ပွင့်လင်းမြင်သာမှုရှိခြင်း ဆက်သွယ်ရေးလုပ်ငန်းများကို စောင့်ကြည့်ခွင့်ပြုသည့် ဥပဒေမူဘောင်များအား အများပြည်သူ ရယူကြည့်ရှုနိုင်ရန် ထားရှိပေးရမည် ဖြစ်သည်။ ထို့အပြင် ဖြစ်နိုင်သည့် စောင့်ကြည့်မှု၏ သဘောသဘာဝ၊ စောင့်ကြည့်သည့် အကြောင်းအရာနှင့် သတ်မှတ်ခွင့်ပြုချိန်၊ စောင့်ကြည့်မှုကို ခွင့်ပြုရန်ကိုက်ညီသည့် လိုအပ်ချက်များနှင့် ခွင့်ပြုချက် ထုတ်ပေးမည့် အဖွဲ့အစည်း၊ စောင့်ကြည့်မှုကို လုပ်ဆောင်မည့်အဖွဲ့အစည်းနှင့် စောင့်ကြည့်မှုကို စောင့်ကြပ် ကြည့်ရှုမည့် အဖွဲ့အစည်းတို့ကို အဆိုပါဥပဒေမူဘောင်က သတ်မှတ်ပေးရမည်ဖြစ်သည်။ နယ်ကြားဖြတ်ကျော် အစိုးရအချင်းချင်း သတင်းဖလှယ်ရသည့် အခြေအနေမျိုးဖြစ်လျှင်ပင် မသင့်လျော်သည့် စောင့်ကြည့်မှုမျိုးခံရသည့် ပုဂ္ဂိုလ်များအနေဖြင့် ဖြေရှင်းချက် တောင်းခံနိုင်သည့်နည်းလမ်းကို သိရှိရန် ရှင်းလင်းဖော်ပြရမည်ဖြစ်သည်။ ဖြစ်နိုင်သမျှ စောင့်ကြည့်မှုပုံစံတိုင်းအတွက် ရှင်းလင်းချက်ထားရှိသင့်သည့်။ အဆိုပါအချက်နှင့် ဆက်စပ်၍ နိုင်ငံ တကာနှင့် နိုင်ငံတွင်းငြင်းခုန်မှုများတွင် ကြုံတွေ့နေရသည့် လက်ရှိဖြစ်ပေါ်နေသည့် အကြောင်းအရာအချို့ကို အောက်တွင် ဖော်ပြထားပါသည်။ ဥပဒေတွင် ထည့်သွင်းဖော်ပြထားသည့် စောင့်ကြည့်မှုများနှင့်ပတ်သက်၍ အများပြည်သူ ရယူနိုင်သည့် သတင်း အချက်အလက်များသည် အများနားလည်စေရန်အလို့ငှာနှင့် ဥပဒေက ၄င်းတို့အား မည်သို့သက်ရောက်နိုင်မည်ကို ကြိုတင်သိရှိနိုင်ကြစေရန် လုံလုံလောက်လောက် ရှင်းလင်း၊ တိကျရမည်ဖြစ်သည်။ အစိုးရတာဝန်ခံမှုကို မြှင့်တင်ပေးရန် အစိုးရသည် အနိမ့်အဆုံးအနေဖြင့် ၄င်းတို့ တစ်နှစ်တာတောင်းခံခဲ့သည့် စောင့်ကြည့်မှု စုစုပေါင်းအရေအတွက်၊ တောင်းခံမှုကိုခွင့်ပြုသည့် အရေအတွက်နှင့် တောင်းခံမှုကိုပယ်ချခံရသ ည့်အရေအတွက်တို့နှင့်အတူ သတ်မှတ်ဥပဒေကြောင်းများဖြင့် ရယူခဲ့သည့် သတင်းအချက်အလက်များ၊ ခွင့်ပြုမိန့် အာဏာအသုံးပြုမှုတို့ အပါအဝင် ဥပမာအားဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများထံ သတင်းအချက်အလက် တောင်းခံခဲ့သည့် အရေအတွက်၊ ဖုန်းများကို ကြားဖြတ်နားထောင်ခဲ့သည့်အကြိမ်ရေ စသည်တို့ကို နှစ်စဉ် ထုတ် ပြန်သင့်သည်။ ဥပဒေနှင့်အညီ ကြားဖြတ်နားထောင်မှုများကို ပြန်လည်သုံးသပ်ရန် စည်းကမ်းသတ်မှတ်ထားရှိခြင်း လျင်လျင်မြန်မြန် ဖြစ်ထွန်းလာသည့် နည်းပညာဖွံ့ဖြိုးနှုန်းနှင့်အတူ ဆက်သွယ်ရေးစောင့်ကြည့်မှုက အခွင့်အရေး များအပေါ် သက်ရောက်မှု ဖြစ်နိုင်ခြေသည်လည်း ပို၍တိုးလာသည်ဖြစ်ရာ အခွင့်အရေးများကို ထိပါးမှုမရှိစေရေး စည်းမျဉ်းဥပဒေမူဘောင်များကို အခါအားလျော်စွာ ပြန်လည်သုံးသပ်နိုင်ရေးအတွက် စည်းကမ်း သတ်မှတ်ထားရှိ ရန် အရေးကြီးပါသည်။ ဥပဒေမူဘောင်များကို ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အခြားအချက်များ။ စည်းကမ်း၊ ဥပဒေနှင့်ကျင့်သုံးမှုများအကြား ကိုက်ညီမှုရှိခြင်း - ဥပဒေကို လက်တွေ့တွင် ကျင့်��ုံးလိုက်နာစေရေး ဆောင်ရွက်ခြင်း။ ကြားဖြတ်နားထောင်ခြင်းနှင့် စောင့်ကြည့်ခြင်းများအတွက် ဥပဒေဘောင်အဖြစ် သတ်မှတ်သည့် စည်းမျဉ်းဥပဒေ များတွင် လူ့အခွင့်အရေး စည်းမျဉ်းစည်းကမ်းများကို ထည့်သွင်းရုံသက်သက်ဖြင့် လုံလောက်မှုမရှိပေ။ ကြားဖြတ်နားထောင်ခြင်းကို တောင်းဆိုသည့် အဖွဲ့အစည်းများသည် ၄င်းတို့၏ တောင်းဆိုမှုများတွင် လူ့အခွင့် အရေးအလေးထားမှုကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သင့်လျော်သည့် ပမာဏဖြစ်စေရန် အခွင့်အရေးများကို ထိခိုက်မှုဖြစ်နိုင်သမျှ အနည်းဆုံး နည်းလမ်းမျိုးကို ထည့်သွင်းစဉ်းစားသင့်သည်။ အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ 43

Select target paragraph3