ဉာဏ် လင်းသစ် သု တေသနအဖွဲ့ စာ ၇၆ ၈.၃.၃။ မြေပြင်တိုက်ပွဲများကို လေကြောင်းစစ်ကူခြင်း နွေဦးတော်လှန်ရေးကာလတွင် စစ်အုပ်စုသည် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် ရင်ဆိုင်ရ သည့် မြေပြင်တိုက်ပ���ဲများတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် စစ်ရေးအသာစီးရရန် လုပ်ဆောင် သည်။ လေကြောင်းပစ်ကူတောင်းခံရာတွင် ပိုမိုလျင်မြန်စွာ လုပ်ဆောင်နိုင်ရန် အမိန့်စီးဆင်းမှုအဆင့်ကို လျော့ချထားသည်။ လေကြောင်းပစ်ကူတောင်းခံရန် မြေပြင်စစ်ကြောင်းမှူးမှ တိုင်းမှူးကိုတင်ပြပြီး တိုင်းမှူး သည် လေတပ်စခန်းဌာနချုပ်သို့ တိုက်ရိုက်ဆက်သွယ်၍ အကူအညီတောင်းခံနိုင်သည်။ ကက(ကြည်း) နှင့် ကက(လေ) ညှိုနှိုင်းပြီး တိုင်းမှူးနှင့် လေတပ်စခန်းဌာနချုပ်မှူးတို့ ကို ပူးပေါင်းစစ်ဆင်ရေး လုပ်ဆောင်နိုင်ရန် ခွင့်ပြုမိန့် ပေးထားသည်။ ကြည်းတပ်နှင့် လေတပ် ပူးပေါင်းဆောင်ရွက်မှုကို ထိရောက်လျင်မြန်စွာ လုပ်ဆောင်နိုင်ရန် တိုင်းစစ်ဌာနချုပ်များတွင် လေတပ်မှ ဗိုလ်ချုပ်အဆင့်ရှိသူတဦးကို တွဲဖက်၍ တာဝန် ပေးအပ်ထားသည်။ စစ်ဆင်ရေးများတွင် လေယာဉ်ပျံသန်းချိန်လျော့ချနိုင်ရန် တိုင်းစစ်ဌာနချုပ်များတွင် MI-17 နှင့် MI-35 ထက်မနိမ့်သော ရဟတ်ယာဉ်များကို ထားရှိသည်။ လေယာဉ်အများစုသည် နေပြည်တော်နှင့် တံတားဦး လေတပ်စခန်းတို့ တွင် ရှိသည်။ လေတပ်စခန်းဌာနချုပ်များအတွက် တိုက်ခိုက်ရေး/စစ်ဆင်ရေး နယ်မြေ သတ်မှတ်ထားခြင်းမရှိဘဲ အနီးဆုံးလေတပ်စခန်းမှ သွားရောက်ဗုံးကြဲခြင်းဖြစ်ပြီး လိုအပ်ချက်အပေါ် မူတည်၍ ပစ်မှတ်နေရာကို ဗုံးကြဲတိုက်ခိုက်ရမည့် လေတပ်စခန်းများကို ရွေးချယ်ခြင်းဖြစ်သည်။ လေတပ် စခန်းများတွင် အစမ်းလေ့ကျင့်ပျံသန်းမှု ပြုလုပ်ထားသည့် လေယာဉ်နှင့်အတူ လေယာဉ်မှူးများသည် စစ်ဆင်ရေးလုပ်ဆောင်ရန် အသင့်အနေအထားဖြင့် စောင့်ဆိုင်းလျက်ရှိကြသည့်အတွက် အမိန့်ညွှန်ကြား ချက်ရရှိသည်နှင့်တပြိုင်နက်တည်း စစ်ဆင်ရေးကို စတင်လုပ်ဆောင်သည်။ အဲလိုတော့ မဟုတ်ပါဘူး။ လေတပ်မှာလည်း လေကြောင်းမြေပုံရှိပါ ဘယ်နေရာကို ဗုံးကြဲရမယ်ဆိုတာ ကြည်းတပ်တွေကပဲ ထောက်လှမ်း ပြီး ကက(လေ)က လေကြောင်းစစ်ဆင်ရေးလုပ်တာ။ ကိုယ့်သဘောနဲ့ ကိုယ် စစ်ဆင်ရေးလုပ်တာမရှီဘူး။ မြေပြင်ကြည်တပ်က ဒီဆေးရုံမှာ တော်လှန်ရေးအဖွဲ့တွေရှိတယ် ဆေးရုံကို ကြဲပါဆိုလို့ ကြဲရတာပါ။ အရပ်သားပြည်သူရှိနေလား ဘယ်လိုနေရာမျိုးလဲဆိုတာကို Pilot တွေ တယ်။ ကင်းထောက်ပြီး မှတ်ပုံတင်ထားတဲ့ နေရာရှိတော့ မြေပြင် ကိုသြဒိနိတ်ကိုလည်း သိပါတယ်။ တော်လှန်ရေးအင်အားစု စိုးမိုး နယ်မြေတွေမှာ မြေပုံညွှန်ရဖို့ ဗိုလ်ကြီး ကက(ကြည်း) ရှိတော့ လေကြောင်းကင်းထောက်က ရတဲ့ အချက်အလက်မရှိဘဲ ဗုံးကြဲလို့ မရပါဘူး။ လေတပ်စခန်းတွေက မသိပါဘူး။ INTERVIEWEE - 1 ခက်ခဲတာတွေလည်း INTERVIEWERE- 5 ဗိုလ်ကြီး ကက(ကြည်း)

Select target paragraph3