Blue Shirt Initiative
၄၀
၅.၂။ လူမှုကွန်ရက်မီဒီယာပို့စ်များ၏ အရည်အသွေးနှင့်အကြောင်းအရာ
အစောပိုင်းကာလများတွင် လူမှုကွန်ရက်များကို အချင်းချင်း သတင်းအချက်အလက် ဖလှယ်ရာ၊ ရှာဖွေရယူရာ အရင်း
အမြစ်တစ်ခုအဖြစ် အဓိကထား အသုံးပြုခဲ့ကြသော်လည်း ယခုအချိန်တွင် လူမှုကွန်ရက်မီဒီယာများမှာ နိုင်ငံရေး
လှုပ်ရှားမှုအတွက် အရေးကြီးသည့် ယန္တရားတစ်ခု ဖြစ်လာပါသည်။ အထူးသဖြင့် အာဏာသိမ်းမှုအလွန်ကာလ
မြန်မာနိုင်ငံတွင် ရုပ်/သံနှင့် ပုံနှိပ် မီဒီယာများအားနည်းသွားပြီး သတင်းလွတ်လပ်ခွင့် ကန့်သတ်ထိန်းချုပ်ခံလိုက်ရသ
ဖြင့် လူမှုကွန်ရက်မီဒီယာမှာ နိုင်ငံရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်မှုများနှင့် နိုင်ငံရေးလှုပ်ရှားမှုများအတွက် အဓိက
ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့ပါသည်။ တစ်ဖက်တွင် လူမှုကွန်ရက်မီဒီယာများက သတင်းအချက်အလက် ရယူပိုင်ခွင့်
နှင့် ပြောဆိုရေးသားခွင့်ကို လူတိုင်းရရှိအောင် ဖန်တီးပေးလိုက်သကဲ့သို့ပင် အခြားတစ်ဘက်တွင်လည်း လူမှု
ကွန်ရက်၏ Algorithm ကမတူညီသည့် အယူအဆ သဘောထားအမြင်များကို ကန့်သတ်ထိန်းချုပ်လိုက်ပြီး အယူ
အဆတစ်ခု သဘောထားအမြင် တစ်ခုတည်းကိုသာ ပဲ့တင်သံထပ်သကဲ့သို့ ထပ်ခါထပ်ခါ တွေ့မြင်ရစေရန်လည်း
ဖန်တီးထားပြန်သည်။ သို့ဖြစ်ပါ၍ လူအများအနေဖြင့် ၎င်းတို့၏ လူမှုကွန်ရက်မီဒီယာ စာမျက်နှာများပေါ်တွင် တွေ့မြင်
ရသည့် အကြောင်းအရာများနှင့် ယင်းအကြောင်းအရာများ၏ အရည်အသွေးနှင့် ပတ်သက်၍ မည်သို့ သဘောထား
သည်ကို သိရှိစေရန်မေးမြန်းခဲ့ပါသည်။
စစ်ရေးလှုပ်ရှားမှုများ၊ အကြမ်းဖက်မှု
သတင်းများ
၅၁%
၄၈%
စစ်မှုထမ်းစုဆောင်းခံရခြင်း
လူမှုစီးပွားဆိုင်ရာ ပြဿနာများ၊ နေ့စဉ်ဘဝတွင်
ကြုံတွေ့နေရသော အခက်အခဲများ
၂၃%
လိမ်လည်မှုများ၊ သတင်းတုသတင်းမှားများ၊
ကလစ်ဘိတ်များ
၂၀%
ဖျော်ဖြေရေးနှင့် ကိုယ်ရေးကိုယ်တာကိစ္စများ၊
ထင်ပေါ်ကျော်ကြားသောပုဂ္ဂိုလ်များ၏
သတင်းများ
၁၆%
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
အကျပ်အတည်းများ
၁၄%
အကြမ်းမဖက်လှုပ်ရှားမှုများ
၁၀%
အမုန်းစကားများ၊ ခွဲခြားဆက်ဆံမှုများ
၁၀%
နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများက ကြား
ဝင်ညှိနှိုင်းမှုဆိုင်ရာသတင်းများ
၉%
မှုခင်းသတင်းများနှင့် ပုဂ္ဂလိကလုံခြုံရေး
ဆိုင်ရာ သတင်းများ
၈%
နိုင်ငံရေးနည်းအရအဖြေရှာခြင်း
နည်းလမ်းများ
၇%
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿ���ာများ၊
သဘာဝဘေးအန္တရာယ်များ
၆%
ရွေးကောက်ပွဲသတင်းများ
၄%
မသိပါ/မဖြေဆိုလိုပါ
၁၂%
၀%
၂၀%
၄၀%
၆၀%
ပုံ-၄၅။ လူမှုကွန်ရက်မီဒီယာပေါ်တွင်တွေ့ရသော အကြောင်းအရာများ (ဖြေဆိုသူအားလုံး) n=၂၈၀၈
၈၀%