အကောင်အထည်ဖော်ဆောင်ရေးအတွက် အဓိကကျသည့် အချက်များ အိုင်စီတီနည်းပညာ၊ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံမှ အသုံးပြုသူများအတွက် ဒေသသုံးဖြစ်အောင် လုပ်ဆောင် ရန်။ ဆိုလိုသည်မှာ အချက်အလက်များနှင့် စာသားများအပါအဝင် နည်းပညာများနှင့် ပါဝင်သည့် အကြောင်းအရာ များကို မြန်မာဘာသာအပြင်၊ နိုင်ငံတွင်းအသုံးပြုသော အခြားဘာသာစကားပေါင်းစုံဖြင့် ရရှိစေရန် လုပ်ဆောင် သင့်ပါသည်။ အစိုးရအနေဖြင့် ကွန်ပျူတာဆိုင်ရာ ကိရိယာပစ္စည်း (hardware) များ၊ ဆော့ဖ်ဝဲလ်များ၊ ပညာရေး အထောက်အကူပြုပစ္စည်းများ၊ အသုံးပြုမှုလမ်းညွှန်များ၊ အခြားဆက်စပ်အရာများ အားလုံးကို မြန်မာနိုင်ငံတွင် အများအသုံးပြုသည့် ဘာသာစကားများဖြင့် ဖော်ပြနိုင်ရေးကို အလေးထားလုပ်ဆောင်သင့်ပါသည်။ အသိပညာပေးလှုပ်ရှားမှုများနှင့် ကလေးသူငယ် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ အပါအဝင် အင်တာနက်လုံခြုံရေးနှင့် သုံးစွဲမှု အလေ့အထများဆိုင်ရာ လေ့ကျင့်သင်ကြားပေးမှုများအား ထောက်ပံ့ပေးသွားရန်။ “အမုန်းစကားပြောဆိုမှု”များကို လက်မခံကြောင်းကို လူထုအများသိရှိစေရန် နိုင်ငံရေးပါတီအားလုံးနှင့် အစိုးရ၏ ထိပ်ပိုင်းအရာရှိများမှထုတ်ဖော်ပြောဆိုရန်။ အမုန်းစကားပြောဆိုမှုများသည် အွန်လိုင်းတွင် အလျင်အမြန် ပြန့်နှံ့ ပြီး အကြမ်းဖက်မှုများကို အားပေးရာတွင် အသုံးပြုလေ့ရှိကြပါသည်။ မြန်မာအစိုးရအနေဖြင့် အသုံးပြုသူများ “အမုန်းစကားပြောဆိုမှု“များကို တုန့်ပြန်ပြောဆိုခြင်းများကို ဦးတည်သည့် ကြိုးစားအားထုတ်မှုများကို တက်တက် ကြွကြွ အားပေးလုပ်ဆောင်သင့်သည်။ ဥပမာအားဖြင့် ရဲဌာန၏အကူအညီဖြင့် မှန်ကန်မှုမရှိသည့် ကောလဟလ များကို ထုတ်ဖော်ဖွင့်ချခြင်းနှင့် ငြိမ်းချမ်းစွာထုတ်ဖော်ပြောဆိုမှုများကို အားပေးခြင်းအပါအဝင် အသုံးပြုသူများ သည် အမုန်းစကားပြောကြားမှုများကို ချေပပြောဆိုခြင်းများအား ထောက်ခံအားပေးသင့်ပါသည်။ အလုပ်ရှင်များ၏ လိုအပ်ချက်ကို ပြည့်မှီစေရန် ခေတ်ကာလနှင့် ကိုက်ညီသော အိုင်စီတီ သင်ရိုးညွှန်းတန်းများကို တက္ကသိုလ်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရေးတွင် ထည့်သွင်းသည့် လူထုပညာရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေးကို ဦးစားပေးလုပ်ဆောင်ရန်။ ၉။ လုပ်ငန်းများကြောင့် နစ်နာမှုများရှိပါက မည်သူမဆို တိုင်ကြားနိုင်သည့် ယန္တရားများကို ကုမ္ပဏီများက ထားရှိပေးရန် လိုအပ်ချက်လိုက်နာစေရန်နှင့် အဆိုပါယန္တရားမျာ��� လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ထုတ်ပြန်ပေးရန် အပါအဝင် အိုင်စီတီကဏ္ဍတွင် တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ငန်းဆိုင်ရာ အလေ့အထများကို လိုက်နာမှုများ အားကောင်းစေရန်။ ကုလသမဂ္ဂ၏ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာလမ်းညွှန်ချက် အခြေခံမူများ - ထိရောက်သော ပြန်လည်ကုစားမှု ရပိုင်ခွင့် ၂၅။ စီးပွားရေးနှင့် ဆက်နွှယ်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ရန် ၄င်းတို့၏ လုပ်ငန်းတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံများသည် တရားရေးဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ၊ ဥပဒေပြုရေးဆိုင်ရာ သို့မဟုတ် အခြားသင့်တော်သော ယန္တရားများ ဖြင့် ၄င်းတို့၏ပိုင်နက်နယ်မြေများ အတွင်းနှင့်/သို့မဟုတ် စီရင်ပိုင်ခွင့် နယ်ပယ်အတွင်း အဆိုပါ ချိုးဖောက်မှုများ ပေါ်ပေါက် လာသည့်အခါ ထိခိုက်ခံစားရသူများအား ထိရောက်သော ပြန်လည်ကုစားမှုပေးရေး အာမခံရန် သင့်လျှော်သော လုပ်ငန်း အဆင့်များကို ချမှတ်ဆောင်ရွက်ရမည် ဖြစ်သည်။ ကုလသမဂ္ဂ၏ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက် အခြေခံမူများ - မူဝါဒများသဟဇာတ ဖြစ်မှုနှင့် တိကျခိုင်မာမှုရှိစေရန် ဆောင်ရွက်ခြင်း။ ၂၉။ နစ်နာမှုများကို စောလျင်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် တိုက်ရိုက် ပြန်လည်ကုစားပေးနိုင်ရန်တို့အတွက် စီးပွားရေး လုပ်ငန်းများအနေဖြင့် ဆိုးရွားစွာ ထိခိုက်ခံစားနိုင်ရသည့် လူပုဂ္ဂိုလ်များနှင့် ရပ်ကွက်လူထုများအတွက် ထိရောက်မှုရှိသော (လုပ်ငန်းလည်ပတ် ဆောင်ရွက်မှုအဆင့် ရပ်ရွာပြည်သူနှင့် တိုက်ရိုက်ချိတ်ဆက်၍ ထိခိုက်မှု စိုးရိမ်မှုများ ဖော်ထုတ်ဖြေရှင်း ရေး ယန္တရားများ) (operational level grievance mechanisms) ကို တည်ဆောက်ခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်သင့်ပါသည်။ အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ 19

Select target paragraph3