ဉာဏ် လင်းသစ် သု တေသနအဖွဲ့
စာ ၆
၄။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်တပ်တခုလုံး၏ အကြီးအကဲဖြစ်ပြီး ၎င်းကို နိုင်ငံတော်သမ္မတမှ
ခန့်အပ် တာဝန်ပေးနိုင်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၇) တပ်မတော်တွင် နိုင်ငံတော်သမ္မတ
သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်
ရေး
ဦးစီးချုပ်ကို
ခန့်အပ်တာဝန်ပေးနိုင်သည်ဟု
ဖော်ပြပါရှိသည်။
စစ်အင်္ဂါစဉ်အရ
တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊
လေ)၊
ကာကွယ်ရေးဦးစီးချုပ်
(ကြည်း)၊
ကာကွယ်ရေးဦးစီးချုပ်
(ရေ)၊
ကာကွယ်ရေးဦးစီးချုပ်
(လေ)တို့ သည် အထက်အောက်အမိန့်ပေးယန္တရား၏ ထိပ်ဆုံးတွင်ရှိနေပြီး စစ်ဘက်ရေးရာ လှုပ်ရှားမှုများကို
ကွပ်ကဲမှုနှင့် ညွှန်ကြားချက်ပေးရသည့် ရာထူးများဖြစ်ကြသည်။
စစ်တပ်ထိပ်ပိုင်းရာထူးတခုဖြစ်သည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ရာထူးကို စစ်ခေါင်းဆောင်
ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်တာဝန်ယူသည့် ၂၀၀၁ ခုနှစ်
တွင် တိုးချဲ့ဖန်တီးခဲ့ခြင်း ဖြ���်သည်။ ညှိနှိုင်းကွပ်ကဲရေးမှူးရာထူးသည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊
ရေ၊ လေ) နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အကြား ပေါင်းစပ်ညှိနှိုင်းပေးရန်၊ တပ်ချုပ်နှင့် ဒု
ချုပ်သည် အရပ်ဘက်နှင့် စစ်ဘက်တို့ တွင် ပူးတွဲအုပ်ချုပ်ရသည့်အတွက် စစ်ရေးပိုင်းတွင် ပေါင်းစပ်
ညှိနှိုင်းရန် ဖွဲ့စည်းပုံတိုးချဲ့ ဖွဲ့စည်းခဲ့သည်။ ပထမဦးဆုံး ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)မှာ
ဗိုလ်ချုပ်ကြီး သူရရွှေမန်းဖြစ်ပြီး ၂၀၀၁ နိုဝင်ဘာလ ၉ ရက်နေ့မှ ၂၀၁၀ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့အထိ
တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် အစိုးရအသစ် မဖွဲ့စည်းမီကာလအတွင်း ညှိနှိုင်းကွပ်ကဲရေးမှူး
ဖြင့် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၁ ခုနှစ် အရပ်သားတပိုင်း အစိုးရ
လက်ထက်မှစတင်၍ စစ်တပ်ကို ပြောင်းလဲဖွဲ့စည်းခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ ဗိုလ်ချုပ်မှူး
ကြီး မင်းအောင်လှိုင်ဖြစ်ပြီး ဒုတိယကာကွယ်ရေးဦးစီးချုပ်မှာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဖြစ်လာခဲ့
သည်။