ပစ္စုပ္ပန် နှင့် အနာဂါတ်အလားအလာအပေါ် လူအများ၏ သဘောထားအမြင် ၁၁ ၁.၂။ ကွဲပြားခြားနားမှုနှင့် မတူညီမှုကိုနားလည်လက်ခံပေးခြင်း တစ်ဆက်တည်းတွင် လူ့အဖွဲ့အစည်းတွင်းယုံကြည်မှုနှင့် ဆက်စပ်နေသည့် လူမှုသဟဇာတဖြစ်မှုနှင့် ပတ်သက်၍လည်း ဆက်လက် မေးမြန်းခဲ့ပါသည်။ အဓိကအားဖြင့် လူ့အဖွဲ့အစည်းအတွင်း လူမှုရေးနောက်ခံ၊ ကိုးကွယ်ယုံကြည်မှုနှင့် နိုင်ငံရေးရပ်တည်ချက် စသဖြင့် ကွဲပြားနေသော လူအုပ်စုများအပေါ် မည်သို့ သဘောထားသည်ကိုမေးမြန်းရာ စစ်တမ်းဖြေဆိုသူအများစုက ရာဇဝတ်မှုနှင့်ဆက်စပ်သည့် လူများအပေါ် မယုံ ကြည်သည်ကို တွေ့ရပါသည်။ စစ်တမ်းဖြေဆိုသူအများစုကမူ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ အရက်စွဲနေသူများ နှင့် အိမ်နီးနားချင်းအဖြစ် အတူမနေလိုပါဟု ဖြေကြားကြပါသည်။ စစ်တမ်းဖြေဆိုသူ ၂၁ ရာခိုင်နှုန်းကမူ ၎င်းတို့ နှင့် နိုင်ငံရေးအယူအဆ၊ ရပ်တည်ချက်မတူညီသူများနှင့် အိမ်နီးချင်းမဖြစ်လိုဟု ဖြေကြားကြပါသည်။ မူးယစ်ဆေး/အရက်စွဲနေသူများ ၄၄% ရာဇဝတ်မှုကျူးလွန်ခဲ့ဖူးသူများ ၃၁% ၂၈% မည်သူနဲ့မဆိုအဆင်ပြေပါတယ် မိမိနှင့်နိုင်ငံရေးရပ်တည်ချက် မတူညီသူများ ၂၁% လိင်စိတ်ခံယူမှုကွဲပြားသူများ ၈% နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ၈% မိမိနှင့် ကိုးကွယ်ယုံကြည်မှု မတူညီသူများ ၅% မိမိနှင့်လူမျိုး/တိုင်းရင်းသား မတူညီသူများ ၃% သက်ကြီးရွယ်အိုများ ၁% မသန်စွမ်းသူများ ၁% မသိပါ/မဖြေဆိုလိုပါ ၄% ၀% ၁၀% ၂၀% ၃၀% ၄၀% ပုံ-၅။ မတူညီသည့်လူအုပ်စုများအပေါ်သဘောထားအမြင် (ဖြေဆိုသူအားလုံး) n=၂၈၀၈ ၅၀%

Select target paragraph3