အသိအမှတ်ပြု ကျေးဇူးတင်လွှာ ဒိန်းမတ်၊ အိုင်ယာလန်၊ နယ်သာလန်၊ နော်ဝေ၊ ဆွစ်ဇာလန်နှင့် ယူကေနိုင်ငံအစိုးရများမှ MCRB အပေါ် ကူညီထောက်ပံ့ပေးနေမှုများအား ပူးပေါင်းပါဝင်သည့် အဖွဲ့အစည်းများ အားလုံးမှ ကျေးဇူးအထူး တင်ရှိပါသည်။ သတင်းအချက်အလက်နှင့် ဆက်သွယ်မှု နည်းပညာ (အိုင်စီတီ) ကဏ္ဍ၏ သက်ရောက်မှုအား လေ့လာဆန်းစစ်ခြင်း (SWIA) မူကြမ်းအတွက် မြန်မာနိုင်ငံအနှံ့ ကွင်းဆင်းလေ့လာမှုများနှင့် ၂ဝ၁၅၊ ဇွန်လတွင် ပြုလုပ်သော ရန်ကုန်နှင့် လန်ဒန်မြို့ရှိ ဆွေးနွေးညှိနှိုင်းပွဲတငွ် တတ်ရောက်ပါဝင်ခဲ့သူများ အားလုံးကိုလည်း ပူပေါင်းလုပ်ဆောင်နေသည့် အဖွဲ့ အစည်းများအားလုံးမှ ကျေးဇူးတင်ရှိပါသည်။ ယင်းအပြင် သုတေသနပြုလုပ်သည့် အဆင့်တွင် ပံ့ပိုးပေးခဲ့သော ပြည်ထောင်စုအစိုးရနှင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန် ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ အစိုးရအဖွဲ့များအားလည်း မိမိတို့ အဖွဲ့အစည်းများမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ အစီရင်ခံစာကို IHRB မှ Margaret Wachenfeld နှင့် Donna Guest၊ Haley St. Dennis နှင့် Lucy Purdon, MCRB မှ Vicky Bowman, Kamran Emad နှင့် သီသီသိမ်းတို့က ရေးသားပြုစုခဲ့ကြပြီး DIHR မှ Elin Wrzoncki နှင့် Rikke Frank Joergensen တို့က ကူညီပံ့ပိုး ရေးသားခဲ့ကြခြင်းဖြစ်သည်။ MCRB ၏ အိုင်စီတီကဏ္ဍ ကွင်းဆင်းသုတေသနအဖွဲ့ဝင်များဖြစ်ကြသည့် သုတေသနအဖွဲ့ခေါင်းဆောင် Kamran Emad၊ SWIA တာဝန်ခံ သီသီသိမ်းနှင့် သုတေသနပြုလုပ်သူများ ဖြစ်ကြသည့် စန္ဒာချိုဦး၊ လှိုင်မင်းဦးနှင့် ကျော်သူရ တို့အာ��လည်း မိမိတို့အဖွဲ့မှ အထူးပင် အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။ Lucy Purdon နှင့် Margaret Wachenfeld တို့၏ ပံ့ပိုးမှုဖြင့် ဥပဒေနှင့်အညီ ကြားဖြတ်ရယူခြင်းနှင့် သုံးစွဲသူများ၏ အချက်အလက်များအား အစိုး ရအဖွမ့ှဲ ရယူခြင်းတိအ့ု ပေါ် နောက်ဆက်တွဲ တိကု တ် နွ်း အကြံပြုချက်မြူ ကမ်းအား ရေးသား ပေးခဲ့သည့် Susan Morgan နှင့် အစီရင်ခံစာ၏ အထက်ပါအကြာင်းကဏ္ဍအတွက် Susan Morgan အား တွေ့ဆုံ မေးမြန်းခွင့်ပြုခဲ့ကြသော ကျွမ်းကျင်ပညာရှင်အားလုံးအားလည်း မိမိတို့မှ အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြား လိုပါသည်။ မြန်မာနိုင်ငံ၏ အိုင်စီတီဥပဒေဆိုင်ရာ သုတေသနအချက်အလက်များကို အသေးစိတ် ကူညီပံ့ပိုးပေးခဲ့သော Fordham Law School ၏ အာရှဥပဒေနှင့် တရားမျှတရေးဌာနမှ Joey Lee နှင့် ကျောင်းသားများဖြစ်ကြသည့် Alison Cullen, Matthew Solomon နှင့် Jennifer Whitman တို့အားလည်း ကျေးဇူးတင်ရှိပါသည်။ Kamran Emad၊ Delphia Lim၊ Ross Wilson တို့နှင့်အတူ Peace Nexus မှ Dr Richard Horsey တို့၏ MCRB အတွက် ရေးသားပေးခဲ့ကြသည့် သုတေသနစာတမ်းများကို အခြေခံ၍ ဤ အစီရင်ခံစာကို ပြုစုခဲ့ခြင်းဖြစ်ပါသည်။

Select target paragraph3