ကိုယ်ရေးကိုယ်တာ အချက်အလက်လုံခြုံရေး/အချက်အလက် ကာကွယ်ရေးအတွက် လိုအပ်ချက်များနှင့် စောင့် ကြပ်ကာကွယ်ပေးခြင်းများကို e-Governance လုပ်ငန်းစဉ်များနှင့် အချက်အလက် လွတ်လပ်ပွင့်လင်းရေးအစ ပျိုးဆောင်ရွက်သည့် လုပ်ငန်းများတွင် ထည့်သွင်းရန်။ သတင်းအချက်အလက် ရယူခြင်းမှုဆိုင်ရာအတွက် လိုအပ်သည့် စည်မျဉ်းများကို ပွင့်လင်းစွာပူပေါင်းဆောင်ရွက် ရေးအစိုးရအဖွဲ့ (OGP) ၏ အခြေခံမူများနှင့် တစ်သားတည်းဖြစ်အောင် တာဝန်ယူဆောင်ရွက်ရန်။ ထိုသို့ လုပ် ဆောင်ရာတွင် အစိုးရဌာနတိုင်းရှိ သိုမှီးထားသော သတင်းအချက်အလက်များ ထုတ်ပြန်ခြင်း (ယင်းအချက် များသည် အစိုးရ၏ လုပ်ငန်းလုပ်ဆောင်မှု သတင်းများထက် ပိုမိုကျယ်ပြန့်သင့်ပါသည်။)၊ သတင်းအချက်အလက် များကို ထုတ်ပြန်ရာတွင် စောလျင်စွာ ထုတ်ပြန်ခြင်းနှင့် တုန့်ပြန်ကြေညာခြင်း၊ သတင်းအချက်အလက်ရယူပိုင်ခွင့် အခွင့်အရေးဆိုင်ရာ စနစ်များကို အားကောင်းခိုင်မာစေခြင်းနှင့် အစိုးရသတင်းအချက်အလက်များကို လွယ်ယူစွာ ရယူနိုင်ရေး ဆောင်ရွက်ပေးခြင်းတို့ ပါဝင်ပါသည်။ အချက်အလက်များ လွတ်လပ်စွာရယူနိုင်မည့် အနှစ်သာရရှိသော အခြေခံမူများကို လက်တွေ့ အကောင်အထည် ဖော်နိုင်ရေးအား တာဝန်ယူဆောင်ရွက်ရန်။ (လက်ရှိလုပ်ဆောင်နေသည့် အမျိုးသားအဆင့် e-Governance လုပ်ငန်းများအပါအဝင် - ဥပမာ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန (MCIT) နှင့် ကမ္ဘာ့ဘဏ်တို့မှလုပ်ဆောင်မည့် အများနှင့်သက်ဆိုင်သော နိုင်ငံသားများ၏ အချက်အလက်များအား ဝန်ဆောင် မှုပေးသည့် အင်တာနက်စာမျက်နှာ (Common Citizen Service Data Portal)) မိုဘိုင်းလ်ဖုန်း သုံးစွဲမှု တိုးပွား လာနေသော များပြားလာသည်ဖြစ်ရာ အစိုးရ၏ အချက်အလက် ထုတ်ပြန်ရေးလုပ်ငန်းများသည် အသုံးပြုသူများ အတွက် ရင်းနှီးလွယ်ကူမှုရှိရေးနှင့် မိုဘိုင်းလ်ကိရိယာများမှ လွယ်ကူစွာရယူ အသုံးပြုနိုင်ရေးအတွက် သေချာစေ ရန်။ တီထွင်ဆန်းစစ်မှုများကို အားပေးပြီး၊ လူမှုရေးမူဝါဒများကို ပိုမိုကောင်းမွန်စေကာ၊ အများပြည်သူနှင့် ပုဂ္ဂလိက ကဏ္ဍတို့၏ တာဝန်ယူတာဝန်ခံမှုတို့အား မြှင့်တင်ပေးအားပေးသည့် တန်ဖိုးမြင့်အချက်အလက်များအား ရှာဖွေ သတ်မှတ်ဖော်ထုတ်နိုင်ရန် လူမှုအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများနှင့် တိုင်ပင်ဆွေးနွေးမှုများကို အများ ပြည်သူသိရအောင် ပြုလုပ်ရန်။ ၇။ မြန်မာနိုင်ငံ တစ်ဝန်းလုံး ဆက်သွယ်ရေးဝန်ဆောင်မှုများရရှိရေး အကောင်အထည်ဖော်မည့် အစီအစဉ် အား အရှိန်တိုးမြှင့် လုပ်ဆောင်ရန်။ မကြာသေးခင် ကာလများအထိ မြန်မာနိုင်ငံသည် မိုဘိုင်းလ်ဖုန်းနှင့် အင်တာနက် ရယူအသုံးပြုနိုင်မှု နိုင်ငံတကာဇယား တွင် အောင်ဆုးံ မှရပ်တည်ခသ့ဲ ည်။ ယခုအခါ ဆက်သယွေ် ရးဝန်ဆောင်မနှု ည်းပညာများ အသံုး ပြုမှုနနှုး သည် လျင်လျင် မြန်မြန် အရှိန်အဟုန်ဖြင့် တိုးတတ်လျက်ရှိသည်။ သို့သော် ကျေးလက်ဒေသများ အပါအဝင် မြန်မာပြည်ဒေသအသီးသီး နေထိုင်ကြသူများအားလုံး ဆက်သွယ်ရေးနည်းပညာများ ရရှိအသုံးပြုနိုင်ရေးမှာ နှစ်ကာလ အတန်ကြာနိုင်ပါသည်။ အစိုးရအဖွဲ့သည် နိုင်ငံတစ်ဝန်းလုံး ဆက်သွယ်မှုရရှိရေး သဘောတူညီချက်တစ်ခုကို လက်ရှိလုပ်ကိုင်နေသော တယ်လီဖုန်းဝန်ဆောင်မှု ပေးသူများနှင့် အကြမ်းဖျင်း သဘောတူညီချက်တစ်ခု ရှိပါသည်။ ၄င်းအချက်မှာ ဆက်သွယ် ရေးနှင့် နည်းပညာဝန်ကြီးဌာနမှ ကြီးကြပ်အကောင်အထည်ဖော်မည့် တစ်နိုင်ငံလုံး ဝန်ဆောင်မှုရရှိရေး ရန်ပုံငွေ (Universal Service Fund)သို့ တစ်နစှ လ်ုးံ ဝင်ငေ��၏ ၂ ရာခုငိ န် နှုး ကို ဝန်ဆောင်မလှု ပု င် န်းလုပက် ငို သ်ူ တစ်ဦး ချင်းစီမှ နှစစ် ဉ် ထည့်ဝင်ရန် ဖြစ်သည်။ အဆိုပါရန်ပုံငွေသို့ ထည့်ဝင်မှုကို ကွန်ရက်အောင်မြင်စွာတပ်ဆင်မည့် ၃ နှစ်ကာလပြီးဆုံးချိန်မှ စတင်၍ ထည်ဝ့  င်ရမည်ဖြစ်သည်။ မြန်မာနိငု င် အံ နေဖြင့် ဈေးနှုန်း သက်သာစွာဖြင့် အင်တာနက် အသံုး ပြုနိငုေ် ရး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (Alliance for Affordable Internet - AFAI) သို့ ဝင်ရောက်ခဲ့ပါသည်။ အိုင်စီတီဝန်ဆောင်မှုအား ရယူအသုံးပြုခြင်း၏ အကျိုးကျေးဇူးကို နိုင်ငံအတွင်း နေထိုင်သူများ၏ ရာခိုင်နှုန်းအများအပြားမှ ခံစားနိုင်စေရန် အလို့ငှာ ဘက်ပေါင်းစုံရှိ အဖွဲ့အစည်းပေါင်းစုံမှ ဝိုင်းဝင်းပါဝင်၍ တီထွင်ဆန်းသစ်သောနည်းလမ်းများကို အသုံးပြုကာ ကွန်ရက်တပ်ဆင်သည့် ဝန်ဆောင်မှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နိုင်ရေး ပါဝင်နိုင်ပါသည်။ (အခန်း ၃ တွင် ကဏ္ဍ၏သက်ရောက်မှုကို ပိုမိုပြည့်စုံစွာ ဖတ်ရှုနိုင်ပါသည်။) အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ 17

Select target paragraph3