Blue Shirt Initiative
၃၆
၄.၂။ EAOs/EROs များအပေါ်ယုံကြည်မှု
မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးကြသည့်အခါ ဗမာတိုင်းရင်းသားမဟုတ်သည့် အခြားတိုင်းရင်းသား
လူနည်းစုများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လေ့မရှိချေ။ သို့သော်လည်း နွေဦး
တော်လှန်ရေးလူထုလှုပ်ရှားမှု ပေါ်ပေါက်လာပြီးနောက်ပိုင်း လူနည်းစုတိုင်းရင်းသားများ၏ နိုင်ငံရေးမျှော်မှန်းချက်နှင့်
ပတ်သက်၍ဆွေးနွေးမှုများ ပိုမိုများပြားလာသည့်အပြင် ၎င်းတို့၏ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကိုပါ အသိအမှတ်
ပြုလာကြသည်ကို တွေ့ရပါသည်။ သို့ဖြစ်ပါ၍ သာမန်ပြည်သူပြည်သားများအနေဖြင့် နွေဦးတော်လှန်ရေး၏ လက်
နက်ကိုင်ခုခံတော်လှန်မှုကို ဦးဆောင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်း အုပ်စုနှစ်ခုအပေါ် ယုံကြည်ကိုးစားမှုနှင့်
လက်ခံမှုအတိုင်းအတာ မည်သို့ပြောင်းလဲလာသည်ကို သိရှိနိုင်ရန်မေးမြန်းခဲ့ပါသည်။ ယေဘုယျအားဖြင့် စစ်တမ်း ဖြေ
ဆိုသူ ထက်ဝက်ခန့်က EAOs/EROs များကို ယုံကြည်ကိုးစားမှုရှိသည်ဟု ဖြေဆိုကြပြီး လေးပုံတစ်ပုံအောက်ကသာ
ယုံကြည်မှုမရှိဟု တုံ့ပြန်ကြပါသည်။ လက်နက်ကိုင်အဖွဲ့အစည်း အုပ်စုနှစ်ခုအကြား ယုံကြည်မှုအတိုင်းအတာ ကွာခြား
မှုမရှိသည်ကို တွေ့ရပါသည်။
လုံးဝယုံကြည်မှုမရှိပါ
ယုံကြည်မှုသိပ်မရှိပါ
ယုံကြည်မှုအပြည့်အဝရှိပါသည်
မသိပါ/မဖြေဆိုလိုပါ
အတိုင်းအတာတစ်ခုထိ ယုံကြည်ပါသည်
3BHA ညီနောင်မဟာမိတ်သုံးဖွဲ့
(AA, MNDAA, TNLA) နှင့်
UWSA
၆%
၁၅%
၄၃%
၁၁%
၂၅%
K3C မဟာမိတ်အဖွဲ့ (CNF,
KIO, KNPP, KNU)
၆%
၁၆%
၄၃%
၉%
၂၇%
၀%
၂၀%
၄၀%
၆၀%
၈၀%
100%
ပုံ-၄၁။ EAOs/EROsများအပေါ်ယုံကြည်မှု (ဖြေဆိုသူအားလုံး) n=၂၈၀၈
၄.၃။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ၎င်း၏အင်စတီကျူးရှင်းများအပေါ်ယုံကြည်မှု
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရယန္တရားများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးနှင့် ပြည်တွင်းပြည်ပ
အသိုင်းအဝိုင်းနှစ်ခုစလုံးမှ ၎င်းတို့အား အသိအမှတ်ပြုရေးမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသက်တမ်း လေး
နှစ်တာကာလတစ်လျောက်လုံး ရင်ဆိုင်နေရသည့် အကြီးမားဆုံးစိန်ခေါ်မှုဟု ဆိုရပါမည်။ နစကအနေဖြင့်လည်း
အသိ အမှတ်ပြုလက်ခံမှုရရှိရေးအတွက် အစိုးရသက်တမ်း စတင်စဉ်ကတည်းက အစဉ်တစိုက်ကြိုးပမ်းခဲ့ရာ လေးနှစ်
တာကာလအတွင်း လူထု၏ ယုံကြည်မှုအတိုင်းအတာ မည်မျှအထိရရှိနေသည်ကို သိရှိနိုင်ရန် စစ်တမ်းကောက်ယူ
မေးမြန်းခဲ့ပါသည်။ ယေဘုယျအားဖြင့် နစကအပါအဝင် အစိုးရအင်စတီကျူးရှင်းများအပေါ် ယုံကြည်မှုမှာ ဆက်လက်
ကျဆင်းနေဆဲဟု ဆိုရပါမည်။ စစ်တမ်းဖြေဆိုသူ ဆယ်ဦးတွင် ရှစ်ဦးခန့်က နစက နှင့် အစိုးရအင်စတီကျူးရှင်းများ
အပေါ် ယုံကြည်မှုမရှိပါဟု ဖြေဆိုကြပါသည်။ နစကဥက္က ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာစစ်တပ်အပေါ်
အများပြည်သူ၏ ယုံကြည်မှု မှာ အနိမ့်ဆုံးအခြေအနေ သို့ရောက်ရှိနေသည် ကိုတွေ့ရပါသည်။