ပစ္စုပ္ပန် နှင့် အနာဂါတ်အလားအလာအပေါ် လူအများ၏ သဘောထားအမြင် ၄၃ စစ်တမ်းကောက်ယူမှု နည်းစနစ် ဤစစ်တမ်းကောက်ယူရန်အတွက် နမူနာများရွေးထုတ်ရာတွင် “Non-probability Sampling” စနစ်များထဲမှ “Purposive Sampling” (စစ်တမ်းဖြေဆိုသူများကို သုတေသီများက ကြိုတင်ရွေးချယ်သည့်နည်းလမ်း) ကို အသုံးပြုခဲ့ပါသည်။ ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်မှ ၂၅ ရက်အထိ နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၂၃၇ ခုမှ အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံသား ၃,၁၂၈ ဦးကို ရွေးချယ်မေးမြန်းခဲ့ ပါသည်။ မူလနမူနာယူနစ် မြို့နယ်များကိုရွေးချယ်သတ်မှတ်ခြင်း။ ။ နိုင်ငံသားများအားလုံး၏ သဘောထားအမြင်ကို ထင်ဟပ်နိုင်သည့် ကျပန်းနမူ နာ ရွေးချယ်သည့်နည်းစနစ် (Probability sampling) ကို အသုံးပြုရန်မဖြစ်နိုင်သော်လည်း Blue Shirt အဖွဲ့အနေဖြင့် နိုင်ငံ အတွင်းရှိ ပြည်သူများ၏ သဘောထားအမြင်ကို အတတ်နိုင်ဆုံးကိုယ်စားပြုနိုင်ရန်အတွက် ရည်ရွယ်ထားသည့်အလျောက် နိုင်ငံတစ်ဝန်း လုံးရှိ မြို့နယ် ၃၃၀ မြို့နယ်တွင် နမူနာအရေအတွက်သတ်မှတ်ပြီး ကောက်ယူရန် ရည်ရွယ်ခဲ့ပါသည်။ သို့သော်လည်း လက်နက်ကိုင် ပဋိပက္ခများ ပြင်းထန်မှု၊ လုံခြုံရေးအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေးနှင့် တယ်လီဖုန်းအင်တာနက်ရရှိမှုအခြေအနေများကို အကဲခတ် ပြီးနောက် မြို့နယ် ၂၃၇ မြို့ကိုသာ စစ်တမ်းကောက်ယူနိုင်သည့် အခြေအနေရှိသည်ကို တွေ့ရပါသည်။ မြို့နယ်အလိုက် ဖြေဆိုသူ အရေအတွက်ကိုသတ်မှတ်ပြီး ဒေသခံသုတေသီများက စစ်တမ်းဖြေဆိုမည့်သူများကို ရွေးချယ်စေခဲ့ပါသည်။ [မှတ်ချက်။ စာရင်းအင်း ပိုင်ဆိုင်ရန် ဆန်းစစ်လေ့လာမှုအတွက် လက်ရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး၊ မြို့နယ်နယ်နိမိတ်များကို ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီ ကာလက နယ်နိမိတ်ပိုင်းခြားသတ်မှတ်ထားသည့် အတိုင်းဆက်လက်အသုံးပြုထားပါသည်။] စစ်တမ်းဖြေဆိုသူများကိုရွေးချယ်ခြင်း။ ။ သတ်မှတ်ထားသည့် အရေအတွက်အတိုင်း ဒေသခံသုတေသီများက မြို့နယ်အလိုက် Purposive Sampling (စစ်တမ်းဖြေဆိုသူများကို သုတေသီများက ရွေးချယ်သည့်နည်းလမ်း) အရ ဖြေဆိုသူများကို ရွေးချယ်ပါသည်။ ဒေသခံသုတေသီများကို တစ်မြို့နယ်စီတွင် အသက် ၁၈ နှစ်နှင့် ၁၈နှစ်အထက် မြန်မာနိုင်ငံသားများ ၁၂ ဦးနှုန်းဖြင့်သတ်မှတ်ခဲ့ပြီး ကျား၊ မ အချိုးအစား တန်းတူညီတူ ရွေးချယ်စေခဲ့ပါသည်။ (အမျိုးသမီး ၅၀ ရာခိုင်နှုန်းနှင့် အမျိုးသား ၅၀ ရာခိုင်နှုန်း) ထို့ပြင်ရန်ကုန်မြို့တော်နှင့် တိုင်းဒေသကြီးများအနက် စစ်ရေးပဋိပက္ခများကို ပိုမိုပြင်းထန်စွာရင်ဆိုင်နေရသည့် စစ်ကိုင်းနှင့် မကွေးတိုင်း ဒေသကြီးရှိ ဖြေဆိုသူများကို အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဖြေဆိုသူများ၏ ဖြေဆိုမှုများနှင့် နှိုင်းယှဉ်လေ့လာနိုင်ရန် အတွက်လည်း အပိုဆောင်းနမူနာများသတ်မှတ်ကာ ထပ်မံရွေးချယ်စေခဲ့ပါသည်။ ထို့ကြောင့် ရန်ကုန်မြို့တော်နှင့် စစ်ကိုင်း၊မကွေး တိုင်း ဒေသကြီးများ၏ မြို့နယ်တစ်ခုစီတွင် အပိုဆောင်းဖြေဆိုသူ ၆ ဦးစီကို ထပ်တိုးမေးမြန်းခဲ့ပါသည်။ နိုင်ငံတစ်ဝန်းလုံး ရန်ကုန်မြို့တော် ထပ်ဆောင်းနမှုနာ စစ်ကိုင်းနှင့် မကွေးတိုင်း ထပ်ဆောင်းနမှုနာ စုစုပေါင်းမေးမြန်းမှု နိုင်ငံတစ်ဝန်းလုံး ၂,၈၀၈ ၂,၈၀၈ ပြည်နယ်များ ၇၄၈ ၇၄၈ တိုင်းဒေသကြီးများ ၂,၀၆၀ ၂,၀၆၀ ရန်ကုန်မြို့တော် ၃၉၆ စစ်ကိုင်းနှင့်မကွေးတိုင်း ၅၄၁ ၁၉၈ ၅၉၄ ၁၂၂ ဖြေဆိုသူအားလုံး ၆၆၃ ၃.၁၂၈ အချက်အလက်ကောက်ယူခြင်း။ ။ ၂၀၂၅ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှ ၂၅ ရက်အတွင်း Blue Shirt အဖွဲ့၏ Software ကိုအသုံးပြု၍ ဖြေဆိုသူ ၃,၁၂၈ ဦးကို စစ်တမ်းမေးမြန်းကောက်ယူခဲ့ပါသည်။ လုံခြုံရေးအခြေအနေ၊ဆက်သွယ်ရေးကွန်ရက်အခြေအနေပေါ် မူတည်၍ တွေ့ဆုံမေးမြန်းမှု ၅၈ ရာခိုင်နှုန်းကို Survey Link မှတစ်ဆင့်နှင့် ၄၀ ရာခိုင်နှုန်းကို မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းမှုမှတစ်ဆင့် ပြုလုပ်ခဲ့ပါသည်။ ကျန် ၂ ရာခိုင်နှုန်းကို တယ်လီဖုန်းဖြင့် မေးမြန်းမှုပြုလုပ်ခဲ့သည်။ ဖြေဆိုသူအားလုံး ပြည်နယ် တိုင်းဒေသကြီး Survey Link မှတစ်ဆင့် ဖြေဆိုသူ ၁,၈၁��� ၃၄၂ ၁,၄၇၃ လူကိုယ်တိုင်မေးမြန်းခြင်း ၁,၂၄၂ ၃၉၄ ၈၄၈ တယ်လီဖုန်းမှတစ်ဆင့် ဖြေဆိုသူ ၇၁ ၁၂ ၅၉ စစ်တမ်းအရည်အသွေး စစ်ဆေးခြင်း ။ ။ ‌Blue Shirt အဖွဲ့အနေဖြင့် အချက်အလက်ကောက်ယူမှုများပြီးစီးပြီးနောက် ဖြေဆိုသူ ၆၀ ဦး ကို ကျပန်းရွေးချယ်ကာ စစ်တမ်းဖြေဆိုမှုအရည်အသွေး စစ်ဆေးမှုအတွက် ပြန်လည်ဆက်သွယ်ခဲ့ပါသည်။ ၎င်းတို့အား မူလစစ်တမ်းဖြေ ဆိုမှုများ မှန်ကန်ကြောင်းအတည်ပြုရန် မေးခွန်းများ မေးမြန်းခဲ့ပါသည်။ ဤစစ်ဆေးခြင်း လုပ်ထုံးလုပ်နည်းကို အချက်အလက်များ မှန်ကန်တိကျစေရန်နှင့် စစ်တမ်းကောက်ယူရာတွင် ဘက်လိုက်ခြင်းကဲ့သို့ ဖြစ်နိုင်ခြေများကို ရှာဖွေပြီး ကာကွယ်ရန်အတွက် အရည်အသွေးထိန်းချုပ်မှု အစီအမံအဖြစ် အကောင်အထည်ဖော်ခဲ့ပါသည်။

Select target paragraph3