စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ? စာ ၁ ၁။ နိဒါန်း ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) စတင်ဖွဲ့စည်းခဲ့သည်။ လွတ်လပ်ရေး မရမီကာလတွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)၊ ဗမာ့ ကာကွယ်ရေးတပ်မတော် (BDA)၊ ဗမာ့အမျိုးသားတပ်မတော် (BNA)၊ မျိုးချစ်ဗမာ့တပ်မတော် (PBF) အစရှိ သဖြင့် ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခဲ့သည်။ ကန္ဒီစာချုပ်အရ လွတ်လပ်ရေးအကြိုကာလ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်��ေ့တွင် အမြဲတမ်း တပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး “ဗမာ့တပ်မတော်” (မြန်မာ့တပ်မတော်) ဟူ၍ တရားဝင်ခေါ်ဆိုခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် ဗမာ့အပျော် တမ်း လေတပ်အဖွဲ့ကို “ဗမာ့လေတပ်မတော်” (မြန်မာ့လေတပ်မတော်) အဖြစ်ဖွဲ့စည်းခဲ့ပြီး ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် ဗမာပြည်ဘုရင့်အပျော်တမ်းရေတပ်ဖွဲ့ကို “ဗမာ့ရေတပ်မတော်” (မြန်မာ့ရေတပ်မ တော်) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ နောက်ပိုင်းတွင် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များအနက် တပ်မတော်ကြည်းသည် သြဇာအကြီးမားဆုံးဖြစ်လာ သည်။ စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူခဲ့ကြသူများမှာ ရဲဘော်သုံးကျိပ်ဝင် များ ဖြစ်ကြပြီး ကာကွယ်ရေးဦးစီးချုပ်ရာထူးကို အများဆုံးရောက်ရှိခဲ့ကြသူများသည် တပ်မတော်(ကြည်း) မှ စစ်သည်များဖြစ်သည်။ ယခင် တပ်မတော်ကြည်း၏ ကာကွယ်ရေးဦးစီးချုပ်များ၏ ရာထူးမှာ ဗိုလ်ချုပ်/ ဗိုလ်မှူးချုပ်တို့ ဖြစ်ကြပြီး တပ်မတော်ရေနှင့် တပ်မတော်လေတို့ ၏ ဦးစီးချုပ်များမှာမူ ဒုတိယဗိုလ်မှူးကြီး ရာထူးများ ဖြစ်ကြသည်။ စတင်ဖွဲ့စည်းချိန်မှစတင်၍ ယနေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည့် ကာကွယ်ရေး ဝန်ကြီး ၂၀ ဦးတွင် အရပ်သား ၃ ဦး (ဦးနု၊ ဦးဝင်း၊ ဦးဗဆွေ၊) နှင့် တပ်မတော်ရေမှ ကာကွယ်ရေးဦးစီးချုပ် (ရေ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးတင်အောင်စန်းတို့ မှလွှဲလျင် အခြား ၁၆ ဦးမှာ တပ်မတော်ကြည်းမှ ဖြစ်ကြသည်။ ၂၀၁၁ ဦးသိန်းစိန် ဦးဆောင်သည့် ယူနီဖောင်းချွတ် အစိုးရအဖွဲ့မတိုင်ခင် အထိ ကာကွယ်ရေးဦးစီးချုပ်ရာထူးနှင့် ကာကွယ်ရေးဝန်ကြီးတာဝန်ကို ပူးတွဲထမ်းဆောင်ခဲ့ကြသည်။ ၂၀၁၀ နောက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်၏ သြဇာအာဏာအောက်ခံ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ အရာရှိကြီးများသည်

Select target paragraph3