Blue Shirt Initiative ၂၄ ၂.၃။ လမ်းကြောင်းမှန် နှင့် လမ်းကြောင်းအမှား လက်ရှိနိုင်ငံအတွင်း ကြုံတွေ့နေရသည့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုများနှင့် ပတ်သက်၍ စစ်တမ်းဖြေဆိုသူများ အနေဖြင့် ယင်းမတည်မငြိမ်ဖြစ်မှုများမှာ အနာဂတ်တွင် ပြေလည်သွားမည့် လမ်းကြောင်း အတိုင်း သွားနေသည်ဟု မျှော်လင့်ပါသလား သို့မဟုတ် မသေချာမရေရာ ဖြစ်နေသလားဟု သိရှိနိုင်ရန်မေးမြန်း ခဲ့ပါသည်။ စစ်တမ်းဖြေဆိုသူ ဆယ်ဦးတွင် ခြောက်ဦးက နိုင်ငံအနေဖြင့် လမ်း​အမှားပေါ်ရောက်နေသည်ဟု ထင်မြင်ကြပါသည်။ အဓိကအားဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု၊ နိုင်ငံတနံတလျား ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်မှုများ၊ တရားဥပဒေစိုးမိုးမှုကင်းမဲ့ခြင်းနှင့် စီးပွားရေးကျဆင်းမှုတို့ ကြောင့် တိုင်းပြည် အခြေအနေမှာ ပိုမိုဆိုးရွားသွားမည်ဟု ရှုမြင်ကြပါသည်။ စစ်တမ်းဖြေဆိုသူများအနက် နိုင်ငံ မှာ လမ်းကြောင်းမှန်ဘက်သို့ ဦးတည်နေသည်ဟု ဖြေဆိုသူအချို့လည်း ရှိပါသည်။ ယင်းတို့အနက် မြန်မာ စစ်တပ်၏ ဦးဆောင်မှုကြောင့် လမ်းကြောင်းမှန်ဘက်သို့ ဦးတည်နေသည်ဟု ဖြေဆိုကြသူမှာ အနည်းစု (၁၅ ရာခိုင်နှုန်း) ရှိသည်ကို တွေ့ရပါသည်။ ၂၂% ၁၅% လမ်းကြောင်းမှန် လမ်းကြောင်းမှား မသိပါ/မဖြေဆိုလိုပါ ၆၃% ပုံ-၂၅။ လမ်းကြောင်းမှန် နှင့် လမ်းကြောင်းမှား (ဖြေဆိုသူအားလုံး) n=၂၈၀၈ လမ်းကြောင်းမှန် ပထဝီနယ်မြေ အသက်အရွယ် ပညာရေး မသိပါ/မဖြေဆိုလိုပါ ပြည်နယ်မျာ��� ၁၂% ၆၇% ၂၀% တိုင်းဒေသကြီးများ ၁၆% ၆၁% ၂၃% ရန်ကုန်မြို့တော် ၁၀% စစ်ကိုင်းနှင့်မကွေးတိုင်း ကျား-မ လမ်းကြောင်းမှား ၆၇% ၃၀% ၂၂% ၅၄% ၁၆% ကျား ၁၆% မ ၁၄% ၆၃% ၂၃% အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား ၁၅% ၆၄% ၂၁% အသက် ၂၆ နှစ်မှ ၃၅ နှစ်ကြား ၁၆% ၆၃% ၂၂% ၃၆နှစ်နှင့် အထက် ၁၄% ၆၃% ၂၃% အထက်တန်းအောက် ၁၆% ၆၁% ၂၃% အထက်တန်းအောင်နှင့်အထက် ၁၅% ၆၅% ၂၁% ၀% ၂၀% ၆၃% ၂၀% ၄၀% ၆၀% ပုံ-၂၆။ လမ်းကြောင်းမှန် နှင့် လမ်းကြောင်းမှား ၈၀% ၁၀၀%

Select target paragraph3