စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ?
စာ ၄၁
၅.၂.၁၂။ ရန်ကုန်တိုင်းစစ်ဌာနချုပ်
ရန်ကုန်တိုင်းစစ်ဌာနချုပ် (ရကတ) သည် ရန်ကုန်ဒေသ၊ မရမ်းကုန်းမြို့နယ်တွင် တည်ရှိပြီး ရန်ကုန်ဒေသ
အား ကွပ်ကဲရသည်။ တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ၇ ရင်း၊ ခြေမြန်တပ်ရင်း ၄ ရင်း၊
စုစုပေါင်း တပ်ရင်း ၁၁ ရင်းဖြင့် ဖွဲ့စည်းထားသည်။ ထို့ အပြင် တိုက်ကြီးမြို့အခြေစိုက် အမှတ် (၄)
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် အင်းတိုင်အခြေစိုက် ခြေမြန်တပ်မ (၁၁) ဌာနချုပ်တို့ လည်း တည်ရှိသည်။
လက်ရှိ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်ချုပ်ပြည့်စုံလင်းသည် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်
တိုင်းမှူးမှ ပြောင်းရွေ့လာသူဖြစ်ပြီး စစ်တက္က သိုလ် အပတ်စဉ် ၄၀ ကျောင်းဆင်း ဖြစ်သည်။
ဗိုလ်ချုပ်ညွှန့်ဝင်းဆွေ
ဗိုလ်ချုပ်ပြည့်စုံလင်း
ကြည်း - ၂၅၉၈၂
ကြည်း - ၃၀၃၄၅
DSA - ၃၆
DSA - ၄၀
ဇွန် ၂၀၂၀ - မတ် ၂၀၂၃
ဇန် ၂၀၂၅ - လက်ရှိ
ဧ ၂၀၂၃ - ဇန် ၂၀၂၅
ဗိုလ်ချုပ်ဇော်ဟိန်း
ကြည်း - ၂၈၀၈၉
DSA - ၃၈
ပုံ ၃၀ - ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့ကြသူများ