စာ ၁၇ စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ? ၁၉၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်းတွင် တိုင်းစစ်ဌာနများကို တိုးချဲ့ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ သည်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို မန္တလေးမှ မုံရွာမြို့သို့ ပြောင်းရွှေ့အခြေစိုက်ခဲ့ပြီး အလယ် ပိုင်းတိုင်း စစ်ဌာနချုပ်ကို တောင���ငူမြို့မှ မန္တလေးမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ အသစ်ထပ်မံဖွဲ့စည်းသည့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တောင်ငူမြို့တွင် အခြေစိုက်သည့်အတွက် တိုင်းစစ်ဌာနချုပ် ၁၀ ခုရှိလာခဲ့ ပြီ ဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် မြိုတ်မြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကို ဖျက်သိမ်းပြီး ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ကျိုင်းတုံမြို့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကို တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် နေပြည်တော်၌ နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် ၂၀၁၁ ခုနှစ်တွင် ခိုလမ် မြို့၌ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ ကို တိုးချဲ့ဖွဲ့စည်းခဲ့သည့်အတွက် တိုင်းစစ်ဌာနချုပ် စုစုပေါင်း ၁၄ ခု ဖြစ်လာခဲ့သည်။ နိုင်ငံတဝန်းရှိ တိုင်းစစ်ဌာနချုပ်များမှာ ၁) မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် - မပခ၊ ၂) အရှေ့မြောက်တိုင်း စစ်ဌာနချုပ် - ရမခ၊ ၃) အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် - ရလခ၊ ၄) အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ရပခ၊ ၅) အရှေ့တောင်တိုင်းစစ်ဌာနချုပ် - ရတခ၊ ၆) တောင်ပိုင်းတိုင်းစစ်ဌာနချုပ် - တပခ၊ ၇) အနောက် တောင်တိုင်းစစ်ဌာနချုပ် - နတခ၊ ၈) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် - နပခ၊ ၉) အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် - နမခ၊ ၁၀) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် - လပခ၊ ၁၁) နေပြည်တော်တိုင်းစစ်ဌာနချုပ် နပတ၊ ၁၂) ရန်ကုန်တိုင်းစစ်ဌာနချုပ် - ရကတ၊ ၁၃) တြိဂံဒေသတိုင်းစစ်ဌာနချုပ် - တသခ နှင့် ၁၄) ကမ်းရိုး တန်းတိုင်းစစ်ဌာနချုပ်​- ကရခ တို့ ဖြစ်ကြသည်။

Select target paragraph3