ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်သည့်အဖွဲ့အစည်းများနှင့် ၄င်းတို့၏ ဌာနေအစိုးရများသို့ အကြံပြုချက်များ ၁။ အိုင်စီတီဆိုင်ရာ မူဝါဒ၊ တရားရေးရာနှင့် စည်းမျဉ်းစည်းကမ်းများ တိုးတက်လာစေရေးဆောင်ရွက်ချက် များအတွင်းတွင် လူ့အခွင့်အရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများ အားကောင်းစေရေး - အထူးသဖြင့် မြန်မာနိုင်ငံအစိုးရသို့ အကြံပြုထားသော အကြံပြုချက် ၂ နှင့် ၃ ရှိ ထောက်ပြထားသည့် အချက်များအား - ထောက်ပံ့ပေးရန်။ အကောင်အထည်ဖော်ဆောင်ရေးအတွက် အဓိကကျသည့် အချက်များ အိုင်စီတီကဏ္ဍတွင် လုံလောက်သည့် ကာကွယ်ပေးမှု အစီအမံများပါဝင်သော ထိရောက်သည့် မူဘောင်တစ်ခုအား မိတ်ဆက်ပေးနိုင်ရေးအတွက် မြန်မာအစိုးရအား ထောက်ပံ့ပေးရန်။ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ကမ္ဘာ့ဘဏ်နှင့် ဥရောပသမဂ္ဂ (EU) တို့ အပါအဝင် ဖွံ့ဖြိုးရေး အထောက်အကူပြုအဖွဲ့များသည် ဥပဒေမူဘောင်ရေးဆွဲရေး လုပ် ငန်းအစိတ်အပိုင်းများတွင် ပူးပေါင်းပါဝင်လုပ်ကိုင်နေကြပါသည်။ တိုင်းပြည်၏ အတိတ်ကာလ အတွေ့အကြုံများ အရ၊ အဆိုပါ စည်းမျဉ်းစည်းကမ်းမူဘောင်များတွင် ဖြစ်သင့်သည့် လူ့အခွင့်အရေးကာကွယ်ပေးမှုများပါဝင်စေရန် သင့်တော်သော နည်းပညာဆိုင်ရာ အကြံဉာဏ်များဖြင့် သော်လည်းကောင်း၊ နိုင်ငံရေးဆိုင်ရာ အကြံဉာဏ်များ ပံ့ပိုးပေးခြင်းဖြင့် သော်လည်းကောင်း အစိုးရအားပံ့ပိုးပေးနိုင်ရန် အရေးကြီးပါသည်။ အလှူရှင်နိုင်ငံများ၏ လှူဒါန်း ငွေများဖြင့် ပြင်ဆင်သည့် ဥပဒေများသည် ဖိနှိပ်မှုများနှင့် လိုအပ်သည်ထက်ပိုသော စောင့်ကြပ်ကြည့်ရှုမှုများအား ပြန်လည် အသက်သွင်းနိုင်လာခြင်းမျိုး မဖြစ်စေသင့်ပါ။ ယင်းအခြေအနေမျိုးသည် - အကယ်၍ - ဥပမာအားဖြင့် - စည်းမျဉ်းစည်းကမ်း မူဘောင်တွင် ထည့်သွင်းသည့် အချက်များသည် ကျယ်ပြန့်လွန်းပြီး၊ အမျိုးမျိုးအဓိပ္ပာယ် ကောက်ယူနိုင်သည့် အနေအထားမျိုးတွင် ဖြစ်ပေါ်စေနိုင်ပါသည်။ ဖွံ့ဖြိုးရေး အထောက်အကူပြုအဖွဲ့များ၏ ၄င်း တို့ကိုယ်တိုင် ငှားရမ်းထားသော သို့မဟုတ် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများမှတစ်ဆင့် ငှားရမ်းထားသော အတိုင်ပင်ခံများသည် သင့်လျော်သည့်အကြံဉာဏ်များကို နည်းပညာဆိုင်ရာ ကိစ္စရပ်များတွင်သာမက ဥပဒေ မူဘောင်များသည် လူ့အခွင့်အရေးအချက်များအား ကာကွယ်ပေးမှုရှိသည်ကို သေချာစေရန် အချိုးညီစွာရှိရေး ကို ထည့်သွင်းအကြံဉာဏ်ပေးမှုများကို လုပ်ဆောင်သင့်သည်။ အစိုးရမှ ဥပေဒနှင့်အညီ ကြားဖြတ်ရယူနိုင်ရေးအတွက် စည်းမျဉ်းစည်းကမ်း မူဘောင်များချမှတ်ခြင်း ရှိ၊ မရှိကို စောင့်ကြည့်ရန်နှင့် ချမှတ်ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ဤအစီရင်ခံစာ နောက်ဆက်တွဲ အကြံပြု တိုက်တွန်းချက်များတွင် ဖော်ပြထားသော ကောင်းမွန်သည့် အလေ့အကျင့်များနှင့် ကိုက်ညီမှု ရှိ၊ မရှိကို စောင့် ကြည့်ရန်။ သင့်တော်သော အကာအကွယ်ပေးမှုများ ပါဝင်သော လက်ခံနိုင်ဖွယ်ရာဖြစ်သည့် အိုင်စီတီ စည်းမျဉ်းစည်းကမ်း မူဘောင်များကို အကောင်အထည် ဖော်နိုင်ရေးအတွက် လိုအပ်သည့် တရားဥပဒေစိုးမိုးရေးအတွက် အပြောင်း အလဲလုပ်ရာတွင် စနစ်အတွင်းတွင် လက်ရှိဖြစ်ပေါ်နေသော စောင့်ကြည့်ထိန်းညှိမှုများ အကောင်အထည်ဖော် ရေးအတွက် ထောက်ပံ့ပေးရန်။ ဥပမာအားဖြင့် အစိုးရမှ တောင်းဆိုသည့် ဥပဒေနှင့်အညီ ကြားဖြတ်ရယူခြင်းများကို တရားရေး၏ ပြန်လည်သုံးသပ်မှု လိုအပ်သည့်အချက်ကို အစိုးရမှ ဖော်ပြခဲ့ပြီးဖြစ်သည်။ ယင်းအချက်သည် အရေးကြီးသည့် ခြေလှမ်းဖြစ်သော်လည်း တရားသူကြီးများသည် သင့်တော်သည့် ကြိုတင်လေ့ကျင်သ့  င်ကြားမှုများ ရရှိရန်နှင့် မြန်မာနိုင်ငံရှိ တရားဥပဒေစိုးမိုးရေး အားကောင်းစေရန်အတွက် လုပ်ဆောင်သည့် ပိုမိုကျယ်ပြန့်သော အစီအစဉ်တစ်ခုလုံး၏ အစိတ်အပိုင်းဖြစ်စေရန်သည်လည်း အရေးကြီးပါသည်။ 34 မြန်မာ့ အိုင��စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း

Select target paragraph3