Blue Shirt Initiative ၂၂ ၂.၁။ လက်ရှိလူမှုဘဝအခြေအနေအပေါ်သဘောထားအမြင် စစ်တမ်းဖြေဆိုသူအများစုက လက်ရှိကာလအတွင်း ၎င်းတို့၏ နေ့စဉ် လူမှုဘဝရုန်းကန်မှုများအတွက် စိုးရိမ်ပူပန် နေကြသည့်အပြင် လူမှုရေး၊စီးပွားရေးဆောင်ရွက်နိုင်မှုအခြေအနေနှင့် ပတ်သက်၍ စိတ်ပျက်လက်ပျက် ဖြစ်နေ ကြပါသည်။ စစ်တမ်းဖြေဆိုသူ ဆယ်ဦးတွင် ခြောက်ဦးက ၎င်းတို့၏ရှေ့အနာဂါတ်နှင့် ပတ်သက်၍ အလွန်စိုးရိမ် ပူပန်ကြပြီး သုံးဦးက လွန်ခဲ့သည့် ခြောက်လအတွင်း ဝင်ငွေမရှိဘဲ နေထိုင်ခဲ့ရပါသည် ဟုဖြေကြားပါသည်။ စစ်တမ်းဖြေဆိုသူ လေးပုံတစ်ပုံခန့်ကလည်း လွန်ခဲ့သည့်ခြောက်လအတွင်း ပိုင်ဆိုင်မှုပစ္စည်းများကို ပေါင်နှံ ရောင်းချခြင်း ပြုလုပ်ခဲ့ကြသည်ဟု ဖြေဆိုကြပြီး မိသားစုတွင်း ကတောက်ကဆများ ဖြစ်ပွားနေသည်ဟု ဆိုကြ ပါသည်။ ယေဘုယျ လူမှုစီးပွားအခြေအနေနှင့် ပတ်သက်၍ စစ်တမ်းဖြေဆိုသူအများစုက မိသားစုအခြေအနေ၊ ပညာရေးအခွင့်အလမ်း၊ နေထိုင်ရာပတ်ဝန်းကျင်အနေအထား၊ ကျန်းမာရေး၊ ကိုယ်ပိုင်အားလပ်ချိန်ရရှိမှု၊ လူနေမှုအဆင့်အတန်း တို့နှင့်ပတ်သက်၍ စိတ်ကျေနပ်မှုမရှိဟု ဖြေဆိုကြပါသည်။ သို့ရာတွင် စစ်တမ်းဖြေဆိုသူ လေးပုံတစ်ပုံခန့်ကမူ ၎င်းတို့အနေဖြင့် လက်ရှိအခြေအနေနှင့် ပတ်သက်၍ အဆင်ပြေနေပါသည်ဟု ဖြေဆို ထားသည် ကိုတွေ့ရပါသည်။ ၆၅% ရှေ့အနာဂတ်အတွက် စိုးရိမ်ပူပင်နေရတယ် ၃၂% ဝင်ငွေမရှိဘဲ နေထိုင်ခဲ့ရတယ် အကြွေးထပ်ယူ ချေးငှားရတာ (ချေးငွေ၊ အကြွေးဝယ်ကတ် စသဖြင့်) ၂၂% အရင်ကထက် မိသားစုနှင့် ကတောက်ကဆတွေပိုဖြစ်လ��တာ ၂၀% ပိုင်ဆိုင်မှုတွေကို ပေါင်နှံတာ သို့မဟုတ် ရောင်းချတာတွေလုပ်ခဲ့ရတယ် ၁၉% လိုအပ်တဲ့ဆေးဝါး ဒါမှမဟုတ်၊ ဆေးကုသတာတွေ မလုပ်ခဲ့ရတာ ၁၃% အထက်ပါအခြေအနေ တစ်ခုမှမကြုံတွေ့ခဲ့ပါ ၈% မီတာခ သို့မဟုတ် ဖုန်းဘေ ပေးဆောင်ဖို့ နောက်ကျနေတာ ဒါမှမဟုတ် မပေးနိုင်ခဲ့တာ ၇% ထမင်းနပ်လျှော့စားခဲ့ရတာ ၆% မသိပါ/မဖြေဆိုလိုပါ ၅% ၀% ၁၀% ၂၀% ၃၀% ၄၀% ၅၀% ပုံ-၂၂။ နေ့စဉ်လူမှုဘဝရုန်းကန်မှုများ (ဖြေဆိုသူအားလုံး) n=၂၈၀၈ ၆၀% ၇၀%

Select target paragraph3