သည်။ ဖြုတ်ချဖယ်ထုတ်လိုသည့် တောင်းဆိုမှုများသည် စာမျက်နှာတစ်ခုလုံးအား ဖြုတ်ချချင်းမျိုးထက် စာမျက် နှာပါ အကြောင်းအရာရှိ သက်ဆိုင်သောခေါင်းစဉ်နှင့် ယင်း၏ အကြောင်းအရာများကိုသာ ပယ်ဖြုတ်ရန် တောင်း ဆိုသင့်ပါသည်။ ဆက်သွယ်ရေး ကွန်ရက်အား ရပ်ဆိုင်းပိတ်ဆို့မှုကို ခွင့်ပြုထားသည့် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေပါ လုပ်ပိုင် ခွင့်များကို ကန့်သတ်ရန်နှင့် ရှင်းလင်းစွာဖော်ပြရန်။ လုပ်ဆောင်မှုကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လုပ် ဆောင်ရန် အကန့်အသတ်ထားရှိခြင်းနှင့် ရှင်းလင်းပြတ်သားစွာ ချမှတ်ခြင်းတို့ လုပ်ဆောင်ရန်။ တယ်လီဖုန်းဆက် သွယ်ရေးဝန်ဆောင်မှုများ (မိုလ်ဘိုင်းနှင့်/သို့မဟုတ် ကြိုးဖုန်းလိုင်းများ)ကို အသုံးပြုခွင့်အား ရပ်ဆိုင်းခြင်းကို တရားဥပဒေနှင့်အညီ လုပ်ဆောင်ရမှာဖြစ်ပြီး၊ ယင်းကဲ့သို့ လုပ်ဆောင်ခြင်းကို နိုင်ငံတော်လုံခြုံရေးအပေါ် အမှန် တကယ်ပဲ သိသိသာသာ ခြိမ်းခြောက်နေသည့် အခြေအနေမျိုးနှင့် အရေးပေါ်အခြေအနေမျိုးတွင်သာ လုပ် ဆောင်သင့်ပါသည်။ မည်သူက ရပ်ဆိုင်းပိတ်ဆို့ခွင့်အမိန့် ထုတ်ပြန်ခွင့်ရှိသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်းနှင့် ပွင်းလင်းမြင်သာစွာ သိရှိနိုင်ရန် လုပ်ဆောင်ထားရန် လိုအပ်မည်ဖြစ်သည်။ အဆိုပါ ရပ်ဆိုင်းပိတ်ဆို့ မိန့်သည် နယ်မြေ၊ လုပ်ဆောင်မည့်ပမာဏနှင့် လုပ်ဆောင်ချိန်တို့ကို သတ်မှတ်လုပ်ဆောင်ပြီး ကိစ္စများဖြစ်ပြီးချိန်တွင်လည်း ဖြစ်ရပ်များကို အများပြည်သူသိအောင် ထုတ်ပြန်ကြေညာသင့်ပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရပ်ဆိုင်း ပိတ်ဆို့ခြင်းအား မည်သည့် အခြေအနေမျိုးတွင်မှ ခွင့်မပြုသင့်ပါ။ ရွေးကောက်ပွဲများ နီးကပ်လာသည့် ကာလများတွင် ဆက်သွယ်ရေး ကွန်ရက်အား ရပ်ဆိုင်းပိတ်ဆို့ခြင်းကို လုပ် ကိုင်မည် မဟုတ်ကြောင်း ကတိကဝတ်ပြုရန်။ ထိုသို့ ရပ်ဆိုင်းပိတ်ဆို့မည့်အစား အရေးပေါ်အခြေအနေ ဖြစ်ပေါ် လာနိုင်မှုများကို ကြိုတင်တွက်ချက်တားမြစ်နိုင်သည့် အစီအစဉ်များ ချမှတ်ထားသင့်ပါသည်။ ဥပမာ အမုန်းစကား များနှင့် အကြမ်းဖက်မှုများဖြစ်ပေါ်စေသည့် သတင်းစကားဖြန့်ဖြူးမှုများအား သင့်လျှော်သည့် ကန့်သတ်မှုများ လုပ်ဆောင်ခြင်း။ နိုင်ငံတကာ စံချိန်စံညွန်းများနှင့်အညီ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံရေးအတွက် အကာအကွယ် ပေးသည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ရန်။ ဖုန်းငွေကြေး ဝန်ဆောင်မှုများနှင့် အခြားအွန်လိုင်းဝန်ဆောင်မှုများကို လုပ်ပိုင်ခွင့် လိုင်စင်ရထားသည့် လုပ်ငန်းများ အတွက် ရှင်းလင်းသော အချက်အလက် ကာကွယ်ပေးခြင်းနှင့် လုံခြုံရေးဆိုင်ရာ စံချိန်စံညွန်းများ ချမှတ်ပေးရန်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အခွင့်အရေးအပေါ် ခြိမ်းခြောက်လာနိုင်သည့် အလားအလာရှိရာ ဆင်းကတ် (SIM card) ဝယ်ယူရာတွင် မဖြစ်မနေမှတ်ပုံတင်ပြီးမှ ဝယ်ယူရမည်ဆိုသော စည်းကမ်းအစား အခြားနည်းလမ်းများ ကို စဉ်းစားရန်။ ဥပဒေနှင့်အညီ သတင်းအချက်အလက် ကြားဖြတ်ရယူခွင့်ကို အသုံးပြုခြင်း၊ ဆက်သွယ်ပြောဆိုသည့် အချက် အလက်များကို ရယူခြင်း၊ အင်တာနက် စာမျက်နှာများ၌ ပါဝင်သော တချို့အချက်အလက်များကို ဖယ်ရှားစေခြင်း၊ သို့မဟုတ် ပိတ်ဆို့ခြင်း၊ သို့မဟုတ် ကွန်ရက်အား ရပ်ဆိုင်းပိတ်ပစ်စေခြင်းတို့ကို မြန်မာအစိုးရမှ တောင်းဆိုသည့် အခါ တောင်းဆိုသည့် အကြိမ်အရေအတွက်၊ တောင်းဆိုသည့် အကြောင်းရင်းနှင့် အကြောင်းအရာစသည်တို့ကို ကုမ္ပဏီများမှ အများပြည်သူသိရှိအောင် သတင်းထုတ်ပြန်ခြင်းများကို တားဆီးမှုများ မပြုလုပ်ရန်။ အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ 11

Select target paragraph3