စည်းမျဉ်းစည်းကမ်းများထဲ၌ ထည့်သွင်းသင့်သည့် အချက်များဖြစ်သော ကြားဖြတ်ရယူခြင်း လုပ်ငန်းစဉ်၏
အဆင့်တိုင်းအတွက် စဉ်းစားလုပ်ဆောင်ရမည့် အဓိကကျသည့်အချက်များကို ကြည့်နိုင်ပါသည်။ အခြားသော
အိုင်စီတီဆိုင်ရာဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများအတွက် မူကြမ်းများ ရေးဆွဲရာတွင် လုပ်ကိုင်သကဲ့သို့၊ ဆက်
သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနအနေဖြင့် ဥပဒေနှင့်အညီ ကြားဖြတ်ရယူခြင်းဆိုင်ရာ
စည်းမျဉ်းစည်းကမ်းမူကြမ်း (သို့မဟုတ်) မူဘောင်တိုင်းကို အများပြည်သူမှ မှတ်ချက်ပေးနိုင်ရန်အတွက် အနည်း
ဆုံး သီတင်းသုံးပတ် အချိန်ပေးရန်နှင့် တိုင်ပင်ဆွေးနွေးသည့် ဖြစ်စဉ်ကို အများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်
ဆောင်ရွက်ရန်။
“လူအများအပြားအား စောင့်ကြပ်ကြည့်ရှုမှု“ တားမြစ်ချက်ကို အများပြည်သူအား သိရှိစေရန်။ (ေယဘုယ်လက္ခံ
ထားသည်မှာ ဒုစရိုက်မှုလုပ်ဆောင်သည်ဟု ကြိုတင်သံသယမရှိဘဲ အသုံးပြုသူအများအပြား၏ ဆက်သွယ်ပြော
ဆိုခြင်းများကို စုဆောင်းခြင်းနှင့်/ သို့မဟုတ် ရယူခြင်းများကို ရည်ညွှန်းပါသည်။) အဆိုပါ ကတိကဝတ်ပြု လုပ်
ဆောင်မှုကို မကြာမီပြဌာန်းမည့် ဥပဒေနှင့်အညီ ကြားဖြတ်ရယူခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ သို့မဟုတ်
မူဘောင်တွင် ထည့်သွင်းရေးဆွဲရန် လိုအပ်ပါသည်။ (သိသာထင်ရှားပြီး ကြိုတင်သေချာစွာ သတင်းရထားသော
သံသယဖြစ်ဖယ
ွ ရ
်ာ ဒုစရိက
ု မ
် မ
ျှုားကို ပစ်မတ
ှ် ထားသည့် ကြားဖြတ်ရယူခြင်းမျိုးကိသ
ုာ တရားဝင်ခင
ွ့်ပြုသင်ပ
့ါသည်။)
ဆက်သွယ်မှုများအား စောင့်ကြည့်ရန်အတွက် ထိရောက်စွာ ထောက်လှမ်းနိုင်ပြီး၊ အချက်အလက်များကို ကျူး
ကျော်ဝင်ရောက် ရယူနိုင်သောနည်းပညာများနှင့် အသုံးပြုခွင့် စည်းကမ်းသတ်မှတ်ပါရှိခြင်း မရှိသည့် ဆက်သွယ်
ရေးဆိုင်ရာ စောင့်ကြည့်နိုင်သည့်နည်းပညာများကို ဝယ်ယူခြင်းမှ ရှောင်ကျဉ်ရန်။ မြန်မာ့ထောက်လှမ်းရေး
လုပ်ငန်းများတွင် ထိုကဲ့သို့ လုပ်ဆောင်ခဲ့သော လုပ်နိုင်စွမ်းများ ယခင်ကရှိခဲ့သောကြောင့် ၄င်းတို့ကို အပြီးတိုင်
ဖျက်သိမ်းရန် သို့မဟုတ် ထိုသို့အသုံးချမှုများကို စည်းမျဉ်းစည်းကမ်းများချမှတ်ရန်မှာ အလွန်ပင် ခက်ခဲပါသည်။
အစိုးရအနေဖြင့် ဥပဒေနှင့်အညီ ကြားဖြတ်ရယူခြင်း အစိုးရအမိန့်ကို လိုက်နာရသည့် အိုင်စီတီကုမ္ပဏီများအသုံး
ပြုရန်အတွက် အစိုးရအနေဖြင့် ဥပဒေနှင့်အညီ ကြားဖြတ်ရယူရာတွင် နိုင်ငံတကာမှ စံနှုန်းများနှင့် ကိုက်ညီသော
ဆော့ဖ်ဝဲနှင့် ကိရိယာ၊ မကိုက်ညီသော နည်းပညာ၊ ပစ္စည်းကိရိယာ စသည်ဖြင့် ခွဲခြားသတ်မှတ်ထားရန် လွန်စွာ
အရေးကြီးပါသည်။ နိုင်ငံတကာ စံနှုန်းများနှင့် မကိုက်ညီသော ကုန်ပစ္စည်းများသည် စည်းကမ်းသတ်မှတ်ချက်များ
မပါရှိရာ လူ့အခွင့်အရေးအတွက် အန္တရာယ်များရှိပါသည်။
၅။ အချက်အလက် ကာကွယ်ရေးစံနစ်များနှင့် ဆိုက်ဘာလုံခြုံရေးတို့ တိုးတက်ကောင်းမွန်လာစေရန်။
လက်ရှိတွင် မြန်မာနိုင်ငံသည် ကုမ္ပဏီများအတွက် အချက်အလက် ကာကွယ်ခြင်းဆိုင်ရာ လိုအပ်ချက်များ သို့မဟုတ်
စံနှုန်းများ သတ်မှတ်ထားခြင်း မရှိပါ။ အများပြည်သူ၏ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များနှင့် ပုဂ္ဂိုလ်ရေး
အမှတ်အသားများကို ကာကွယ်ပေးခြင်းများ မရှိခြင်းသည် ကိုယ်ရေးကိုယ်တာ အချက်အလက်နှင့် လုံခြုံရေးဆိုင်ရာ
ရပိုင်ခွင့်ကို လွန်စွာထိခိုက်မှုဖြစ်စေပါသည်။ မြန်မာနိုင်ငံတွင် ဆိုင်ဘာလုံခြုံရေးအတွက် အခြေခံအဆောက်အအုံများ
တပ်ဆင်နေချိန်နှင့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ အခြေပြုတည်ဆောက်နေစဉ်တွင် လူ့အခွင့်အရေးကိုကာကွယ်
ထားရှိမှုများနှင့် ဆိုင်ဘာဒုစရိုက်မှုများကို တွန်းလှန်တိုက်ခိုက်ရန် တရားဝန်လိုအပ်ချက်များသည် ဘက်မျှစေရန်
အရေးကြီးပါသည်။ (အခန်း ၄.၅ တွင် ဆိုက်ဘာလုံခြုံရေးအတွက် ပိုမိုပြည့်စုံစွာ ဖတ်ရှုနိုင်ပါသည်။)
အကောင်အထည်ဖော်ဆောင်ရေးအတွက် အဓိကကျသည့် အချက်များ
ကုမ္ပဏီများနှင့် အခြားအဖွဲ့အစည်းများအတွက် အသုံးပြုသူများ၏ အချက်အလက်များကို စုဆောင်းခြင်း၊ စိစစ်
ခြင်း သို့မဟုတ် မျှဝေခြင်းတို့ လုပ်ကိုင်ရာတွင် အချက်အလက် ကာကွယ်ရေးဆိုင်ရာ ရှင်းလင်းသော စံနှုန်းများကို
တည်ဆောက်ရန်။ ထိုစံနစ်များတွင် အချက်အလက် လုံခြုံရေးဆိုင်ရာစံနှုန်းများနှင့် ကိုယ်ရေးကိုယ်တာ အချက်
လက်လုံခြုံရေးဆိုင်ရာ မူဝါဒများကို အများပြည်သူ သိရှိနိုင်စေရေးလုပ်ဆောင်ခြင်း၊ အသုံးပြုသူများအား ၄င်းတို့၏
အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ
15