ကုန်သွယ်ရေးသမဂ္ဂများ၏ လှုပ်ရှားမှုများတွင် ပါဝင်သည့် အလုပ်သမားများအား အကာအကွယ်ပေးခြင်းများ ပိုမို
အားကောင်းလာအောင် ဆောင်ရွက်ရန်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် တရားဝင်ခွင့်ပြုထားသည့် ကုန်သွယ်ရေး
သမဂ္ဂများ၏ လှုပ်ရှားခြင်းများတွင် ပါဝင်ခြင်းကိုအကြောင်းပြု၍ အလုပ်ရှင်များမှ အလုပ်ဖြုတ်ခြင်း သို့မဟုတ်
ခွဲခြားဆက်ဆံခြင်းများကို အလုပ်သမားများအနေဖြင့် ခံစားမှုမရှိရစေရန် ဖြစ်သည်။ အိုင်စီတီကဏ္ဍကဲ့သို့သော
ကြီးထွားလာနေသည့် ကဏ္ဍများတွင် အလုပ်ခန့်ထားမှုများ ပိုမိုများပြားလာနိုင်သည်ဖြစ်ရာ အလုပ်သမားများ
အတွက် လုံလောက်သည့် ကိုယ်စားပြုမှု ရရှိစေရန်အတွက် ကဏ္ဍအဆင့်တွင် သမဂ္ဂများ ဖွဲ့စည်းနိုင်ရေးအတွက်
ထောက်ပံ့ပေးရန်။ အလုပ်သမား ၃ဝ နှင့် အထက်ရှိပါက လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှု ကော်မတီကို
ဖွဲ့စည်းပေးရန် ဥပေဒကြောင်းအရ လိုအပ်ကြောင်းကို အဆိုပါအလုပ်ရှင်များ သိရှိသတိပြုမိစေရေးကို တိုးမြှင့်
လုပ်ဆောင်ရန်။
အိုင်စီတီနှင့် သက်ဆိုင်သည့် ဘာသာရပ်များဖြင့် ဘွဲ့ရယူထားသော အမျိုးသမီး အများအပြားအတွက် တူညီသည့်
အလုပ်အကိုင်အတွက် တန်းတူလစာဖြင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိအောင် အားပေးခြင်းဖြင့် အစိုးရ
အနေဖြင့် ကျား၊ မ တန်းတူညီမျှရေးအတွက် တာဝန်ယူကြောင်း ပြသရန်။
လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး စစ်ဆေးသူများကို အန္တရာယ်ဖြစ်နိုင်မှု မြင့်မားသော လုပ်ငန်းခွင်များ ဥပမာ
ဆက်သွယ်ရေးကွန်ရက်တိုင်များ ဆောက်လုပ်ခြင်းနှင့် ဖိုင်ဘာကြိုးများတပ်ဆင်ရန် တူးနေသည့် မြောင်းများကဲ့သို့
သော နေရာများသို့ ပစ်မှတ်ထားပြီး ဝင်ရောက်စစ်ဆေးရန် တာဝန်ပေးသင့်ပါသည်။
အခန်း ၄.၆ တွင် အလုပ်သမားရေးရာအတွက် ပိုမိုပြည့်စုံစွာ ဖတ်ရှုနိုင်ပါသည်။
မြေယာအသုံးပြုခြင်းနှင့် စီမံခန့်ခွဲခြင်း
မကြာမီပြဌာန်းမည့် အမျိုးသားမြေအသုံးချမှု မူဝါဒ (National Land Use Policy) သည် မြေယာပြန်လည်
ပိုင်ဆိုင်ခွင့် နှင့် လူနည်းစုတိုင်းရင်းသား အခွင့်အရေးများ ကာကွယ်ပေးနိုင်ရန် မြန်မာ့ဓလေ့ထုံးစံများ၊ မြေလွတ်
မြေရိုင်းနှင့် အများဘုံပိုင် မြေယာပိုင်ဆိုင်မှုနှင့် အသုံးပြုမှု အစီအစဉ်များအား ထည့်သွင့်စဉ်းစားမှုများကို သေချာ
စေရန်။
မြေယာများအသုံးချမှုအတွက် ကြောင်းကျိုးဆီလျော်သည့် ဥပဒေမူဘောင်တစ်ခုကို နိုင်ငံတကာ စံချိန်စံညွန်းများ
နှင့်အညီ တည်ဆောက်နိုင်ရန်။ (ဥပမာ တာဝန်ယူမှုရှိသော မြေယာလုပ်ပိုင်ခွင့် အုပ်ချုပ်မှုများအပေါ် ကမ္ဘာ့စားနပ်
ရိက္ခာအဖွဲ့ကြီး၏ စေတနာ့ဝန်ထမ်း လမ်းညွန်ချက်များ၊ အမျိုးသား အစားအသောက် လုံခြုံရေးခေါင်းစဉ်အောက်ရှိ
သစ်တောနှင့် ရေလုပ်ငန်းများ) မကြာမီပြဌာန်းမည့် အားလုံးခြုံငုံသော မြေယာဥပဒေများအတွင်း ပုဂ္ဂလိကကဏ္ဍ
လုပ်ငန်းများ လည်ပတ်နိုင်ရေးအတွက်ပါ ထည့်သွင်းရေးဆွဲ တည်ဆောက်သွားရန်။ ယင်းအချက်များ တွင်
ခွင့်ပြုထားသည့် လွဲပြောင်းရယူခွင့်ဆိုင်ရာ ကိစ္စရပ်များအတွက် တိကျမှုနှင့် ရှင်းလင်းမှု ရှိစေပြီး တစ်ချိန်တည်းမှာပင်
လက်ရှိ အသုံးပြုမှုနှင့် ပိုင်ဆိုင်မှု အခွင့်အရေး တို့အား အကာအကွယ်ပေးနိုင်စေရေးကို သေချာစွာ ဆောင်ရွက်ရန်
လိုအပ်ပါသည်။ အဆိုပါ အချက်များတွင် မြေယာဆိုင်ရာ ဖြေရှင်းနည်းများကို အသက်ဝင်စေရန်အလို့ငှာ တည်ဆဲ
မြေယာအငြင��းပွားမှု ဖြေရှင်းရေးဆိုင်ရာ စနစ်များကို ပြုပြင်ရန် လိုအပ်ပါသည်။
ရိက္ခာဖူလုံရေးနှင့် မရိုးသားသည့် မြေယာ လွှဲပြောင်းရယူခြင်းများတို့မှ လယ်သမားများအား သင့်တော်သည့်
ကာကွယ်ပေးမှုများရှိစေရန် မြေယာ အမျိုးအစားခွဲခြား သတ်မှတ်ခြင်းနှင့် အသုံးပြုမှုလုပ်ငန်းစဉ်များ ချမှတ်ရာတွင်
ရိုးရှင်းလွယ်ကူမှု ရှိစေရန်။ ယင်းအချက်များတွင် လယ်သမားများအနေဖြင့် မိမိတို့၏ မြေယာအစိတ်အပိုင်းများ
အပေါ်တွင် မိမိတို့ အသက်ရှင်သန်နေထိုင်ရေးအတွက် အခြား အစားထိုးနည်းလမ်းများကို ရွေးချယ်လုပ်ကိုင်
ခြင်းများကို ခွင့်ပြုရန် (ဥပမာ တယ်လီဖုန်း ဆက်သွယ်ရေးကိရိယာများအတွက် နှစ်ရှည်အငှားချပေးခြင်း) နှင့်/သို့
မဟုတ် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ တည်ထောင်ခြင်းများကို အားပေးနိုင်စေမည့် လုံလောက်ပျော့ပြောင်းမှုတို့
ရှိသင့်ပါသည်။
အစီရင်ခံစာအနှစ်ချုပ်နှင့် အကြံပြုတင်ပြချက်များ
13