ဉာဏ် လင်းသစ် သု တေသနအဖွဲ့ စာ ၇၂ ၈.၂။ ဝေဟင် စစ်ဆင်ရေး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် ကက(ကြည်း) နှင့် ကက(လေ) တို့ ပူးတွဲဆောင်ရွက်ခြင်းဖြစ်ပြီး စစ်ဆင်ရေး လိုအပ်ချက်အပေါ် မူတည်၍ အမိန့်စီးဆင်းမှု ယန္တရားကို အပြောင်းအလဲ လုပ်လေ့ရှိသည်။ အထူးသဖြင့် နွေဦးတော်လှန်ရေးကာလ တော်လှန်ရေးအင်အားစုများနှင့် ရင်ဆိုင်ရသည့် မြေပြင်တိုက်ပွဲ များတွင် လေကြောင်းပစ်ကူ အလျင်အမြန်ပေးနိုင်ရေးအတွက် အမိန့်ပေးမှုအဆင့်ဆင့်ကို လျော့ချထား သည်။ သို့ သော် ကက(လေ) သည် လေယာဉ်ပျံသန်းခွင့်များအား ထိန်းချုပ်ထားသည့်အတွက် ကက(လေ) ၏ ခွင့်ပြုမိန့်မပါဘဲ ကက(ကြည်း) အနေဖြင့် လေတပ်စခန်းဌာနချုပ်များကို တိုက်ရိုက် ဆက်သွယ်ပြီး လေကြောင်းပစ် အကူညီတောင်းခံခွင့် မရှိပါ။ လေတပ်တွင် ကက(လ��) (စစ်ဆင်ရေး) သည် အမြင့်ဆုံး အမိန့်ပေးယန္တရားဖြစ်ပြီး ၎င်း၏ ခွင့်ပြုမိန့်ရရှိမှသာ လေယာဉ်ပျံသန်းခွင့်ရှိသကဲ့သို့ ကက(လေ) (စစ်ဆင်ရေး) မှ လေယာဉ်ပျံသန်းမှု ရပ်ဆိုင်းရန် ညွန်ကြားလျှင် ချက်ချင်းရပ်တန့်ရသည်။ ကက(လေ) (စစ်ဆင်ရေး) အနေဖြင့် လေကြောင်းကင်းထောက်ရန် ညွှန်ကြားခြင်း၊ အသုံးပြုမည့် လေတပ်စခန်း၊ လေယာဉ်အမျိုးအစားနှင့် ပစ်မှတ်တည်နေရာတို့ ကို ဆုံးဖြတ်ပြီး အမိန့်ညွှန်ကြားချက်ပေးလေ့ရှိသည်။ လေတပ်စခန်း ဌာနချုပ်များအနေဖြင့် အရေးပေါ်ကိစ္စရပ်များတွင် ကက(လေ)ကို ဆက်သွယ်ရန်လိုအပ်ပါ က တိုက်ရိုက်ဆက်သွယ်နိုင်ပြီး လေတပ်ကွပ်ကဲမှုဌာနချုပ်များကို တပြိုင်တည်း အကြောင်းကြားနိုင်သည်။ စစ်အုပ်စုသည် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုတွင် လက်နက်ကိုင်တော်လှန်ရေးတပ်များကို ဦးတည်သည့် စစ်ဆင်ရေးများ၊ အရပ်သားပြည်သူများကို ဦးတည်သည့် စစ်ဆင်ရေးများနှင့် မြေပြင်တိုက်ပွဲ များကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဖြင့် ပံ့ပိုးကူညီပေးသည့် စစ်ဆင်ရေးများဟူ၍ အကြမ်းဖျင်းအားဖြင့် ၃ မျိုး လုပ်ဆောင်လေ့ရှိကြောင်း တွေ့ရသည်။ လေကြောင်းစစ်ဆင်ရေးတခုပြုလုပ်ရန် မြေပြင်ရှိ စစ်ကြောင်းမှူးသည် ပစ်မှတ်တည်နေရာနှင့် မြေပြင်အခြေအနေတို့ ကို အသေးစိတ် ပံ့ပိုးပေးသူဖြစ်သည်။ လေကြောင်းပစ်ကူတောင်းခံရာတွင် စစ်ကြောင်းမှူးမှတဆင့် တပ်မမှူး၊ တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကစထ မှူး၊ ကက(ကြည်း) သို့ အစီရင်ခံတင်ပြပြီး ခွင့်ပြုချက်တောင်းရသည်။ ကက(ကြည်း) နှင့် ကက(လေ) ညှိနှိုင်းဆောင်ရွက်ပြီး မြေပြင်မှ ပေးပို့ လာသည့် လေကြောင်းပစ်မှတ်ကို ကက(လေ)မှတဆင့် ကက(လေ) စစ်ဆင်ရေးသို့ ပေးပို့ သည်။ ကက(လေ) စစ်ဆင်ရေးသည် လက်ခံရရှိ သည့် လေကြောင်းပစ်မှတ်ကို လေကြောင်းစစ်ဆင်ရေး ဆောင်ရွက်ရန် သက်ဆိုင်ရာ လေကြောင်းကွပ်ကဲမှုဌာနချုပ်၊ လေတပ်စခန်း ဌာနချုပ်များကို ဆက်လက် အမိန့်ပေးညွှန်ကြားသည်။

Select target paragraph3