နောက်ဆက်တွဲ အခွင့်အရေးကို အလေးထားသည့် တရားဥပဒေနှင့်အညီ ဆက်သွယ်ရေး ကြားဖြတ်နားထောင်ခြင်းပုံစံတွင်ရှိသည့်သည့် လက္ခဏာရပ်များ ဦးတည်ချက် ဤစာတန်းရေးသားချိန်အထိ မြန်မာဆက်သွယ်ရေးမူဘောင်၏ အဓိကအရေးကြီးသည့် အစိတ်အပိုင်းတစ်ခု ဖြစ်သည့် တရားဥပဒေနှင့်အညီ ကြားဖြတ်နားထောင်ခြင်းကိစ္စနှင့် ပတ်သက်သည့် ဥပဒေမူဘောင်တစ်ရပ် အပြီးသတ် ရေးဆွဲရန် ကျန်ရှိနေပါသေးသည်။ ထွက်ပေါ်လာမည့် ဥပဒေမူကြမ်းအပေါ် အများပြည်သူများ အကြံပြုဆွေးနွေးနိုင်သည့် တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ခေါ်ယူသွားရန် အစိုးရက ကတိပြုထားပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် ယခင်က ဤကဲ့သို့ သောမူဘောင်မျိုး ချမှတ်ထားခြင်း မရှိသေးရာ ဥပဒေ၊ သို့မဟုတ် စောင့်ကြပ်ကြည့်ရှုနေမှုမျိုး မရှိနေသည့် အနေအထား တွင် လူအားဖြင့်သော်လည်းကောင်း၊ ဆက်သွယ်မှုများအား ကြားဖြတ်စောင့်ကြည့်ခြင်းများသော် လည်းကောင်း မကြာခဏဆိုသလို လုပ်ဆောင်ခဲ့ခြင်းများ ရှိခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံသည် ယခင်နှင့်မတူသည့် အနေအထား ကို ရောက်ရှိလာပြီ ဖြစ်သည်။ အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးလာသည်နှင့်အမျှ တိုင်းပြည်အားအကျိုးများစွာ ဖြစ်ထွန်းစေသည်ဖြစ်ရာ မြန်မာနိုင်ငံသည် ဆက်သွယ်ရေး အသုံးပြုသူများအား လုံလောက်သည့် ကာကွယ်မှုပေးသည့် ဥပဒေဖြင့်စောင့်ကြည့်သည် အစီအစဉ် များ ထားရှိခြင်းမရှိဘဲ ဆက်သွယ်ရေးလမ်းကြောင်းများကို စောင့်ကြည့်ခြင်း၊ အချက်အလက်များ စုဆောင်းခြင်း များကို လုပ်ဆောင်သည့် အနေအထားသို့ လျော့ကျမသွားရန်မှာ အရေးကြီးပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် အဆုံးတွင် အကြောက်တရားနှင့် သံသယများ ကြီးစိုးသည့်အနေအထားကို ပြန်လည်အသက်သွင်းမိသလို ဖြစ်စေနိုင် သည်။ ဥပဒေပြဌာန်းသူများသည် တရားဥပဒေနှင့်အညီ ကြားဖြတ်နားထောင်ရာတွင် ခွင့်ပြုသည် နည်းပညာအသုံးပြုမှု များနှင့် လုပ်ပိုင်ခွင့်များနှင့် အတူတရားဥပဒေနှင့်အညီ ဆက်သွယ်ရေးစောင့်ကြည့်မှုအား ကန့်သတ်ချက်များကို သေချာစွာ ရှင်းလင်းပြောကြားရန် လိုအပ်သည်။ မြန်မာနိုင်ငံသည် တရားဥပဒေနှင့်အညီ ဆက်သွယ်ရေး ကြားဖြတ် နားထောင်မှုများကို ထိန်းကွပ်သည့် ဥပဒေမူဘောင်ရေးဆွဲချမှတ်ခြင်းကာ ဒေသတွင်းနိုင်ငံများအကြား ခေါင်းဆောင်နိုင် သည့် အနေအထားတစ်ရပ်ကို ပိုင်ဆိုင်ထားပါသည်။ ဤကဲ့သို့ ဥပဒေဘောင် ထားရှိဆောင်ရွက်ခြင်းသည် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများ၊ နိုင်ငံတကာ မျှော်မှန်းချက်များနှင့် ကိုက်ညီသည်ဖြစ်ရာ မြ��်မာနိုင်ငံတွင် အိုင်စီတီ အသုံး ပြုသူများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်နေသူများနှင့် နိုင်ငံတကာအစိုးရများ၏ ယုံကြည်မှုကို ရရှိစေ ပါသည်။ အထက်တွင် ဖော်ပြသည့်အတိုင်း ကြားဖြတ်နားထောင်မှုကို ခွင့်ပြုသည့် လက်ရှိတွင် ကျင့်သုံးနေသည့် တစ်ခုတည်း သောဥပဒေမှာ ၂ဝ၁၃ ခုနှစ်က ပြဌာန်းခဲ့သည့် ဆက်သွယ်ရေးဥပဒေ (Telecommunications Law) ၏ ပုဒ်မ ၇၅ ဖြစ်သည်။ သို့သော် ဤဥပဒေသည် အဓိပ္ပာယ်ဖွင့်ဆိုချက် ရှင်းရှင်းလင်းလင်း မပါရှိသလို၊ လက်ခံနိုင်ဖွယ် အကြောင်းပြ ချက်လည်း ဖော်ပြပါရှိခြင်း မရှိပေ။ မြန်မာအစိုးရသည် လိုအပ်သည့် ဥပဒေမူကြမ်း ရေးဆွဲနိုင်ရန်အတွက် နည်းပညာများ အကူအညီများပေးရန် ဥရောပသမဂ္ဂအား တောင်းဆိုထားသည်။ အဆိုပါမူကြမ်း ရေးဆွဲရေးတွင် အထောက်အကူ ဖြစ်စေရန် မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန(MCRB)သည် မြန်မာနိုင်ငံတွင် လူ့အခွင့် အရေးကို လေးစားသည့် တရားဥပဒေနှင့်အညီ ကြားဖြတ်နားထောင်ခွင့် ပြုသည့်နမူနာများ၏ လက္ခဏာများ မည်သို့ ရှိနိုင်မည်ကို သိရှိနိုင်ရန် ကြိုတင်လေ့လာမှု ပြုလုပ်ခဲ့ပါသည်။ အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ 39

Select target paragraph3