လွယ်ကူစေရန်အတွက် ယူနီကုတ်စနစ် စံသတ်မှတ်ခြင်းများနှင့် ဒေသသုံးဘာသာစကားများ ထည့်သွင်းနိုင်ရေး
သည် အရေးကြီးသော အချက်ဖြစ်ပါသည်။ သို့မှသာ ကောင်းမွန်သော နည်းပညာတိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ
ချိတ်ဆက်နိုင်မှုမှ လူမှု့ဖွံ့ဖြိုးတိုးတက်ရေး အကျိုးကျေးဇူးများကို နိုင်ငံတစ်ဝန်း ရရှိခံစားနိုင်စေမှာ ဖြစ်ပါသည်။
အွန်လိုင်းရှိ “ဒီဂျစ်တယ် အန္တရာယ်များ“ - ခေတ်သစ် နည်းပညာများနှင့် အင်တာနက် ပို၍ ကျယ်ကျယ်ပြန့်ပြန့်
အသုံးပြုလာနိုင်ခြင်းသည် ကောင်းမွန်သည့် အကျိုးကျေးဇူးများနှင့်အတူ စိုးရိမ်စရာများနှင့် ဒီဂျစ်တယ် အန ရ
္တာယ်
များကိုပါ
သယ်ဆောင်လာသည်ကို တွေ့ရှိရပါသည်။ ယင်းအန္တရာယ်များတွင် ကိုယ်ရေးကိုယ်တာ အချက်
အလက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ နည်းမျိုးစုံဖြင့် ဖြစ်ပွားနိုင်သော ဆိုက်ဘာမှုခင်းများ - ဥပမာ ကလေးငယ်
များအား လိင်မှုဆိုင်ရာ စော်ကားသည့်ပုံများ၊ တစ်ပါးသူကို နစ်နာစေလိုသောဆန္ဒဖြင့် ညစ်ညမ်းဗီဒီယိုများ
ရိုက်ကူးဖြန့်ဝေခြင်း - ဆိုက်ဘာ အနိုင်ကျင့်မှုများ၊ နှောင့်ယှက်ခြင်းနှင့် “အမုန်းစကား ပြောဆိုခြင်း“တို့ ပါဝင်ပါ
သည်။ အခြားသော ဒီဂျစ်တယ်အန္တရာယ်များတွင် အစိုးရ၏ အမိန့်ဖြင့် မိုဘိုင်းလ်ဆက်သွယ်ရေးနှင့် အင်တာနက်
ကွန်ရက်များကို ဖြတ်တောက်ခြင်းနှင့် တချို့သော အင်တာနက်စာမျက်နှာများကို တားဆီးပိတ်ဆို့ခြင်းများပါဝင်
သည်။ အဆိုပါ ကိစ္စရပ်များကို ကုမ္ပဏီများ၊ အစိုးရနှင့် သတင်းမီဒီယာများမှ ပြည်သူလူထုအား အသိပညာပေးရန်
လိုအပ်ပါသည်။ အဆိုပါ အဖွဲ့အစည်းများသည် အင်တာနက်ကိုအသုံးပြုရာတွင် လုံခြုံသော အပြုအမှုများ (ဥပမာ
မိမိတို့၏ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို ခိုးယူခြင်းမှ ကာကွယ်နိုင်သည့် စနစ်များ အသုံး
ပြုခြင်း (သို့) ကိုယ်ရေးအချက်အလက်များကို အင်တာနက်တွင် ဖော်ပြခြင်း (သို့) အီးမေးလ်ဖြင့် ပို့ခြင်းတို့ကို
မပြုလုပ်ခြင်း) ကို လူအများ သိရှိသတိထားမိစေရေး လုပ်ဆောင်သင့်ပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် ဆော့ဖ်ဝဲ
နှင့် App အသုံးပြုခြင်းဆိုင်ရာသဘောတူညီမှုများ၊ သတင်းဆောင်းပါးများနှင့် အခြားနည်းလမ်းများအပါအဝင်
ဆက်သွယ်ရေးနည်းလမ်းအမျိုးမျိုးကို မြန်မာဘာသာ စကားအပါအဝင် အခြားတိုင်းရင်းသား ဘာသာစကားများ
ဖြင့် ရရှိအောင် ဆောင်ရွက်ခြင်းဖြင့် လူအများ သိရှိလာအောင် လုပ်ဆောင်နိုင်ပါသည်။
လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ - ဆက်သွယ်ရေးတာဝါတိုင်များ ဆောက်လုပ်ရန် မြေယာအသုံးပြုခွင့် ရရှိရေး
အတွက် ကြုံတွေ့ရသည့် ရှုပ်ထွေးသော မြေယာဆိုင်ရာဥပဒေများနှင့် လုပ်ငန်းအဆင့်များသည် နိုင်ငံအနှံ့
ဆက်သွယ်ရေးကွန်ရက်များ တပ်ဆင်ရာတွင် အစိုးရအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၊ လုပ်ငန်းရှင်များနှင့်
တစ်ဆင့်ခံ ဆောက်လုပ်ရေး လုပ်ဆောင်သူများအတွက် တွေ့ကြုံရသည့် ပြဿနာများစွာထဲမှ တစ်ခုဖြစ်ပါသည်။
အကြိမ်ကြိမ်ပြောင်းလဲနေသော အလုပ်သမားဆိုင်ရာဥပဒေများနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ သိနား
လည်မှု အားနည်းခြင်းများသည် အလုပ်သမားများနှင့် အချို့သော အလုပ်ရှင်များကပါ အခြေခံအကျဆုံးသော
အလုပ်သမားအခွင့်အရေး အကာအကွယ်ပေးမှုများအကြောင်းကိုပင် ကောင်းမွန်စွာ သိရှိခြင်းမရှိသည်ကို တွေ့ရ
ပါသည်။ အခြားနိုင်ငံများတွင် ယင်းလုပ်ငန်းများကို ကုန်သွယ်ရေးသမဂ္ဂများမှ ဖြည့်ဆည်းလုပ်ဆောင်ပေးသော်
လည်း မြန်မာနိုင်ငံတွင်မူ လွတ်လပ်သောသမဂ္ဂများသည် နှစ်ပေါင်းများစွာ တားမြစ်ပိတ်ပင်ခံရသည့် အခြေအနေ
မှ လွတ်မြောက်ထွက်ပေါ်လာခါစ ဖြစ်သောကြောင့် အဆိုပါကိစ္စရပ���များအတွက် အတွေ့အကြုံ နုနယ်နေ
သေးသည်ကို တွေ့ရှိရသည်။ ယခင်စစ်အစိုးရမှ ပြုလုပ်လေ့ရှိသော အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်းမျိုးကို ယခု
အခါ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင်သာ တွေ့ရှိရသည်။ သို့သော် အတင်းအဓမ္မခိုင်းစေမှု ပုံစံ
အသစ်မျိုး ပုဂ္ဂလိကကဏ္ဍတွင် ပေါ်ထွက်လာနေသည်ကို တွေ့ရှိရသည်။ သုတေသနလုပ်ရာတွင် တွေ့ရှိရသည့်
ဥပမာတစ်ခုတွင် အလုပ်နှင့်သက်ဆိုင်သော တင်ရှိနေသည့် ကြွေးမြီများကို ငွေရှင်စီးပွားရေးသမားများထံတွင်
အလုပ် လုပ်ပေးခြင်းဖြင့် ပေးဆပ်ခိုင်းခြင်းများကို တွေ့ရပါသည်။ လုပ်ငန်းဆိုင်ရာ လုပ်ပိုင်ခွင့် ခွင့်ပြုမိန့်ရရှိရေးတွင်
လာဘ်ပေးလာဘ်ယူမှုများ ရှိနေခြင်းသည်လည်း ကွန်ရက်တပ်ဆင်မှုလုပ်ငန်းများတွင် ကြုံတွေ့ရသည့် အခက်
အခဲတစ်ရပ် ဖြစ်ပါသည်။
လူမှုအသိုက်အဝန်းတွင် မြင်သာသည့် ခွဲခြားခံရမှုများအား ဖြေရှင်းခြင်း (သို့) ပို၍ဆိုးဝါးလာစေခြင်း - အိုင်စီတီ
အသုံးပြုမှုများသည် ကလေးသူငယ်များ ကဲ့သို့သော ထိခိုက်လွယ်သည့် အစုအဖွဲ့များ၏ အခွင့်အရေးအပေါ်
ကောင်းကျိုး၊ ဆိုးကျိုးနှစ်ခုစလုံး အကျိုးသက်ရောက်နိုင်စွမ်း ရှိသည်။ အိုင်စီတီထွန်းကားမှုကြောင့် အချို့ခွဲခြား
ဆက်ဆံခံရမှုကိစ္စများတွင်
ဆက်ဆံမှုများနှင့်
6
တဖြည်းဖြည်းဖြင့် တိုးတက်ကောင်းမွန်လာသော်လည်း ဘာသာရေးဆိုင်ရာ ခွဲခြား
ယင်းတို့နှင့်
ဆက်စပ်ဖြစ်ပေါ်သည့်
မကြာသေးသည့်ကာလများတွင်
မြန်မာ့ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း
တွေ့ကြုံခဲ့ရသော