အိုင်စီတီကုမ္ပဏီများသို့ အကြံပြုချက်များ
၁။ ခိုင်မာသည့် အမျိုးသားဥပေဒမူဘောင်များ မရှိချိန်တွင် တာဝန်ယူမှုရှိသော စီးပွားရေးကျင့်စဉ်ဆိုင်ရာ
နိုင်ငံတကာ စံချိန်စံညွန်းများအား - အထူးသဖြင့် ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေး လမ်းညွန်
ချက် အခြေခံမူများအား ကျင့်သုံးသွားရန်။
ကုလသမဂ္ဂ၏ စီးပွားရေး လုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက် အခြေခံမူများ - တာဝန်ယူမှုရှိသော
စီးပွားရေးလု��်ငန်းများ လေးစားလိုက်နာရန်။
၁ဝ။ စီးပွားရေးလုပ်ငန်းများသည် လူ့အခွင့်အရေးများကို လေးစားလိုက်နာသင့်သည်။ ဆိုလိုသည်မှာ ၄င်းတို့အနေဖြင့် အခြားသူ
များ၏ လူ့အခွင့်အရေးများကို ချိုးဖောက်ခြင်းမှာ ရှောင်ရှားသင့်ပြီး၊ ၄င်းတို့ ပါဝင်ပတ်သက်မှုရှိသော မကောင်းသော လူ့
အခွင့်အရေး အကျိုးသက်ရောက်မှုများကို ဖြေရှင်းဆောင်ရွက်ပေးသင့်သည်။
ကုလသမဂ္ဂ၏ စီးပွားရေး လုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက် အခြေခံမူများ- လူ့အခွင့်အရေးများ၏
မူဝါဒကိုလိုက်နာရန် ပိုင်းဖြတ်လုပ်ဆောင်မှု။
၁၅။ လူ့အခွင့်အရေးများ လေးစားလိုက်နာရေးတာဝန်ကို ဖြည့်ဆည်းရန်အလို့ငှာ စီးပွားရေး လုပ်ငန်းများအနေဖြင့် ၄င်းတို့၏
အရွယ်အစား အခြေအနေများနှင့် လိုက်လျောညီထွေမှုရှိသည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များ ထားရှိလုပ်ဆောင်သင့်ပြီး၊
ယင်းသို့ လုပ်ဆောင်ရာတွင် (က) လူ့အခွင့်အရေးများ လေးစားလိုက်နာရေးတာဝန်ကို ဖြည့်ဆည်းရန် မူဝါဒရေးရာ တာဝန်ယူမှုတစ်ရပ်။
(ခ) ၄င်းတို့၏ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်သည့် လူ့အခွင့်အရေးဆိုင်ရာ ထိခိုက်မှုများကို ဖော်ထုတ်ရန်၊ ကာကွယ်
ရန်၊ လျှော့ချရန်နှင့် မည်သို့ ဖြေရှင်းဆောင်ရွက်သည်ဆိုသည်နှင့် ပတ်သက်၍ ရှင်းလင်းဖော်ပြရန် လူ့အခွင့်အရေးများ
ဆိုင်ရာ အလေးဂရုပြု အားထုတ်ကြိုးပမ်းမှု လုပ်ငန်းစဉ်တစ်ရပ်။
(ဂ) ၄င်းတို့ကြောင့်ဖြစ်ပွားသည့် သို့မဟုတ် အထောက်အကူပြုမှုကြောင့် ဖြစ်ပွားလာသည့် လူ့အခွင့်အရေးဆိုင်ရာ ထိခိုက်
မှုများကို ပြန်လည်ကုစားပေးနိုင်ရန် လုပ်ငန်းစဉ်များ ထည့်သွင်းဆောင်ရွက်ခြင်း။
ကုလသမဂ္ဂ၏ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက် အခြေခံမူများ- လူ့အခွင့်အရေးဆိုင်ရာ
အလေးဂရုပြု ကြိုးပမ်းအားထုတ်မှု။
၁၇။ လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုမှုများကို ဖော်ထုတ်ရန်၊ ကာကွယ်ရန်၊ လျှော့ချရန်နှင့် မည်သို့ဖြေရှင်းသည်ကို
ရှင်းလင်းဖော်ပြရန်အလို့ငှာ စီးပွားရေးလုပ်ငန်းများသည် လူ့အခွင့်အရေးဆိုင်ရာ အလေးဂရုပြု ကြိုးပမ်းအားထုတ်မှုများ
လုပ်ဆောင်သင့်ပါသည်။ ထိုသို့ လုပ်ဆောင်ရာတွင် အမှန်တကယ်ရှိနေသော၊ ဖြစ်ပေါ်ရန် အလားအလာရှိသော လူ့အခွင့်
အရေးထိခိုက်မှုများကို ဆန်းစစ်ခြင်း၊ တွေ့ရှိချက်များကို ပေါင်းစပ်လျက် အရေးယူဆောင်ရွက်ခြင်း၊ ဖြေရှင်းမှု နည်းလမ်းများ
ကို ဖော်ထုတ်ခြင်းနှင့် ထိခိုက်မှုများကို မည်သို့ဖြေရှင်းရ၊ ဆောင်ရွက်ရမည်ဆိုသည်နှင့် ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်
ခြင်းတို့ ပါဝင်သင့်ပါသည်။ လူ့အခွင့်အရေးဆိုင်ရာ အလေးဂရုပြု ကြိုးပမ်းအားထုတ်မှုများ လုပ်ဆောင်ရာတွင် (က) စီးပွားရေးလုပ်ငန်းတစ်ခုက ၄င်း၏ ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် သို့မဟုတ်
ဖြစ်ပေါ်ရန် အထောက်အကူပြုနိုင်သည့် သို့မဟုတ် ၄င်း၏စီးပွားရေး ဆက်သွယ်ဆောင်ရွက်မှုများမှ တစ်ဆင့် လုပ်ငန်း
လည်ပတ်ဆောင်ရွက်မှုများ၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းများနှင့် တိုက်ရိုက်ဆက်နွှယ်နိုင်သည့် လူ့
အခွင့်အရေး ဆိုးကျိုးသက်ရောက်မှုများကို လွှမ်းခြုံ ဆောင်ရွက်သင့်ပါသည်။
(ခ) စီးပွားရေး လုပ်ငန်းအသီးသီး၏ အရွယ်အစား၊ လူ့အခွင့်အရေးကို ဆိုးရွားစွာထိခိုက်နိုင်မည့် အနရ
္တာယ်၊ ၄င်းတို့၏ လုပ်
ငန်းလည်ပတ်မှုသဘာဝနှင့် အခြေအနေပေါ်မူတည်၍ ကွဲပြားခြားနားပါလိမ့်မည်။
(ဂ) လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု အခြေအနေ တဖြည်းဖြည်းပေါ် တိုးပွားလာသည်နှင့်အမျှ လူ့အခွင့်အရေး အန ရ
္တာယ်
များလည်း အချိန်နှင့်လိုက်ပြီး ပြောင်းလဲနိုင်သည်ကို သိမှတ်လျက် စဉ်ဆက်မပြတ် လုပ်ဆောင်သင့်သည်။
ဤစီးပွားရေးလုပ်ငန်းကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း (SWIA) လုပ်ငန်းစဉ်သည် ��မန်မာနိုင်ငံရှိ
ပြောင်းလဲလာနေသော မူဝါဒနှင့် ဥပဒေရေးရာမူဘောင်များတွင် လစ်ဟာနေမှုများကို ထောက်ပြပြောဆိုရန်ဖြစ်သည်။
22
မြန်မာ့ အိုင်စီတီကဏ္ဍ၏ သက်ရောက်မှုများအား လေ့လာဆန်းစစ်ခြင်း