စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ?
စာ ၂၁
၅.၂.၂။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သည် စစ်ကိုင်းဒေသ၊ မုံရွာမြို့တွင် တည်ရှိပြီး စစ်ကိုင်းဒေသ၊
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းဒေသရှိ ပလက်ဝခရိုင်မှအပ အခြားခရိုင်များဖြစ်သည့် ဖလမ်းခရိုင်၊
မင်းတပ်ခရိုင်၊ ဟားခါးခရိုင်၊ မတူပီခရိုင်နှင့် တီးတိန်ခရိုင်နှင့် မကွေးဒေသ၊ ဂန့်ဂေါခရိုင်တို့ အား ကွပ်ကဲရ
သည်။ တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ၁၄ ရင်း၊ ခြေမြန်တပ်ရင်း ၄ ရင်း၊ စုစုပေါင်း
တပ်ရင်း ၁၇ ရင်းဖြင့် ဖွဲ့စည်းထားသည်။ ထို့ အပြင် ကလေးမြို့အခြေစိုက် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲ
မှုဌာနချုပ်နှင့် စစ်ကိုင်းအခြေစိုက် ခြေမြန်တပ်��� (၃၃) ဌာနချုပ်တို့ လည်း တည်ရှိသည်။ လက်ရှိ နောက်
မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်သူရသည် ကလောမြို့အခြေစိုက် စစ်ဦးစီးတက္က သိုလ်မှ
ပြောင်းရွေ့လာသူဖြစ်ပြီး စစ်တက္က သိုလ် အပတ်စဉ် ၃၉ ကျောင်းဆင်း ဖြစ်သည်။
ဗိုလ်ချုပ်မျိုးမိုးအောင်
ဗိုလ်ချုပ်သန်းထိုက်
ဗိုလ်ချုပ်ကျော်သူရ
ကြည်း - ၂၂၅၇၂
ကြည်း - ၂၈၁၄၆
ကြည်း - ၂၉၃၃၈၃
DSA - ၃၂
DSA - ၃၈
DSA - ၃၉
ဇန် ၂၀၂၂ - ဒီ ၂၀၂၄
၂၀၂၀ - ဖေ ၂၀၂၁
ဖေ ၂၀၂၁ - ဇန် ၂၀၂၂
နို ၂၀၂၅ - လက်ရှိ
ဒီ ၂၀၂၄ - နို ၂၀၂၅
ဗိုလ်ချုပ်ဖြိုးသန့်
ဗိုလ်ချုပ်မျိုးမင်းထွေး
ကြည်း - ၂၇၉၇၁
ကြည်း - ၃၁၀၄၉
OTC - ၂၁
OTC - ၂၆
ပုံ ၁၀ - ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့ကြသူများ