတွက် စဉ်းစားလုပ်ဆောင်မှုပုံစံ အသစ်တစ်ခုဖြစ်နေသည်ကို သတိပြုမိစေရန်။ ဥပမာ
အားဖြင့် မြန်မာ့အလုပ်သမားဥပဒေတွင် အလုပ်သမားအယောက် ၃ဝ နှင့် အထက်ရှိသော လုပ်ငန်းတစ်ခုတွင်
အလုပ်ရှင်တစ်ဦးသည် လုပ်ငန်းခွင်ဆိုင်ရာ ပူပေါင်းဆောင်ရွက်မှု ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးရန်လိုအပ်
သည်။ လုပ်ငန်းတွင် အလုပ်သမား အဖွဲ့အစည်း (ဥပမာ - သမဂ္ဂ) တစ်ခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဆိုပါ
ကော်မတီတွင် အလုပ်သမားများဖက်မှ ကိုယ်စားလှယ် ၂ ဦးနှင့် အလုပ်ရှင်ဖက်မှ ကိုယ်စားလှယ် ၂ ပါဝင်ရန်
လိုအပ်သည်။ အဆိုပါ ပူးပေါင်းမှုကော်မတီဖွဲ့စည်းခြင်းမျိုးသည် အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်း နှစ်ဖက်စလုံး အကျိုးရှိနိုင်သည့် လုပ်ငန်းခွင်အခြေအနေများအား ပူးပေါင်းစောင့်ကြည့်နိုင်ရေးအတွက် အဖွဲ့
အစည်းတစ်ရပ်ကို ရရှိစေပါသည်။
ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကာကွယ်ခြင်းဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို မည်ကဲ့သို့
လုံခြုံစွာ အသုံးပြုရမည်ဆိုသည့် အခြေခံ သတင်းအချက်အလက်များအား အသုံးပြုသူများနှင့် ဝယ်ယူအားပေး
သူများအား ပံ့ပိုးပေးရန်နှင့် အသုံးပြုသော ဆက်သွယ်ရေးကိရိယာများနှင့် ဝန်ဆောင်မှုများတွင် ၄င်းတို့၏ အသုံး
ပြုစဉ် ချန်ထားရစ်နိုင်သည့် အချက်အလက်များ (digital footprint)ကို သိရှိထိန်းချုပ်ရန် လိုအပ်ချက်အပါအဝင်
အသုံးပြုသူများအတွက် ဒီဂျစ်တယ်နည်းပညာ တတ်ကျွမ်းနားလည်မှုများ (digital literacy) ဖွံ့ဖြိုးလာစေရေး
အတွက် ပံ့ပိုးကူညီရန်။
မိုဘိုင်းလ်ဖုန်းနှင့် ဖုန်းတိုင်များ၏ ကျန်းမာေ���းနှင့် လုံခြုံရေးဆိုင်များအပေါ် သက်ရောက်မှုများကဲ့သို့သော မြန်မာ
ပြည်သူလူထုနှင့် သက်ဆိုင်သော အရေးကြီးကိစ္စရပ်များကို နားလည်လွယ်သော ဒေသခံဘာသာစကားများဖြင့်
ထုတ်ပြန်ခြင်း အပါအဝင် သတင်းအချက်အလက်များအား ပုံစံအမျိုးမျိုးဖြင့် ကြိုတင်ထုတ်ပြန်ရန်။
အွန်လိုင်းမှ တိုင်ပင်ဆွေးနွေးခြင်းနှင့် ဆက်သွယ်ခြင်းများသည် မြန်မာနိုင်ငံတွင် အသက်ဝင်စကာလ အဆင့်သာ
ရှိပါသေးသည်။ သို့သော် အင်တာနက်ပေါ်တွင် စာရိုက်ပြောဆိုခြင်းသည် သက်ဆိုင်ရာလူပုဂ္ဂိုလ်များနှင့် ဆက်
သွယ်ပြောဆိုနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ရာ ကုမ္ပဏီများထံမှ တုန့်ပြန်မှုများကို ၄င်းတို့၏ Facebook စာမျက်နှာ
များပေါ်မှတစ်ဆင့် တွေ့မြင်နိုင်ရန် သုံးစွဲသူများနှင့် ဝယ်ယူအားပေးသူများက မျှော်လင့်လာကြသည်။
26
မြန်မာ့ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း