ဉာဏ် လင်းသစ် သု တေသနအဖွဲ့ စာ ၆၂ လေတပ်တွင် တိုက်ခိုက်ရေး၊ သယ်ယူပို့ ဆောင်ရေးနှင့် ရဟတ်ယာဉ်ဟူ၍ အဓိက ၃ ခု ခွဲခြားနိုင်သည်။ တိုက်ခိုက်ရေးယာဉ်များတွင် ဘက်စုံသုံးတိုက်ခိုက်ရေးယာဉ်၊ ဂျက်လေယာဉ်၊ ကြားဖြတ်တိုက်ခိုက်ရေး ယာဉ်၊ တိုက်ခိုက်ရေးနှင့် လေ့ကျင့်ရေးယာဉ်ဟု ထပ်မံခွဲခြားနိုင်သည်။ သယ်ယူပို့ ဆောင်ရေးတွင် အပေါ့စား သယ်ယူပို့ ဆောင်ရေးနှင့် အလတ်စားသယ်ယူပို့ ဆောင်ရေး လေယာဉ်များရှိပြီး အကြီးစား သယ်ယူပို့ ဆောင် ရေးလေယာဉ်များ မရှိပါ။ ရဟတ်ယာဉ်များတွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့် သယ်ယူပို့ ဆောင်ရေး ရဟတ်ယာဉ်ဟူ၍ ရှိသည်။ ဖော်ပြပါ လေယာဉ်များထဲမှ ကင်းထောက်တာဝန်���မ်းဆောင်ရသည့် လေယာဉ် ကို ကင်းထောက်လေယာဉ်ဟု ခေါ်ဆိုသည်။​ ၇.၁.၁။ မကွေး လေတပ်စခန်းဌာနချုပ် မကွေးလေတပ်စခန်းဌာနချုပ် (ကလခ) ရှိ လေယာဉ်အုပ်များမှာ အမှတ် (၆၁) ကြားဖြတ်တိုက်ခိုက်ရေးအုပ် (F-7)၊ အမှတ် (၆၂) တိုက်ခိုက်ရေးအုပ် (Yak-130)၊ အမှတ် (၆၃) တိုက်ခိုက်ရေးအုပ် (MiG-29)၊ အမှတ် (၆၄) ဗုံးကြဲလေယာဉ်အုပ် (A-5) နှင့် အမှတ် (၆၆) သယ်ယူပို့ ဆောင်ရေးလေယာဉ်အုပ် (Turbo Trush) တို့ ဖြစ်သည်။ F 7 Fighter Jet Yak 130 A5 MiG 29 Turbo Thrush

Select target paragraph3