စာ ၇၁
စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ?
၈.၁။ စစ်ကြောင်းထိုး စစ်ဆင်ရေး
မြေပြင်စစ်ကြောင်းများတွင် ၈၀ မမ စိန်ပြောင်း (သို့ မဟုတ်) လက်နက်ကြီးများ တပ်ဆင်ထားသဖြင့်
အရပ်သားများရှိရာ ကျေးရွာများကို စစ်ကြောင်းထိုးရာတွင် ၎င်းလက်နက်ကြီးများကို အသုံးပြု တိုက်ခိုက်
လေ့ရှိသည်။ စစ်ကြောင်းတွင် စစ်ကြောင်းမှူးအခွင့်အာဏာဖြင့် လက်နက်ကြီးများကို အသုံးပြုနိုင်သည်။
ထို့ အပြင် ဗျူဟာအဆင့်စခန်း၊ တပ်မစခန်းစသဖြင့် အမြောက်အထိုင်စခန်းများတွင် တပ်ဆင်ထားသည့်
လက်နက်ကြီးပစ်ကူကို ရယူနိုင်ရန် စစ်ကြောင်းမှူးက မြေပြင်အခြေအနေကို တင်ပြပြီး အကူအညီ
တောင်းခံနိုင်သည်။ အမြောက်အထိုင်စခန်းများမှ လက်နက်ကြီး ပစ်ခတ်ရန် သက်ဆိုင်ရာ အထိုင်စခန်း၏
စခန်းမှူးအမိန့်၊ တပ်မမှူး၊ ဒေသစစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး၊ တိုင်းစစ်ဌာနချုပ် တိုင်းမှူး အစရှိသဖြင့်
အဆင့်ဆင့် အမိန့်ပေးဆုံးဖြတ်သည်။ စစ်ရုံးမှ တိုက်ရိုက်ကွပ်ကဲသည့် စစ်ဆင်ရေးများကို ဖော်ဆောင်
ရာတွင် မြေပြင်စစ်ကြောင်းမှူးမှ လက်နက်ကြီးပစ်ကူ တောင်းခံသည့်အခါ အဆင့်ဆင့်အမိန့်ပေးဆုံးဖြတ်ရန်
မလိုအပ်ဘဲ သက်ဆိုင်ရာ အမြောက်အထိုင်စခန်းများက ခွင့်ပြုနိုင်သည်။
ထို့ အပြင် မြေပြင်စစ်ကြောင်းများမှ လုပ်ဆောင်သည့် ဒရုန်းတိုက်ခိုက်မှုများတွင် စစ်ကြောင်းမှူးများ၏
အမိန့်နှင့် ဆုံးဖြတ်ချက်အပေါ်တွင် မူတည်သည်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် မြေပြင်
စစ်ကြောင်းမှူးများသည် အပြစ်မဲ့ အရပ်သားများကို သတ်ဖြတ်ခြင်းနှင့် စစ်အနိုင်ရရေးကို ဦးတည်သည့်
စစ်ဆင်ရေးများကို ပိုမိုလုပ်ဆောင်လျက်ရှိပြီး အထက်သို့ သတင်းပေးပို့ တင်ပြခြင်းမရှိသည့် စစ်ဆင်ရေး
များကိုလည်း ပိုမိုလုပ်ဆောင်လာကြောင်း တွေ့ရှိရသည်။ ထို့ ကြောင့် စစ်ကြောင်းမှူးများသည် မြေပြင်စစ်
ကြောင်းထိုး တိုက်ခိုက်မှုများအတွက် အဓိကတာဝန်ရှိသူများ ဖြစ်သည်။
ပုံ ၄၉ - စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ်
ရင်းမြစ် - ရန်ကုန်ခေတ်သစ် (၆ သြ ၂၀၂၅)