စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ? စာ ၅၁ ၅.၅။ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ ဖွဲ့စည်းမှုသမိုင်း ၁၉၉၅ ခုနှစ်၊ မတ်လတွင် စစ်တပ်သည် စစ်အင်အားတိုးချဲ့ရေးဆောင်ရွက်ခဲ့ရာ ခြေမြန်တပ်မများနှင့် အလားတူ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၁ ခုကို ဖွဲ့စည်းခဲ့သည်။ ထိုစစ်ဆင်ရေးဌာနချုပ်များအား ကျောက်မဲ၊ လွိုင်လင်၊ မိုးကောင်း၊ ဖူးကြီး၊ အမ်း၊ ပျဉ်းမနား၊ ဖယ်ခုံ၊ ထားဝယ်၊ ကျောက်တော်၊ ကြီးကုန်း (ကလေးမြို့) နှင့် ကော့ကရိတ်တို့ တွင် ဖွဲ့စည်းခဲ့သည်။ စကခများအနက် အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကို လေကြောင်းချီတိုက်ခိုက်ရေးတပ်အဖြစ် ဖွဲ့စည်းထားသည်။ ၁၉၉၈ ခုနှစ်တွင် ဘုတ်ပြင်းနှင့် မိုင်းဆတ်တို့ ၌ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၂ ခုအား တိုးချဲ့ဖွဲ့စည်းခဲ့သည်။ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၇ ခုအား ၁၉၉၉ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်အကြားတွင် ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့သည်။ ထိုစစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်များကို ဘူးသီးတောင်၊ သိန္ဒီ၊ မိုင်းပန်၊ မိုင်းပျဉ်း (မိုင်းဖြတ်)၊ ရေး၊ ခမောက်ကြီး၊ ဗန်းမော်တို့ တွင် တည်ရှိသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အမ်းမြို့တွင် ပြောင်းရွေ့ဖွင့်လှစ်ပြီးနောက် အမ်းရှိ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အား တောင်ကုတ်မြို့သို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့သည်။ စစ်ဆင်ရေးဌာနချုပ် ပေါင်း ၂၀ ဖွဲ့စည်းထားပြီး တိုင်းစစ်နယ်မြေများတွင် တည်ရှိသော်လည်း စကခ များကို ကာကွယ်ရေး ဦးစီး ချုပ်ရုံး (ကြည်း) - ကကကြည်းမှ တိုက်ရိုက်ကွပ်ကဲသည်။ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်များတွင် တပ်မ များနည်းတူ တပ်ရင်း ၁၀ ခုဖြင့် ဖွဲ့စည်းထားသည်။ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်များကိုလည်း တပ်ရင်း ၁၀ ခုဖြင့် ဖွဲ့စည်းသည့်အတွက် တပ်မများ၏ ဖွဲ့စည်းပုံနှင့် တူညီသည်။ တပ်ရင်း ၃ ရင်းကို စုပေါင်းပြီး နည်းဗျူဟာ ၁ ခုအဖြစ်စုဖွဲ့လေ့ရှိပြီး စစ်ဆင်ရေးဆောင်ရွက်ရာတွင် နည်းဗျူဟာ ၃ ခုဖြင့် ပူးတွဲဆောင်ရွက် လေ့ရှိသည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် အမှတ် (၃)၊ အမှတ် (၄) နှင့် အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များကို ခြေလျင်တပ်မဟာများအဖြစ် ဖွဲ့စည်းခဲ့သည်။ ခြေလျင်၊ ခြေမြန်တပ်ရင်းများတွင် လက်ရုံးတပ်များကို တပ်ခွဲ/တပ်စုများအဖြစ် တွဲကာ ခြေလျင်တပ်မဟာများ ဖွဲ့စည်းခြင်းဖြစ်သည်။ ခြေလျင်၊ ခြေမြန် တပ်ရင်း များသာရှိသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များသည် လက်ရုံးတပ်များဖြစ်သော ဆေးတပ်၊ အင်ဂျင်နီယာတပ်နှင့် ဆက်သွယ်ရေးတပ်၊ လျှပ်စစ်တပ်များ၏ အကူအညီများ လိုအပ်လာပါက တိုင်း စစ်ဌာနချုပ်များဖြင့် ညှိနှိုင်းဆောင်ရွက်ရသည်။ တိုင်းစစ်ဌာနချုပ် တိုင်းမှူးခွင့်ပြုမိန့်ရရှိမှသာ လက်ရုံးတပ် များ၏ အကူအညီများ ရယူနိုင်သဖြင့် ထိုအဆင့်အား လျော့ချရန် စကခတပ်များတွင် လက်ရုံးတပ်များတွဲ ကာ ခြေလျင်တပ်မဟာများအဖြစ် ဖွဲ့စည်းခြင်းဖြစ်သည်။

Select target paragraph3