ဉာဏ် လင်းသစ် သု တေသနအဖွဲ့
စာ ၁၀
၅.၁.၁။
အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့
အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ-၁) ကို ၁၉၇၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ကစထ - ၁ ၏
လက်အောက်ခံ တိုင်းစစ်ဌာနချုပ်များမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)၊ အနောက်မြောက်ပိုင်းတိုင်း
စစ်ဌာနချုပ် (နမခ) နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တို့ ဖြစ်ကြသည်။
သို့ သော် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှစတင်၍ ကစထ - ၁ လက်အောက်ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
ကို ကစထ - ၅ အောက်သို့ ပြောင်းရွှေ့လိုက်သည်။ ကစထ - ၁ တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)
နှင့် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) တို့ ဆက်လက်ကျန်ရှိသည်။ ထို့ ကြောင့် ကစထ - ၁ သည်
ကချင်၊ ချင်း (ပလက်ဝခရိုင်မှအပ)၊ စစ်ကိုင်း၊ မကွေးရှိ ဂန့်ဂေါခရိုင်နှင့် ရှမ်း (မြောက်)ရှိ မိုးမိတ်ခရိုင်တို့ ကို
ဆက်လက်ကွပ်ကဲလျက်ရှိသည်။
ဒုဗိုလ်ချုပ်ကြီး တေဇကျော်
ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး
ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်
ကြည်း - ၂၀၂၇၈
ကြည်း - ၂၈၁၁၉
ကြည်း - ၂၇၁၆၀
OTS- 73
DSA - ၃၈
DSA - ၃၇
ဖေ ၂၀၂၁ - မေ ၂၀၂၃
သြ ၂၀၂၃ - စက် ၂၀၂၅
စက် ၂၀၂၅ - လက်ရှိ
ပုံ ၁ - ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း ကစထ - ၁ မှူးအဖြစ် ဆောင်ရွက်ခဲ့သူများ
စစ်တပ်မှ အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီတွင် ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်သည် အမှတ်
(၁) ကစထမှူးအဖြစ် တာဝန်ယူလျက်ရှိပြီး ၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့အထိ ဆောင်ရွက်ခဲ့သည်။ ၂၀၂၃
ခုနှစ်၊ သြဂုတ်လတွင် ဗိုလ်ချုပ် ကိုကိုဦးကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးရာထူးမှ ဒုတိယဗိုလ်ချုပ်
ကြီးအဖြစ် ရာထူးတိုးမြှင့်ခဲ့ပြီး ကစထ ၁ မှူးအဖြစ် ခန့်အပ်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် စစ်
ရာထူး အပြောင်းအလဲများပြုလုပ်ခဲ့ပြီး ကစထ - ၆ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ကို
ကစထ - ၁ မှူးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်သည် စစ်တက္က သိုလ်
အပတ်စဉ် ၃၇ ဆင်းဖြစ်ပြီး လက်ရှိအချိန်အထိ ကစထ - ၁ မှူး ဖြစ်သည်။