စောင့်ကြည့်မှုကိုခွင့်ပြုသည့် လုပ်ငန်းစဉ်အတွင်း တောင်းခံသည့်ခွင့်ပြုချက်၏ လူ့အခွင့်အရေးအပေါ် သက်ရောက်
မှုနှင့်ပတ်သက်၍ သင့်တော်သည့် ထည့်သွင်းစဉ်းစားမှုများ ပါဝင်သည်ကို သေချာစေရန်အလို့ငှာ ဂရုတစိုက်
ဆင်ခြင် သုံးသပ်ရန်တာဝန်ကို ဥပမာအားဖြင့် လွတ်လပ်ပြီး သမမျှတသည့် လူ့အခွင့်ရေးရာ ကျွမ်းကျင်သူကဲ့သို့
တရားရုံးချုပ် ရှေ့နေ (a confidential public interest advocate) တစ်ဦးအား အပ်နှင်းသင့်ပါသည်။ ထိပ်တန်း
လျှို့ဝှက်လပ
ု ေ
် ဆာင်ရန် လိအ
ု ပ်သည့် နိင
ု င
်ေ
ံ တ်ာလြုံ ခုံရေးနှင့် ဆက်စပ်ေ
် နသည့် ကိစရ
္စ ပ်များအတွက် ပေးအပ်သည့်
ခွငြ့် ပုချက် များတွင် ယင်းအချက်သည် အထူးသဖြင့် အရေးကြီးပါသည်။
နိုင်ငံတော်သည် အဆိုပါစောင့်ကြည့်မှုများကို တရားနည်းလမ်းတကျ ဆောင်ရွက်ချင်း ရှိ၊ မရှိ အကဲဖြတ်ရန်အလို့ငှာ
စောင့်ကြပ်ကြည့်ရှုရန် တာဝန်ပေးအပ်ထားသည့် အဖွဲ့အစည်းသည် သက်ဆိုင်ရာ သတင်းအချက်အလက်များကို
ရယူကြည့်ရှုပိုင်ခွင့် ရှိရမည်ဖြစ်သည်။ သတင်းအချက်အလက်ဆိုရာတွင် ကန့်သတ်နှင့် လျှို့ဝှက်သတင်းအချက်
အလက်များ ပါဝင်သည်။ ကြားခံအဖွဲ့အစည်းများအနေဖြင့် သတင်းအချက်အလက်များကို အဆိုပါစောင့်ကြပ်
ကြည့်ရှုသည့် အဖွဲ့အစည်းသို့ ပေးပိုင်ခွင့်ရှိရမည်ဖြစ်သည်။ ဥပမာအားဖြင့် ဆက်စပ်မှုရှိပါက ကုမ္ပဏီများမှ ပေးပို့
နိုင်ခြင်း။
စောင့်ကြပ်ကြည့်ရှုရန် တာဝန်ပေးအပ်ထားသည့် အဖွဲ့အစည်းသည် စောင့်ကြပ်ကြည့်ရှုမှုကို ထိထိရောက်ရောက်
လုပ်ကိုင်နိုင်ရန် ကျွမ်းကျင်မှုနှင့် အရင်းအမြစ်ရှိရန် လိုအပ်သည်။
အစိုးရမှလုပ်ဆောင်သည့် စောင့်ကြည့်မှု အစီအစဉ်များသည် သင့်တော်မှု ရှိ၊ မရှိအပေါ်တွင် စောင့်ကြပ်ကြည့်ရှုမှု
စံနစ်အတွင်း အများပြည်သူအား ပုံမှန်အသိပေးသည့် အစီအစဉ် ပါရှိရမည်ဖြစ်သည်။ သို့မှသာ စောင့်ကြည့်မှုများနှင့်
ပတ်သက်၍ အစိုးရအနေဖြင့် စည်းမျဉ်းစည်းကမ်း လိုက်နာခြင်း ရှိ၊ မရှိ၊ လူထု နားလည်သိရှိစေမည် ဖြစ်သည်။
စောင့်ကြည့်ခံရသူများအား အသိပေးခြင်း
စောင့်ကြည့်ခံရသူများ ၄င်းတို့ စောင့်ကြည့်ခံရခြင်းအကြောင်း အသိပေးခြင်းဖြင့် စောင့်ကြည့်မှု၏ ရည်ရွယ်ချက်
ပျက်ဆီးနိုင်သည်ဖြစ်ရာ စောင့်ကြည့်ခံရခြင်းအကြောင်း အသိမပေးနိုင်သည့် အခြေအနေမျိုး ကြုံလာနိုင်သည်ကို
နားလည်ထားပြီး ဖြစ်သည်။
စောင့်ကြည့်ခံရသူအား အသိပေးခြင်းကို မည်သည့်အခြေအနေမျိုးတွင် အချိန်ဆွဲထားနိုင်သည်၊ မည်သူက ယင်း
သို့ လုပ်ဆောင်ရန် အခွင့်အာဏာပေးနိုင်သည်ကို ဥပဒေမူဘောင်က သတ်မှတ်ပေးရန် လိုအပ်သည်။
အနိမ့်ဆုံးအနေဖြင့် စောင့်ကြည့်မှုများပြီးစီးပါက အသုံးပြုသူများအား ၄င်းတို့၏ ဆက်သွယ်ရေးလမ်းကြောင်းများ
စောင့်ကြည့်ခံခဲ့ရသည်ကို အသိပေးသင့်သည်။ သို့မှသာ စောင့်ကြည့်ခံရသူများအနေဖြင့် ထိုသို့ စောင့်ကြည့်ခံရမှု
များသည် တရားဥပဒေနှင့် မကိုက်ညီဟု ယူဆပါက ဖြစ်သင့်သည့် ဖြေရှင်းချက်ရရှိရန် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
ဖြေရှင်းချက် ရယူပိုင်ခွင့်ပေးခြင်း
လူတိုင်းသည် စောင့်ကြည့်ခံရမှု ရှိ၊ မရှိ သိရှိခွငရ
့် ရင် လိုအပ်သည်။ သို့မှသာ စောင့်ကြည့်ခံရပါက ၄င်းတို့အနေဖြင့်
တိုင်တန်းခြင်းဖြင့် ဖြစ်သင့်သည့် ဖြေရှင်းချက်ကို တောင်းဆိုနိုင်မည် ဖြစ်သည်။
ဥပဒေချိုးဖောက်ခြင်းရှိသည်ဟု စွပ်စွဲခြင်းရှိလာပါက စေ့စပ်သေချာစွာနှင့် မှန်မှန်ကန်ကန် စစ်ဆေးကာ ချက်ချင်း
ဖြေရှင်းပေးသင့်သည်။
ဥပဒေချိုးဖောက်ခြင်းကို စစ်ဆေးတွေ့ရှိပါက ချိုးဖောက်မှုကို ရပ်တန့်နိုင်ရမည် ဖြစ်သည်။ ဖြစ်လာနိုင်သည့် ချိုး
ဖောက်မှုများကို စစ်ဆေးသည့်အဖွဲ့အစည်းက စောင့်ကြည့်မှုကို ရပ်တန့်ရန် အမိန့်ပေးရမည်ဖြစ်ပြီး ရယူထားသည့်
သတင်းအချက်လက်များကို ဖျက်ဆီးပြစ်ရန် တစ်ပါတည်း အမိန့်ထုတ်ပြန်ရမည် ဖြစ်သည်။
42
မြန်မာ့ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း