စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ?
စာ ၆၇
၇.၂။ လေ့ကျင့်ရေး လေတပ်စခန်းဌာနချုပ်များ
လေ့ကျင့်ရေး လေတပ်စခန်းဌာနချုပ်များအဖြစ် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်နှင့်
မြေပြင်အတတ်သင် လေတပ်စခန်းဌာနချုပ်တို့ ကို ဖွဲ့စည်းထားသည်။ လေကြောင်းအတတ်သင် လေတပ်
စခန်းဌာနချုပ် (လသခ) သည် မန္တလေးဒေသ၊ မိတ္ထီလာမြို့ရှိ ရှမ်းတဲတွင် တည်ရှိသည်။ သင်တန်းကျောင်း
များအနေဖြင့် အမှတ် (၁) လေယာဉ်မောင်းသင်တန်းကျောင်းနှင့် လေကြောင်းစစ်ဆင်ရေးသင်တန်းကျောင်း
တို့ ဖြစ်သည်။ လေယာဉ်အုပ်များမှာ အမှတ် (၆၃) တိုက်ခိုက်ရေးအုပ် (MiG-29)၊ အပေါ့စားလေယာဉ်တပ်
ဆွယ် (CH-601) နှင့် မောင်းသူမဲ့လေယာဉ် လေ့ကျင့်ရေးနှင့် စစ်ဆင်ရေးအဖွဲ့တို့ ဖြစ်သည်။
မြေပြင်အတတ်သင်လေတပ်စခန်းဌာနချုပ် (လမသ) သည်လည်း မိတ္ထီလာလေတပ်စခန်းတွင် တည်ရှိပြီး
အုပ်ချုပ်မှုအတတ်သင်ကျောင်း၊
စက်မှုလက်မှုအတတ်သင်ကျောင်း၊
အီလက်ထရောနစ်အတတ်သင်
ကျောင်းတို့ ဖွင့်လှစ်ထားသည်။ ထို့ အပြင် မြေပြင်အတတ်သင်လေတပ်စခန်းရှိ လေယာဉ်အုပ်မှာ အမှတ်
(၂၅) ရဟတ်ယာဉ်အုပ် (Bell-206) ဖြစ်သည်။
၇.၃။ ရေဒါအုပ်များ
ရေဒါအုပ်များအနေဖြင့် နမ့်စန်အခြေစိုက် အမှတ် (၇၁) ရေဒါအုပ်၊ မင်္ဂလာဒုံအခြေစိုက် အမှတ် (၇၂) ရေဒါ
အုပ်၊ မိတ္ထီလာ ရှမ်းတဲအခြေစိုက် အမှတ် (၇၃) ရေဒါအုပ်၊ မှော်ဘီအခြေစိုက် အမှတ် (၇၄) တို့ ဖြစ်သည်။
ရေဒါအုပ်များ၏
အဓိကတာဝန်မှာ
ပြည်ပမှ
ကျူးကျော်မှုဝင်ရောက်လာသည့်
လေယာဉ်များအား
ထောက်လှမ်းရန်ဖြစ်သည်။ နိုင်ငံများအကြား လေယာဉ်ဖြတ်ကျော်ပျံသန်းမှုများအတွက် တရားဝင် ၂၄
နာရီ ကြိုတင်အကြောင်းကြားရပြီး ကြိုတင်အကြောင်းကြားမှု မရှိပါက ပိုင်နက်ကျူးကျော်မှုဖြစ်သည်။
ရေဒါအုပ်များသည် လေကြောင်းပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာမှုများကို ထောက်လှမ်းပြီး
ကြည်းတပ်ကွပ်ကဲမှုအောက်ရှိ လေကြောင်းရန် ကာကွယ်ရေးနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရသည်။