ပစ္စုပ္ပန် နှင့် အနာဂါတ်အလားအလာအပေါ် လူအများ၏ သဘောထားအမြင်
၉
၁.၁။ လူအချင်းချင်းအကြားယုံကြည်မှု
လူမှုရေးသိပ္ပံသုတေသနတွေ့ရှိချက်များအရ လူ့အဖွဲ့အစည်းအတွင်းရှိ လူအချင်းချင်းအကြား ယုံကြည်မှုမြင့်မားခြင်း
နှင့် လူမှု့အရင်းအနှီး (Social Capital) အားကောင်းခြင်းသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်နေသည်ဟု
ညွှန်းဆိုလေ့ရှိပါသည်။ ထို့ကြောင့်လည်း လွန်ခဲ့သောဆယ်စုနှစ်က နိုင်ငံရေး၊စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် လူအဖွဲ့
အစည်းအတွင်း ယုံကြည်မှုအဆက်အစပ်ကို တိုင်းတာရန် ၂၀၁၅ နှင့် ၂၀၂၀ ခုနှစ်အတွင်း အဖွဲ့အစည်းအချို့က
စစ်တမ်းများကောက်ယူခဲ့ကြပါသည်။ ၂၀၁၇ ခုနှစ်တွင် လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှုအတိုင်းအတာမှာ အနိမ့်
ဆုံးဖြစ်ပြီး လူဦးရေ၏ ၁၇ ရာခိုင်နှုန်းကသာ လူအများစုက ယုံကြည်ရပါသည်ဟု ဖြေဆိုကြပါသည်။ သို့ဖြစ်ပါ၍ Blue
Shirt သုတေသနအဖွဲ့အနေဖြင့် အာဏာသိမ်းမှုအလွန် စစ်ရေးနှင့် နိုင်ငံရေးပဋိပက္ခများက လူ့အဖွဲ့အစည်းအတွင်း
ယုံကြည်မှုအတိုင်းအတာအား မည်သို့သက်ရောက်မှုရှိသည်ကို တိုင်းတာနိုင်ရန် ၂၀၂၄ ခုနှစ်တွင် စစ်တမ်းတစ်ခု
ကောက်ယူခဲ့ပြီး ယခုနှစ်တွင်လည်း ထည့်သွင်းကောက်ယူခဲ့ပါသည်။ ယေဘုယျအားဖြင့် စစ်တမ်းတွေ့ရှိချက်များအရ
လူအဖွဲ့အစည်းအတွင်း အချင်းချင်း ယုံကြည်မှုမှာ ဆက်လက်ကျဆင်းနေသည် ကိုတွေ့ရပါသည်။ စစ်တမ်းဖြေဆိုခဲ့
သူ ဆယ်ဦးတွင် ရှစ်ဦးခန့် (၈၅ ရာခိုင်နှုန်း)က လူအများနှင့် ဆက်ဆံရာတွင် သတိထားဆက်ဆံရန် လိုအပ်သည်ဟု
ဖြေဆိုကြပြီး ၁၃ ရာခိုင်နှုန်းခန့်ကသာ လူအများစုက ယုံကြည်ရပါသည်ဟု ဖြေဆိုကြပါသည်။ ၂၀၂၄ ခုနှစ်တွင် ၈
ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး ယခုနှစ်တွင် အနည်းငယ် ပြန်လည် မြင့်တက်လာသော်လည်း အနိမ့်ဆုံး
အနေအထားတွင်ရှိနေဆဲဖြစ်သည်ကို တွေ့ရပါသည်။ ဤသို့ ယုံကြည်မှု ကျဆင်းနေသည်ကို အသက်အရွယ်၊ ကျားမ၊ မြို့ပြ-ကျေးလက် နှင့် ပြည်နယ်၊တိုင်းဒေသကြီးမရွေး အားလုံးတွင် ကျဆင်းနေသည်ကို တွေ့ရပါသည်။
၃%
၁၃%
လူအများစုက ယုံကြည်စိတ်ချရပါတယ်
လူအများစုက သတိထားပြီးဆက်ဆံရတယ်
မသိပါ/မဖြေဆိုလိုပါ
၈၅%
ပုံ-၂။ လူအချင်းချင်းအကြားယုံကြည်မှု (ဖြေဆိုသူအားလုံး) n=၂၈၀၈