စစ် ရာဇဝတ် မှု ဘယ် လို ကျူးလွ န် နေကြလဲ ?
စာ ၁၁
၅.၁.၂။
အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့
အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ - ၂) ကို ၁၉၇၉ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သည်။ ကစထ -၂ ၏
လက်အောက်ခံ တိုင်းစစ်ဌာနချုပ်များမှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်
(တသခ)၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) တို့
ဖြစ်သည်။ ကစထ-၂ ၏ ကွပ်ကဲမှုအောက်တွင် ရှမ်း (အရှေ့)၊ ရှမ်း (တောင်)၊ ရှမ်း (မြောက်) (မိုးမိတ်ခရိုင်မှ
အပ) နှင့် ကရင်နီဒေသတို့ ပါဝင်သည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ကစထများ အပြောင်းအလဲတွင်
ကစထ - ၂ ၏ ကွပ်ကဲနယ်မြေများ ပြောင်းလဲမှုမရှိခဲ့ပါ။
စစ်တပ်မှ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီတွင် ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးသည်
အမှတ် (၂) ကစထမှူးအဖြစ် တာဝန်ယူလျက်ရှိပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအထိ ဆောင်ရွက်ခဲ့
သည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်
အောင်ကို ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့်ခဲ့ပြီး ကစထ - ၂ မှူးအဖြစ် ခန့်အပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်
တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ပြောင်းရွေ့ခံခဲ့ရသည်။ ထို့ နောက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာန
ချုပ် တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးသည် ကထစ -၂ မှူး ဖြစ်လာခဲ့သည်။
ဒုဗိုလ်ချုပ်ကြီး အောင်ဇော်အေး
ဒုဗိုလ်ချုပ်ကြီး အောင်အောင်
ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး
ဒုဗိုလ်ချုပ်ကြီး ဇော်မင်းလတ်
ကြည်း - ၂၀၁၇၅
ကြည်း - ၂၅၉၆၀
ကြည်း - ၂၅၀၈၉
ကြည်း - ၂၇၁၈၃
DSA - ၂၈
DSA - ၃၆
DSA - ၃၅
DSA - ၃၇
ဖေ ၂၀၂၁ - အောက် ၂��၂၂
အောက် ၂၀၂၂ - ဇန် ၂၀၂၄
ဖေ ၂၀၂၄ - စက်တင်ဘာ ၂၀၂၅
စက် ၂၀၂၅ - လက်ရှိ
ပုံ ၂ - ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း ကစထ - ၂ မှူးအဖြစ် ဆောင်ရွက်ခဲ့သူများ
၂၀၂၅ ခုနှစ် စက်တင်ဘာလ စစ်ရာထူးများ အပြောင်းအရွေ့ပြုလုပ်ရာတွင် နိုင်နိုင်ဦးကို အရန်အင်အားသို့
ပြောင်းရွေ့ခဲ့ပြီး လစ်လပ်သွားသည့် ကထစ - ၂ မှူးနေရာကို ကစထ ၅ မှူးအဖြစ် ဆောင်ရွက်ခဲ့သည့် ဒုတိယ
ဗိုလ်ချုပ်ကြီး ဇော်မင်းလတ် ရောက်ရှိလာခဲ့သည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာအထိ ကစထ ၂ မှူး အပြောင်းအလဲ ၃ ကြိမ်ရှိခဲ့ပြီး လက်ရှိ ကစထ - ၂ မှူး တာဝန်ယူထားသူမှာ ဒုတိယဗိုလ်ချုပ်ကြီး ဇော်
မင်းလတ် (ကြည်း ၂၇၁၈၃) ဖြစ်ပြီး စစ်တက္က သိုလ် အပတ်စဉ်် ၃၇ ကျောင်းဆင်း ဖြစ်သည်။