လူ့အခွင့်အရေးအလေးထားမှုကို အခြေခံကာ တောင်းခံမှုများပြုလုပ်ရန်နှင့် အခွင့်အရေးများ ကိုထည့်သွင်းစဉ်းစား ရန် ၄င်းတို့တွင် တာဝန်ရှိသည်ကို နားလည်စေရန် စောင့်ကြည့်ခွင့် တောင်းခံနိုင်သည့် အခွင့်အာဏာပေးထားသည့် အဖွဲ့အစည်းတိုင်းအား ကြိုတင်လေ့ကျင့် သင်ကြားမှုများ ဆောင်ရွက်ပေးသင့်သည်။ ယင်းကိစ္စရပ်များတွင် ပါဝင် သည့် တရားသူကြီးများအားလည်း ကြိုတင်လေ့ကျင့်သင်ကြားမှုများ လုပ်ဆောင်ပေးရန် လိုအပ်မည်ဖြစ်သည်။ ဥပဒေမူဘောင်နှင့်အတူ ဥပဒေကို လက်တွေ့တွင် မည်သို့လုပ်ကိုင်မည်ကို အသေးစိတ် ဖော်ပြပါရှိသည့် လက် တွေ့တွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ (code of practice) ချမှတ်သင့်သည်။ ဥပဒေတစ်ခုထက်ပိုရှိသည့် အနေအထားတွင် (ဥပမာအားဖြင့် ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံတော်လုံခြုံရေး ဥပဒေ၊ မူယစ်တားဆီး ကာကွယ်ရေးဥပဒေ၊ ဆိုက်ဘာလုံခြုံရေးဥပဒေ စသည့်ဖြင့်) လူအခွင့်အရေးကို ကာကွယ်ပေးသည့် အချက်လက်များသည် တစ်ခုနှင့်တစ်ခု ကိုက်ညီမှုရှိရမည်ဖြစ်ပြီး၊ မည်သည့်အခြေအနေတွင် မည့်သည်ဥပဒေကို ဦးစားပေး ကျင့်သုံးရမည်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ဆောင်ရွက်သင့်သည်။ ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးနေသည့် ကုမ္ပဏီများ၏ အခန်းကဏ္ဍ တရားရေးအရ စောင့်ကြပ်ကြည့်ရှုမှု မခံရဘဲ တိုက်ရိုက်စောင့်ကြည့်မှုမျိုး လုပ်ဆောင်နိုင်ရန် ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူများအား ၄င်းတို့၏ ဆက်သွယ်ရေးကိရိယာအခြေခံ အဆောက်အအုံများအား ပြောင်းလဲပြုပြင် ခိုင်းခြင်းမျိုး မရှိသင့်ပေ။ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူများအား အချက်အလက်၊ သို့မဟုတ် ဆက်သွယ်ရေး လမ်းကြောင်းများအား ဝင် ရောက်ရယူရန် တောင်းဆိုမှုတိုင်းသည် စာဖြင့် ရေးသားတောင်းဆိုရမည် ဖြစ်သည်။ ထို့အတူ တောင်းဆိုသည့် အစိုးရအဖွဲ့အစည်း အမည်၊ တောင်းဆိုသူ နာမည်၊ ရာထူး၊ ခွင့်ပြုလက်မှတ်တို့ အပါအဝင် တောင်းဆိုမှုတိုင်းအတွက် ဥပဒေကြောင်းအရလိုအပ်မှု ရှင်းလင်းချက်တစ်ပါတည်း ပါရှိရမည်ဖြစ်သည်။ တောင်းဆိုမှုကို စာဖြင့်ရေးသား တောင်းဆိုရန် ပို၍နှစ်သက်သော်လည်း ဥပေဒအားဖြင့်ခွင့်ပြုသည့် အချို့ခြွင်းချက်များ ရှိနိုင်သည်ကို လက်ခံပါ သည်။ ဥပမာအားဖြင့် အရေးပေါ်အခြေအနေ၊ အသက်အန္တရာယ် ချက်ချင်းကျရောက်လာနိုင်သည့် အခြေအနေ စသည်တို့တွင် စာဖြင့် ရှင်းလင်းချက် မလုပ်နိုင်ခင် နှုတ်ဖြင့် ခွင့်ပြုချက်ရယူခြင်းမျိုးကို လက်ခံပါသည်။ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသူများသည် တောင်းဆိုမှုအခေါ် ရှင်းလင်းချက် တောင်းဆိုပိုင်ခွင့်နှင့် တောင်းဆိုမှု များသည် ပြည်တွင်းဥပဒေစည်းမျဉ်းစည်းကမ်းများ (နိုင်ငံတကာက လက်ခံသည့် လူ့အခွင့်အရေး ကာကွယ်မှုများ နှင့် ကိုက်ညီမှုရှိရမည်)နှင့် ကိုက်ညီမှုမရှိဟု ထင်မြင်ပါက ပြင်ဆင်ဖြည့်စွက်ပေးရန် တောင်းဆိုပိုင်ခွင့်ရှိရမည် ဖြစ် သည်။ ကြားဖြတ်နားထောင်နိုင်ခြင်းအပေါ် လက်ရှိနိုင်ငံတကာနှင့် ပြည်တွင်းတွင် ငြင်းခုန်နေကြသည့် ကဏ္ဍများ နိုင်ငံအများအပြားတွင် ဆက်သွယ်ရေး သတင်းအချက်လက်များ (communications data) ရယူရန် လိုအပ် သည့် ခွင့်ပြုမိန့်အဆင့်နှင့် နှိုင်းယှဉ်ပါက ဆက်သွယ်ရေးအကြောင်းအရာ (communications content) ရယူရန် အမြင့်ဆုံးအဆင့် ခွင့်ပြုမိန့်လိုအပ်သည်။ ဆက်သွယ်ရေး သတင်းအချက်လက်များသည် သာမန်တယ်လီဖုန်း ခေါ်ဆိုမှုနှင့် မိုဘိုင်းတည်နေရာပြဆိုသည့် အချက်အလက်များထက် လူတစ်ယောက်၏ ပုဂ္ဂိုလ်ရေးကိစ္စရပ်များနင့် ပတ်သက်သည့် အချက်အလက်များက ပို၍ပေးနိုင်သည်။ သို့ဖြစ်ရာ ဆက်သွယ်ရေး သတင်းအချက်အလက် များအား ကာကွယမ် အှု ဆင်န့  မှိ ထ့်ားခြင်း၏ သင်ေ့  တ်ာမအှု ပေါ် ငြင်းခုနြ် ကဆဲဖြစ်သည်။ အချို့နိငု င် မျာံးအနေဖြင့် ဆက်သယွေ် ရး သတင်းအချက်လက်များ (communications data) နှင့် ဆက်သွယ်ရေးအကြောင်းအရာ (communications content) အပြင် တတိယအချက်အလက် အုပ်စုထားရှိသင့်ကြောင့် အကြံပြုကြသည်။ အဆိုပြု သည့် တတိယအုပ်စုသည် ဝင်ရောက်ကြည့်ရှုသည့် ဝက်ဆိုဒ်လိပ်စာ၊ စမတ်ဖုန်း အသုံးပြုသူ၏ ရောက်ရှိနေရာ စသည့် ပိုပြီး သတိထားရသည့် အချက်အလက်များကို ပို၍ လုံခြုံမှုရရှိရန် ကာကွယ်ပေးနိုင်သည်။ 44 မြန်မာ့ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း

Select target paragraph3