Blue Shirt အဖွဲ့အကြောင်း Blue Shirt Initiative အဖွဲ့သည် အချက်အလက်သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံရေးအားဖြင့် လွတ်လပ်၍ ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော ပြည်တွင်းအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီတန်ဖိုးများ အားကောင်းလာပြီး ခိုင်မာသည့် ဒီမိုကရက်တစ်အင်စတီကျူးရှင်းများ တည်ဆောက်နိုင်ရေး အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်လျက် သုတေသနလုပ်ငန်းများနှင့် ပညာရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေပါသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ တန်ဖိုးများနှင့် စည်းမျဉ်းများကို လိုက်နာကျင့်သုံးပြီး လုပ်ငန်း များဆောင်ရွက် ရာတွင်လည်း လူမျိုး၊ ကိုးကွယ်ယုံကြည်ရာ ဘာသာ၊ လိင်စိတ်ခံယူမှုတို့နှင့် ပတ်သက်၍ ခွဲခြားဆက်ဆံ မှုမရှိဘဲ တန်းတူညီမျှစွာ ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင်လည်း လူမှုကွန်ရက်ဆိုင်ရာ သုတေသနအပါအဝင် နိုင်ငံသားများ၏ သဘောထားအမြင် စစ်တမ်းများ၊ သုတေသနများ ဆောင်ရွက်လျက်ရှိပါသည်။ Blue Shirt အဖွဲ့အကြောင်း ပိုမိုသိရှိလိုလျှင် https://www.facebook.com/BlueShirtInitiative https://blueshirtinitiative.org info@blueshirtinitiative.org ကျေးဇူးတင်လွှာ BSI အဖွဲ့အနေဖြင့် ဤစစ်တမ်းကောက်ယူရာတွင် ပါဝင်ဖြေဆိုခဲ့ကြသူများ၊ ကြီးကြပ်ခဲ့သူများနှင့် ဤစစ်တမ်းအတွက် ငွေကြေးဆိုင်ရာ အကူအညီပေးခဲ့သော အဖွဲ့အစည်းများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြလို ပါသည်။

Select target paragraph3