ပစ္စုပ္ပန် နှင့် အနာဂါတ်အလားအလာအပေါ် လူအများ၏ သဘောထားအမြင် ၁၅ ၁.၆။ ပြည်နယ်သစ် သို့မဟုတ် ဖက်ဒရယ်ယူနစ်အသစ်များဖွဲ့စည်းရေးအပေါ်သဘောထားအမြင် မြန်မာ့နွေဦးတော်လှန်ရေး လူထုလှုပ်ရှားမှု အရှိန်အဟုန်မြင့်မားလာသည်နှင့်အမျှ ဖက်ဒရယ်စနစ်ကိုလက်ခံမှု အတိုင်းအတာမှာ အများပြည်သူအကြား ပိုမိုအားကောင်းလာသည်ကိုတွေ့ရပါသည်။ တစ်ဆက်တည်းတွင်လည်း ပြည်နယ်အသစ်ဖွဲ့စည်းရေး(ဝါ) ဖက်ဒရယ်ယူနစ်အသစ်များဖွဲ့စည်းရေးကိစ္စမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူများ အကြား အရေးတကြီး ထည့်သွင်းဆွေးနွေးရမည့် အကြောင်းအရာ ဖြစ်လာပါသည်။ သို့ဖြစ်ပါ၍ အများပြည်သူများ အနေဖြင့် ပြည်နယ်သစ် သို့မဟုတ် ဖက်ဒရယ်��ူနစ်အသစ် ဖွဲ့စည်းရေးနှင့်ပတ်သက်၍ မည်သို့သဘောထားကြ သည်ကို မေးမြန်းရာ စစ်တမ်းဖြေဆိုခဲ့သူ ထက်ဝက်နီးပါးက ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ နယ်နမိတ်ကို ယခုလက်ရှိအတိုင်း ထားရှိသင့်သည်ဟု မှတ်ချက်ပြု ဖြေဆိုကြပါသည်။ ဗမာတိုင်းရင်းသား မဟုတ်သည့် တိုင်းရင်းသားအများစု နေထိုင်ရာ ပြည်နယ်များတွင်လည်း အလားတူပင် ပြည်နယ်နှင့် တိုင်းဒေသကြီး နယ်နိမိတ် များကို ယခုလက်ရှိအတိုင်းထားသင့်သည်ဟု ဆိုသည့် သဘောထားအမြင်များကို တွေ့ရပါသည်။ စစ်တမ်းဖြေဆို သူများအနက် သုံးပုံတစ်ပုံခန့်ကမူ လိုအပ်ပါက ပြည်နယ်အသစ်များ ဖွဲ့စည်းခြင်းကို ခွင့်ပြုသင့်သည်ဟု ဖြေဆိုခဲ့ ကြသည်ကိုတွေ့ရပါသည်။ ၂၂% လက်ရှိသတ်မှတ်ထားတဲ့အတိုင်းပဲ ထားသင့်ပါတယ် ၄၆% ပြည်နယ်အသစ်တွေဖွဲ့စည်းတာကို ခွင့်ပြုသင့်တယ် မသိပါ/မဖြေဆိုလိုပါ ၃၃% ပုံ-၁၁။ ပြည်နယ်သစ် သို့မဟုတ် ဖက်ဒရယ်ယူနစ်အသစ်များဖွဲ့စည်းရေးအပေါ်သဘောထားအမြင် (ဖြေဆိုသူအားလုံး) n=၂၈၀၈ လက်ရှိသတ်မှတ်ထားတဲ့အတိုင်းပဲ ထားသင့်ပါတယ် ပြည်နယ်များ ပထဝီနယ်မြေ ကျား-မ အသက်အရွယ် ပညာရေး ပြည်နယ်အသစ်တွေဖွဲ့စည်းတာကို ခွင့်ပြုသင့်တယ် ၄၂% မသိပါ/မဖြေဆိုလိုပါ ၂၁% ၃၆% တိုင်းဒေသကြီးများ ၄၇% ၃၁% ၂၁% ရန်ကုန်မြို့တော် ၄၆% ၃၂% ၂၂% စစ်ကိုင်းနှင့်မကွေးတိုင်း ၅၁% ၁၄% ၃၅% ကျား ၄၆% ၃၄% ၁၉% မ ၄၅% ၃၁% ၂၄% အသက် ၁၈ နှစ်မှ ၂၅ နှစ်ကြား ၄၂% ၃၇% ၂၁% အသက် ၂၆ နှစ်မှ ၃၅ နှစ်ကြား ၄၅% ၃၄% ၂၁% ၃၆နှစ်နှင့် အထက် ၅၀% ၂၇% ၂၃% အထက်တန်းအောက် ၅၀% ၂၆% ၂၄% အထက်တန်းအောင်နှင့်အထက် ၀% ၄၄% ၂၀% ၃၆% ၄၀% ၆၀% ၂၀% ၈၀% ၁၀၀% ပုံ-၁၂။ ပြည်နယ်သစ် သို့မဟုတ် ဖက်ဒရယ်ယူနစ်အသစ်များဖွဲ့စည်းရေးအပေါ်သဘောထားအမြင်

Select target paragraph3