အချက်အလက်များကို အသုံးပြုမှုအတွက် ကြိုတင်အကြောင်းကြား သဘောတူညီမှုရယူခြင်းနှင့် နစ်နာမှုများ ရှိပါက တိုင်းကြားနိုင်သည့်စံနစ်များ ထားရှိခြင်းနှင့် လုံခြုံရေးအတွက် လိုက်နာမည့် အခြေခံစံနှုန်းများ ထားရှိခြင်း တို့ ပါဝင်သင့်ပါသည်။ ဆိုင်ဘာလုံခြုံရေး၏ အရေးကြီးမှုကို အသုံးပြုသူများ ပိုမိုသိရှိစေရေး ပညာပေးမှုများ လုပ်ဆောင်ရန်နှင့် ရှင်းလင်း တိကျသည့် ဆက်သွယ်မှုများဖြင့် ဒီဂျစ်တယ်နည်းပညာ နားလည်တတ်မြောက်မှု တည်ဆောက်ရန်။ အသုံးပြုသူ များအတွက် အခြေခံကျပြီး အကောင်းမွန်ဆုံးသော အလေ့အထများကို မြန်မာကွန်ပျူတာ အရေးပေါ်တုန့် ပြန်ရေးအဖွဲ့ (Myanmar Computer Emergency Respond Team - MCERT) နှင့် ပူးပေါင်းဆောင်ရွက်၍ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရန်။ တစ်စုံတစ်ယောက်မှ အချက်အလက် လုံခြုံရေးအတွက် ကာကွယ်ပေးသော ကိရိယာများ (Encryption tools) အသုံးပြုခြင်းကို ဒုစရိုက်မှုအဖြစ် မသတ်မှတ်ရန်။ အချက်အလက် လုံခြုံရေးအတွက် အကာအကွယ်ယူမှုသည် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ လုံခြုံရေးအတွက်သာမက လူ့အခွင့်အရေးအား ကာကွယ်စောင့်ရှောက်သူများ၏ လုံခြုံရေးအတွက်ပါ မရှိမဖြစ် လိုအပ်ပါသည်။ အချက်အလက် လုံခြုံရေးအတွက် အကာအကွယ်ယူမှုဆိုင်ရာအား ခွဲခြားမှုမရှိဘဲ အားလုံးတားမြစ်ခြင်းနှင့် အမည်မဖော်ဘဲ ဆက်သွယ်ဆောင်ရွက်ခြင်းတို့အား တားမြစ်ခြင်းများသည် လိုအပ်သည့် လုပ်ဆောင်ချက် တစ်ခုမဟုတ်ပါ၊ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ သင့်လျော်သည့် တုန့်ပြန်ခြင်းကို လုပ်ဆောင်ရန်သာ လိုအပ်ပါသည်။ အသုံးပြုသူများ၏ တိုင်ကြားချက်များကို လက်ခံရယူနိုင်ပြီး၊ အချက်အလက်နှင့် ကိုယ်ရေးကိုယ်တာ လုံခြုံရေးအား အကာအကွယ်ပေးရေးကို ကြီးကြပ်နိုင်မည့် အမျိုးသားအချက်အလက်ဆိုင်ရာ အကာအကွယ်ပေးရေး အာဏာ ပိုင်အဖွဲ့အား (National Data Protection Authority) တည်ထောင်နိုင်ရန် စဉ်းစားသင့်ပါသည်။ ၆။ ခေတ်ကာလနှငေ့် လျှာ်ညေီ သာ သတင်းလွတလ် ပ်ခငွ့် ဥပဒေတစ်ခြု ဖင့် လွတလ် ပ်ပငွ လ့် င်းသည့် ဆက် သွယ်ရေးများရှိရေးအတွက် တာဝန်ယူလုပ်ဆောင်လျက် ရှိကြောင်းပြသရန်နှင့် အစိုးရတစ်ဖွဲ့လုံးတွင် အဓိပ္ပာယ်ပြည့်ဝသည့် ပွင့်လင်းမြင်သာသောစနစ်များ တည်ဆောက်ရန်။ အစိုးရသည် ပွင့်လင်းစွာ ပူပေါင်းဆောင်ရွက်သည့် အစိုးရအဖွဲ့ (Open Government Partnership - OGP) တွင် ပါဝင်ခြင်းဖြင့် ကြိုဆိုရမည့်လုပ်ဆောင်မှုမျိုးကို ဆောင်ရွက်ခဲ့သလို၊ နည်းပညာအသုံးပြု အုပ်ချုပ်ရေးလုပ်ငန်းများ (e-Governance) မဟာစီမံကိန်းဖြင့် အစိုးရ၏ အုပ်ချုပ်မှုရေးရာလုပ်ငန်းများကို ခေတ်ကာလနှင့် လျှော်ညီစေရန် လုပ်ဆောင်ခဲ့ပါသည်။ e-Governance လုပ်ဆောင်ချဉ်းကပ်မှုများကို ယုံကြည်မှုရှိစေရန်အတွက် အဆိုပါလုပ်ငန်း ဆောင်ရွက်မှုများထဲ၌ ကိုယ်ရေးကိုယ်တာ အချက်အလက်လုံခြုံမှုဆိုင်ရာ အခွင့်အရေးများကို အကာအကွယ်ပေးသည့် အချက်များအား ထည့်သွင်းရေးသည် အရေးကြီးသည့် လုပ်ဆောင်မှုတစ်ခုဖြစ်လာပြီး၊ ယင်းလုပ်ဆောင်မှုသည် အိုင်စီတီဝန်ဆောင်မှုများနှင့် တီထွင်ဆန်းသစ်မှုများအား အဓိကမောင်းနှင်မည့် အချက်တစ်ခု ဖြစ်လာနိုင်ပါသည်။ (အခန်း ၄.၁ တွင် လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ပိုမိုပြည့်စုံစွာ ဖတ်ရှုနိုင်ပါသည်။) အကောင်အထည်ဖော်ဆောင်ရေးအတွက် အဓိကကျသည့် အချက်များ ပွင့်လင်းမြင်သာမှုရှိရေးသို့ လှမ်းမည့် အခြားသော ခြေလှမ်းများအဖြစ် ခေတ်ကာလနှင့် လျှော်ညီသော လွတ်လပ် စွာ သတင်းယူခြင်းအက်ဥပဒေကို ပြဌာန်းကျင့်သုံးရန် (ဥပမာ ၂ဝ၁၆ တွင် ပွင့်လင်းစွာ ပူပေါင်းဆောင်ရွက်သည့် အစိုးရအဖွဲ့ (OGP) ဝင်ခြင်း၊ သဘာဝသယံဇာတများ တူးဖော်ရေးဆိုင်ရာ လွတ်လပ်ပွင့်လင်းမှု ဖော်ဆောင်ရေး (Extractives Industries Transparency Initiative – EITI) အဖွဲ့ဝင်ဖြစ်ရန် လျှောက်ထားခြင်းနှင့် ပွင့်လင်း မြင်သာသည့် လုပ်ပိုင်ခွင့်များ ချပေးသည့်ဖြစ်စဉ်များ လုပ်ဆောင်ခြင်း)။ အကယ်၍ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ��ပဒေ အား ပြင်ဆင်ဖြည့်စွက်မည်ဆိုလျှင် အစိုးရမှ သိုမှီးထားသည့် သတင်းအချက်အလက်များအား အများပြည်သူမှ ရယူနိုင်ခွင့်အား အခြေခံဥပဒေဖြင့် အာမခံချက်ပေးသည့်အချက်ကို ထည့်သွင်းရေးစွဲရန်။ 16 မြန်မာ့ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း

Select target paragraph3