အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီနှင့် ယူကေအစိုးရ ဆက်သွယ်ရေးရုံးချုပ်တို့၏ စောင့်ကြည့်မှုလုပ်ငန်းများ
နှင့်ပတ်သက်၍ Edward Snowden ဆီမှ ထွက်ပေါ်လာသည့် လုံခြုံရေးပေါက်ကြားမှုများအရ အစိုးရများမှ
အမြောက်အများစောင့်ကြည့်မှုများ “mass surveillance” အပေါ် လူအများပို၍ အာရုံစိုက်လာကြသည်။ မတူညီ
သည့် တရားစီရင်ရေးစနစ်များတွင် အမြောက်အများ စောင့်ကြည့်မှုများ “mass surveillance” အပေါ်
သက်ရောက်သည့်အဓိပ္ပာယ်နှင့် ပတ်သက်၍ နိုင်ငံတကာသဘောတူညီမှု မရှိပေ။ သို့သော် ကုလသမဂ္ဂအဆင့်
တွင်မူ ကိစ္စရပ်တစ်ခုခြင်းစီအလိုက် လက်ခံနိုင်ဖွယ် အကြောင်းပြချက် လိုအပ်သည်ဖြစ်ရာ လွတ်လပ်မှုကို
ကာကွယ်မှုပေးရမည့် အဓိကခံယူချက်နှင့်ဆန့်ကျင်ကာ အခြေအနေနှင့် အကြောင်းအရာ မခွဲခြားဘဲ ကျယ်ကျယ်
ပြန့်ပြ���့် ဆက်သွယ်ရေးလုပ်ငန်းများအား စောင့်ကြည့်မှုများလုပ်ဆောင်ခြင်းပေါ် လွန်စွာစိုးရိမ်မှုရှိသည်။
နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားများသည် နိုင်ငံသားမဟုတ်သူများထက် ယင်းသို့ ကာကွယ်မှုမျိုးပို၍ ခံစားခွင့်ရှိသည်ဆို
သည့်အချက်သည် လက်ရှိ ငြင်းခုန်လျက်ရှိသည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ International Covenant on Civil
and Political Rights (ICCPR) အဖွဲ့၏ သတ်မှတ်ချက်အရ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်း ခွဲခြားမှုမျိုးမရှိဘဲ
ကာကွယ်မှုမျိုး ရရှိရမည်ဟုဆိုသည်။
နိုင်ငံနယ်နိမိတ်ကျော်လွန် စောင့်ကြည့်မှုမျိုးနှင့် နိုင်ငံခြားတရားရေး အာဏာအတွင်းတွင် ဆက်သွယ်ရေးလိုင်းများ
အား ကြားဖြတ်နားထောင်ခြင်းများကို ခွင့်ပြုသည့် ဥပဒေများသည် ပြဿနာရှိနိုင်သည်။ အကြောင်းမူကား ဥပမာ
အားဖြင့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေဖြင့် ၄င်းသည် စောင့်ကြည့်မှုခံရခြင်း ရှိ၊ မရှိ သိရှိရန် မလွယ်ကူပေ။
သို့ဖြစ်ရာ မှန်ကန်မှုရရှိအောင် ဆောင်ရွက်ရန် မဖြစ်နိုင်ပေ။
အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ
45