Blue Shirt Initiative အင်စတီကျူးရှင်းများအပေါ်ယုံကြည်မှု။ ယခင်နှစ်တွင် ကောက်ယူခဲ့သည့် စစ်တမ်းအသီးသီး၏ တွေ့ရှိချက်များ အတိုင်းပင် နစက (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ)၊ နစကခေါင်းဆောင်များ၊ အစိုးရယန္တရားများနှင့် အများ ပြည်သူအကြား ယုံကြည်မှုကင်းမဲ့နေသည်ကိုတွေ့ရပြီး စစ်တမ်းဖြေဆိုသူဆယ်ဦးတွင် ရှစ်ဦးက မယုံကြည်ပါဟု တုံ့ပြန်ထားပါသည်။ ဆန့်ကျင်ဖက်အနေဖြင့် EAOs/EROs များအပါအဝင် ဒီမိုကရေစီအင်အားစုများပေါ် ယုံကြည်မှုမှာ အားကောင်း မြင့်မားနေဆဲဖြစ်သည်ကို တွေ့ရပါသည်။ အထူးသဖြင့် နွေဦးတော်လှန်ရေးတွင် တိုက်ရိုက်ပါဝင်မှုမရှိလင့်ကစား ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မှုမှာ အခြားသူများအားလုံးကို ကျော် လွန်၍ အမြင့်ဆုံးဖြစ်နေသည်ကိုတွေ့ရပါသည်။ လူမှုကွန်ရက်မီဒီယာ နှင့် နိုင်ငံရေးသတင်းအရင်းအမြစ်။ ယေဘုယျအားဖြင့် နိုင်ငံရေးနှင့် ပတ်သက်သည့် သတင်း အချက်အလက် ရယူနိုင်ရေးအတွက် လူမှုကွန်ရက်မီဒီယာများမှာ အလွန်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင် နေသည်ကို စစ်တမ်းဖြေဆိုသူအများစု အသိအမှတ်ပြုလက်ခံကြသည်ကိုတွေ့ရပါသည်။ သို့သော်လည်း လူမှု ကွန်ရက်မီဒီယာများပေါ်ရှိ သတင်းအချက်အလက်များ၏ အရည်အသွေး၊ မှန်ကန်တိကျမှုနှင့် ပတ်သက်၍မူ သံသယရှိသည်ကိုလည်း တွေ့ရပါသည်။ စစ်တမ်းဖြေဆိုသူ ဆယ်ဦးတွင် ရှစ်ဦးက Facebook၊ Youtube၊ Websites၊ TikTok၊ Telegram စသည်တို့မှာ နိုင်ငံရေးသတင်းများရယူရန်အတွက် အဓိကသတင်း အရင်းအမြစ်များဖြစ်သည်ဟု ဆိုပါသည်။

Select target paragraph3