ပစ္စုပ္ပန် နှင့် အနာဂါတ်အလားအလာအပေါ် လူအများ၏ သဘောထားအမြင်
မေးမြန်းမှုများအားလုံးကို ငလျင်ကြီးမဖြစ်ပွားမီ အပြီးသတ်ခဲ့သဖြင့် ငလျင်ကြီး မဖြစ်ပွားမီနှင့် ငလျင်ကြီး
နောက်ပိုင်း အများပြည်သူ၏ သဘောထားအမြင်များ မည်သည့်အတိုင်းအတာအထိ ပြောင်းလဲသွား နိုင်သည်
ဆိုသည်ကို တိုင်းတာနိုင်ခဲ့ခြင်းမရှိချေ။
နိုင်ငံသားနှင့် နိုင်ငံရေးယဉ်ကျေးမှုဓလေ့။ ၂၀၂၄ ခုနှစ် စစ်တမ်းတွေ့ရှိချက်နှင့်နှိုင်းယှဉ်ပါက ယခု ၂၀၂၅ ခုနှစ်
စစ်တမ်းတွင် လူအချင်းချင်း အကြားယုံကြည်မှုမှာ အနည်းငယ်ပြန်လည်မြင့်တက်လာသည်ဟု ဆိုရပါမည်။
သို့သော်လည်း ဆယ်စုနှစ်တစ်ခုအတွင်း အနိမ့်အခြေအနေတွင် ရောက်ရှိနေဆဲပင်ဖြစ်သည်။ အာဏာသိမ်းမှု
နောက်ပိုင်း နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများပြုလုပ်ရန် မဖြစ်နိုင်သည့် အခြေအနေသို့ ရောက်နေသော်လည်း ရပ်/
ရွာဆိုင်ရာ လှုပ်ရှားမှုများမှာ အားကောင်းနေဆဲဖြစ်နေသည်ကို တွေ့ရပါသည်။ အဓိကအားဖြင့် ရပ်/ရွာ
အားကစားလှုပ်ရှားမှုများ၊ လုပ်ငန်းခွင်ဆိုင်ရာ စုဖွဲ့လှုပ်ရှားမှုများ၊ ရပ်/ရွာလူမှုကူညီရေး လှုပ်ရှားမှုများနှင့် ဘာသာ
ရေးဆိုင်ရာ
လှုပ်ရှားမှုများမှာ အားကောင်းနေဆဲဖြစ်သည်။ ဤရပ်/ရွာဆိုင်ရာ
စုဖွဲ့လှုပ်ရှားမှုများသည်
လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးအတွက် အထောက်အပံ့ကောင်းများ ဖြစ်သည်ဟု
လည်း Blue Shirt သုတေသနအဖွဲ့က ယုံကြည်ပါသည်။
ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီစနစ်မှာ မြန်မာနိုင်ငံအတွက် အသင့်လျော်ဆုံးစနစ်ဖြစ်သည်ဟု လူအများအကြား
အတိုင်းအတာမှာ ကျဆင်းသွားခြင်းမရှိဘဲ မြင့်မားနေဆဲဖြစ်ပါသည်။ သို့သော်လည်း ပြည်နယ်သစ်ဖွဲ့စည်းရေးနှင့်
ပတ်သက်၍ အသေးစိတ် ထပ်မံမေးမြန်းရာတွင် လူအနည်းငယ်ကသာလက်ရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး
နယ်နိမိတ်များကို ပြန်လည်ပြင်ဆင်ရေးဆွဲခြင်းကို သဘောတူလက်ခံကြသည်ကိုလည်းတွေ့ရပါသည်။ အလားတူ
ပင် နိုင်ငံမှခွဲထွက်ရန်ဆန္ဒရှိသည့် ဒေသများကို ခွဲထွက်ခွင့်ပြုသင့်သည်ဆိုသည့်အမြင်ကို စစ်တမ်းဖြေဆိုသူ အချို့
ကသာ သဘောတူလက်ခံပါသည်။
နိုင်ငံသားအဖြစ်သတ်မှတ်နိုင်ရန် လိုအပ်သည့်အရည်အချင်းနှင့် ပတ်သက်၍မူ စစ်တမ်းဖြေဆိုသူအများစုက
ကန့်သတ်တင်းကြပ်လိုသည့် သဘောထားအမြင်ရှိသည်ကို တွေ့ရပါသည်။ အဓိကအားဖြင့် နိုင်ငံသားအဖြစ်
သတ်မှတ်ရာတွင် တိုင်းရင်းသားလူမျိုးဖြစ်မှု၊ ဘာသာစကားပြောဆိုနိုင်မှုနှင့် ကိုးကွယ်ရာဘာသာစသည့် ဇာတိ
ဇာစ်မြစ်အပေါ်အခြေခံ၍ ဆုံးဖြတ်သတ်မှတ်လိုသည်ကိုတွေ့ပါသည်။ သို့သော်လည်း စစ်တမ်းဖြေဆိုသူအများစု
အကြား နိုင်ငံချစ်ခင်ဂုဏ်ယူစိတ် ကျဆင်းနေပြီး အနည်းငယ်ကသာ နိုင်ငံအပေါ် ဂုဏ်ယူဝင့်ကြွား ရပါသည်ဟု
ဖြေဆိုထားပါသည်။
တိုင်းပြည်အပေါ် လူထု၏စိတ်ခံစားမှု။ ယေဘုယျအားဖြင့် စစ်တမ်းဖြေဆိုသူများက လက်ရှိအနေအထားနှင့်
ပတ်သက်၍
စိတ်ပျက်လက်ပျက်ဖြစ်နေပြီး
အဆိုးမြင်နေကြသည်ကိုတွေ့ရပါသည်။
၂၀၂၁
ခုနှစ်တွင်
အာဏာသိမ်းမှု၏ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် နိုင်ငံတစ်ဝန်းလုံး အကြမ်းဖက်မှုများနှင့် ကြုံတွေ့နေရပြီး
လမ်းကြောင်းအမှားပေါ် ရောက်သွားသည်ဟု အများစုက ရှုမြင်ကြပါသည်။ ထို့ပြင် လက်ရှိအနေအထားမှာ ၎င်း
တို့၏ နေ့စဉ်လူနေမှုဘဝနှင့် စီးပွားရေးလုပ်ငန်းများ လည်ပတ်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု
စစ်တမ်းဖြေဆိုသူအများစုက ဖြေဆိုကြပါသည်။ ထိုမျှသာမက စစ်တမ်းဖြေဆိုသူ လေးပုံတစ်ပုံခန့်က ပြီးခဲ့သည့်
ခြောက်လအတွင်း ၎င်းတို့အနေဖြင့် ဝင်ငွေမရှိဘဲ နေထိုင်ခဲ့ကြရပြီး ပစ္စည်းဥစ္စာများလည်း ပေါင်နှံရောင်းချခဲ့ရ
သည်ဟု ဆိုပါသည်။ ဤအခြေအနေမျိုးတွင် နိုင်ငံအနေဖြင့် ရွေးကောက်ပွဲကျင်းပရန်မှာ အချိန်အခါကောင်း
မဟုတ်ဟုလည်း ရှုမြင်ကြပါသည်။
လက်နက်ကိုင်ပဋိပက္ခ။ လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခနှင့် ပတ်သက်၍ စစ်တမ်းဖြေဆိုသူများ
အကြား အမြင်နှစ်မျိုးကို တွေ့ရသည်။ စစ်တမ်းဖြေဆိုသူထက်ဝက်ခန့်မှာ လက်ရှိပဋိပက္ခများသည် လာမည့်ငါးနှစ်
အတွင်း ချုပ်ငြိမ်းသွားလိမ့်မည်ဟု အကောင်းမြင်မျှော်လင့်သော်လည်း ကျန်တဝက်ကမူ ထို့ထက်ပိုမိုကြာညောင်း
လိမ့်မည်ဟု စိုးရိမ်ပူပန်ကြပါသည်။ ပဋိပက္ခဖြေရှင���းရေးနှင့် ပတ်သက်၍ လက်နက်ကိုင်နည်းလမ်းသည် ကျန်
နိုင်ငံရေးနည်းလမ်းနှင့် နိုင်ငံတကာကြားဝင်စေ့စပ်သည့် နည်းလမ်းများထက် ပိုမိုထိရောက်မှုရှိသည်ဟု သဘော
ထားအမြင်ရှိသော်လည်း လက်တွေ့ကျကျ လုပ်ဆောင်ရန်အတွက်မူ နိုင်ငံရေးနည်းလမ်းတခုကို အမြန်ဆုံးရှာဖွေ
သင့်သည်ဟု ဆိုကြပါသည်။