Blue Shirt Initiative
ခ။ အစီရင်ခံစာ အနှစ်ချုပ်
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအလွန် စစ်ရေးနိုင်ငံရေးပဋိပက္ခများကြောင့် လေးနှစ်တာကာလအတွင်း မြန်မာနိုင်ငံ
သားများ၏ လူမှုဘဝစီးပွား အခြေအနေတစ်ခုလုံး ဖရိုဖရဲဖြစ်သွားကာ မထင်မှတ်ထားလောက်အောင်ပြောင်းလဲ
သွားကြပါသည်။ ယင်းအပြောင်းအလဲကို ယာယီ သဘောအဖြစ်ရှုမြင်ပြီး မကြာမီကာလအတွင်း ပဋိပက္ခများ
ချုပ်ငြိမ်း၍ ပိုမိုကောင်းမွန်သည့် လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင် လိမ့်မည်ဟု အကောင်းမြင်ကောက်ချက်ဆွဲ
ကြသူများရှိသကဲ့သို့ ပဋိပက္ခများကို ဖြေရှင်းနိုင်စွမ်းမရှိတော့ဘဲ တိုင်းပြည်တစ်ခုလုံး ပြိုကွဲ ပျက်စီးသွားနိုင်သည့်
အခြေအနေသို့ ရောက်ရှိသွားလိမ့်မည်ဟု စိုးရိမ်ပူပန်နေကြသူများ ရှိကြပါသည်။ လက်ရှိအခြေအနေနှင့်
ပတ်သက်၍ ဩဇာတိက္က မ ရှိသူများနှင့် နာမည်ကျော်ကြားသူများ၏ သဘောထားအမြင်နှင့် သုံးသပ်ချက်များကို
သတင်းမီဒီယာပေါ်တွင် လွယ်လွယ်ကူကူ သိနိုင်သော်လည်း သာမန်ပြည်သူလူထု၏ သဘောထားအမြင်နှင့် အနာ
ဂါတ်မျှော်မှန်းချက်များကမူ မတွေ့ရသလောက် ပင်ဖြစ်သည်။ အထူးသဖြင့် ယခုလို ဆူညံသံများပွက်လောထ
ဖုံးလွှမ်းနေသည့် သတင်းအချက်အလက်ဂေဟစနစ်အတွင်း ပြည်သူလူထု၏ သဘောထားအမှန်ကို သိရှိရန်မှာ မ
ဖြစ်တော့သလောက်ပင်ဖြစ်သည်။ ယင်းဆူညံသံများအကြား ပြည်သူလူထု၏ အသံအစစ်အမှန်ကို ရှာဖွေ
ဖော်ထုတ်နိုင်ရန်အတွက် Blue Shirt သုတေသနအဖွဲ့က အများပြည်သူလူထုကို တိုက်ရိုက်တွေ့ဆုံ စစ်တမ်း
ကောက်ယူရန် ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ပါသည်။ ထို့ပြင် လူမှုမီဒီယာကွန်ရက်ပေါ်မှ ပဲ့တင်သံအခန်းသက်ရောက်မှုကို
ခြေဖျက်၍ ပိုမိုကျယ်ပြန့်သည့် လူထု၏သဘောထားအမြင်အား သိရှိနားလည်နိုင်ရန် ရည်ရွယ်ပါသည်။ ထို့ကြောင့်
Blue Shirt သုတေသနအဖွဲ့ အနေဖြင့်၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက် မှ ၂၅ ရက်အတွင်း နိုင်ငံတစ်ဝန်းလုံးရှိ
မြို့နယ် ၂၃၇ မြို့နယ်မှ အသက် ၁၈ နှစ်နှင့်အထက် အရွယ်ရောက်ပြီးသူ နိုင်ငံသား ၃,၁၂၈ ဦးကို တွေ့ဆုံ၍
စစ်တမ်းကောက်ယူခဲ့ပါသည်။ စစ်တမ်းတွင် အဓိကအားဖြင့် လက်ရှိနွေဦးတော်လှန်ရေးနှင့် ပတ်သက်၍
အကောင်းမြင်သည် သို့မဟုတ် အဆိုးမြင်သည်၊ မျှော်လင့်ချက်ရှိသည် သို့မဟုတ် စိတ်ပျက်အားလျော့နေသည် စ
သည့် ယေဘုယျသဘောထားအမြင်များအပြင် ၎င်းတို့၏ နေ့စဉ်လူမှုဘဝအခက်အခဲများနှင့် ပတ်သက်၍ မေးမြန်း
ထားပါသည်။ ထို့ပြင် ပြည်နယ်သစ်များ သို့မဟုတ် ဖက်ဒရယ်ယူနစ်အသစ်များ ဖွဲ့စည်းရေးသာမက နိုင်ငံမှခွဲထွက်
ရေးကိစ္စများမှာ နိုင်ငံရေးဦးဆောင်သူများအကြား ဆွေးနွေးငြင်းခုံနေသည့် အကြောင်းအရာများဖြစ်လာသည့်
အလျောက် အများပြည်သူ၏ သဘောထားကိုသိရှိနိုင်ရန် ထည့်သွင်းမေးမြန်းခဲ့ပါသည်။ နောက်ထပ် ထည့်သွင်း
မေးမြန်းခဲ့သည့် အကြောင်းအရာတစ်ခုမှာ လက်ရှိနိုင်ငံရေးနှင့် လက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေး တို့အနက် မည်
သည့် နည်းလမ်းက လက်တွေ့ကျအလုပ်ဖြစ်သည်ဟု ထင်မြင်ကြနေကြသည်ကိုလည်း စစ်တမ်းကောက်ယူ
မေးမြန်းခဲ့ပါသည်။
အာဏာသိမ်းပြီးနောက်ပိုင်း အရပ်ဘက်အဖွဲ့အစည်းများအတွက် စစ်တမ်းကောက်ယူရာတွင် (Probability
Sampling) ကျပန်းနမူနာများ ရွေးထုတ်သတ်မှတ်၍ ကောက်ယူသည့်နည်းလမ်းကို အသုံးပြုရန်မဖြစ်နိုင်
သည့်အတွက် ဤစစ်တမ်းကောက်ယူရာတွင် (Non-probability Sampling) စစ်တမ်းဖြေဆိုသူများကို
ဒေသခံသုတေသီများမှ ကြိုတင်ရွေးချယ်၍ တွေ့ဆုံမေးမြန်းသည့် နည်းလမ်းကိုသာ အသုံးပြုနိုင်ခဲ့ပါသည်။
တွေ့ဆုံမေးမြန်းမှုအားလုံးသည် မြန်မာနိုင်ငံအလယ်ပိုင်းကို ဦးတည်လှုပ်ခတ်ခဲ့သည့် ရစ်ချက်တာစကေး ၇.၇ ရှိ
သည့် ငလျင်ကြီး မဖြစ်ပွားမီ သုံးရက်မတိုင်မီ မတ်လ ၂၅ ရက်နေ့တွင် အပြီးသတ်နိုင်ခဲ့ပါသည်။ ထို့ကြောင့် ဤ
စစ်တမ်းတွေ့ရှိချက်များ နှင့်ပတ်သက်၍ အဓိကအချက် နှစ်ချက်ကို သတိချပ်ရန် အသိပေးလိုပါသည်။ ပထမ
အချက်အနေဖြင့် စစ်တမ်းကောက်ယူရာတွင် ကျပန်းနမူနာရွေးထုတ်သတ်မှတ်သည့်နည်းလမ်းကို သုံးထားခြင်းမ
ရှိသဖြင့် စစ်တမ်းတွေ့ရှိချက်များမှာ စစ်တမ်းကိုပါဝင်ဖြေဆိုခဲ့ဆိုသူများ၏ သဘောထားအမြင်သာဖြစ်ပြီး နိုင်ငံ
တွင်းရှိ နိုင်ငံသားများအားလုံး၏ သဘောထားကို ထင်ဟပ်နိုင်ခြင်း မရှိချေ။ ပုဂ္ဂလိကလုံခြုံရေးအရ စိတ်ချယုံကြည်
ရသည့် သူများကိုသာထည့်သွင်းရှာဖွေနိုင်ခဲ့သဖြင့် စစ်တမ်းဖြေဆိုသူများမှာ အနည်းနှင့် အများနိုင်ငံရေးလှုပ်ရှားမှု
များနှင့် ပတ်သက်နေသူများဖြစ်သည့်အလျောက် ယခုစစ်တမ်းတွင် ပါဝင်ဖြေဆိုသူများအနက် ၈၀ ရာခိုင်နှုန်းခန့်
က နိုင်ငံရေးကို စိတ်ပါဝင်စားသူများဖြစ်ကြပါသည်။ သို့သော်လည်း ဤတွေ့ရှိချက်များမှာ မြန်မာပြည်တွင်းရှိ ပြည်
သူအများ၏ သဘောထားအမြင်ကို အတိုင်းအတာတစ်စုံတစ်ရာအထိ ထင်ဟပ်သည်ဟု ယုံကြည်သည့်
အလျောက် အများပြည်သူ၏ သဘောထားအမြင်ကို လေ့လာရာတွင် အထောက်အကူဖြစ်လိမ့်မည်ဟု Blue
Shirt သုတေသနအဖွဲ့က ယုံကြည်ပါသည်။ ဒုတိယအချက် အနေဖြင့် အထက်တွင်ဆိုခဲ့သည့်အတိုင်း စစ်တမ်း