အကြံပြုတင်ပြချက်များ
အောက်ဖော်ပြပါ အကြံပြုတင်ပြချက်များသည် ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မှု
အခြေခံမူများအောက်တွင် အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ လိုက်နာရမည့် အချက်များကို အခြေခံရေးသားထားခြင်း
ဖြစ်ပါသည်။ အစိုးရသည် လူ့အခွင့်အရေးများကို ကာကွယ်ပေးရန် တာဝန်ရှိသလို၊ အိုင်စီတီနှင့်ဆက်စပ်သော ပြည်
တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများသည်လည်း လူ့အခွင့်အရေးများကို လေးစားလိုက်နာရန် တာဝန်ရှိပါသည်။ ကုလ
သမဂ္ဂ၏လမ်းညွန်မှု အခြေခံမူများမှ ထုတ်နှုတ်ထားသည့်အဓိကအချက်များကို သိသာထင်ရှားစေရန် သက်ဆိုင်ရာ
ခေါင်းစဉ်အလိုက် ဇယားထဲတွင်ထည့်ပြီး အောက်တွင်ဖော်ပြထားပါသည်။ ထို့အပြင် အိုင်စီတီကဏ္ဍအတွက် နိုင်ငံ
တကာဆိုင်ရာ လူ့အခွင့်အရေးလမ်းညွန်ချက်ကို ဥရောပကော်မရှင်၏ “ICT Sector Guide on Implemeting UN
Guiding Principles on Business and Human Rights” (2013) တွင် ရယူဖတ်ရှုနိုင်ပါသည်။
နိုင်ငံတော် အစိုးရသို့ အကြံပြုချက်များ
၁။ လံေ
ု လာက္သည့္ အကာအကြယေ
် ပးမှုများနှငအ
့် တူ
အိင
ု စ
် တ
ီ က
ီ ကဏ္ဍအတွက်
အကြောင်းအကျိုး
ဆီလျော်မှုရှိသည့် မူဝါဒဘောင်တစ်ရပ် တည်ဆောက်ရန်။
ကုလသမဂ္ဂ၏ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်အခြေခံမူများ - အစိုးရမှ ကာကွယ်
စောင့်ရှောက်ပေးရမည့် တာဝန်
၁။
နိုင်ငံများသည် ယင်းတို့၏ ပိုင်နက်နယ်မြေအတွင်းနှင့်/သို့မဟုတ် တရားစီရင်ပိုင်ခွင့် နယ်ပယ်အတွင်း၌ စီးပွားရေး လုပ်ငန်း
များအပါအဝင် အခြားသော တတိယအဖွဲ့အစည်းတစ်ခုက ကျူးလွန်လာသည့် လူ့အခွင့်အရေး ချိ��းဖောက်မှုများမှ အကာ
အကွယ်ပေးရမည်။ ယင်းသို့ အကာအကွယ်ပေးရာတွင် ထိရောက်မှုရှိသော မူဝါဒများ၊ ဥပဒေများ စည်းမျဉ်း စည်းကမ်းများကို
ချမှတ်ခြင်း၊ တရားစီရင်မှုများပြုလုပ်ခြင်းတို့ဖြင့် ဤကဲ့သို့သော ချိုးဖောက်မှုများကို ဟန့်တားရန်၊ စုံစမ်းစစ်ဆေးရန်၊ အပြစ်
ပေးရန်နှင့် ဖြေရှင်းဆောင်ရွက်ပေးရန်တို့အတွက် သင့်လျှော်မှုရှိသော လုပ်ငန်းအဆင့်ဆင့်တို့ကို ဆောင်ရွက်ရန် လိုအပ်ပါ
သည်။
၂။
နိုင်ငံများအနေနှင့် မိမိတို့၏ နယ်နမိတ်အတွင်း အခြေကျ လုပ်ကိုင်ဆောင်ရွက်နေကြသောနှင့်/သို့မဟုတ် မိမိတို့၏ တရား
စီရင်ပိုင်ခွင့် နယ်ပယ်အတွင်းရှိနေသော စီးပွားရေးလုပ်ငန်းများ အားလုံးသည် ၄င်းတို့၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု
တစ်လျှောက်လုံး၌ လူ့အခွင့်အရေးများကို လေးစားလိုက်နာမှုရှိရေးဆိုသည့် နိုင်ငံ၏ မျှော်လင့်ချက်ကို ရှင်းရှင်းလင်းလင်း
ချမှတ်ဆောင်ရွက်သင့်ပါသည်။
အစိုးရသည် နည်းပညာများကို လွယ်လင့်တကူရယူနိုင်ရေး နိုင်ငံသားများအား ပံ့ပိုးပေးခြင်း၏ အရေးပါပုံကို လက်ခံပြီး
ဖြစ်သလို၊ ဖွံ့ဖြိုးရေးအတွက် “လူထုဗဟိုပြု”သည့် နည်းလမ်းကိုလည်း ကတိပြုကျင့်သုံးလျက်ရှိသည်။ မြန်မာ့လူ့ဘောင်
အတွက် အိုင်စီတီကဏ္ဍ၏ အနာဂါတ်အလားအလာကောင်းများ သိရှိနားလည်စေရန် လူထုအကျိုးစီးပွားနှင့် အခွင့်
အရေးများကို အကာအကွယ်ပေးပြီး တစ်ဆက်တည်းတွင်လည်း အိုင်စီတီ၏ဝန်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့်တိုး
တက်ဖြစ်ထွန်းရေးကို တွန်းအားပေးမည့် ဟန်ချက်ညီညီ ချဉ်းကပ်လုပ်ဆောင်မှုတစ်ရပ် လိုအပ်မည်ဖြစ်သည်။ (အခန်း
၂ တွင် အိုင်စီတီ အစိုးရအဖွဲ့အစည်းများ၊ မူဝါဒများနှင့် ဥပဒေရေးရာမူဘောင်များကို ပိုမိုပြည့်စုံစွာ သိရှိနိုင်ရန် ဖတ်ရှု
နိုင်ပါသည်။)
8
မြန်မာ့ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း