တော်လှန်ရေးအင်အားစုများကို ဦးတည်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုများအပေါ် တုံ့ပြန်မှုများကို လေ့လာဆန်းစစ်ခြင်း
(၃) လေ့လာတွေ့ရှိချက်များ
အသံအဖွဲ့က ကောက်ယူရရှိထားသော အချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊
ဖေဖော်ဝါရီလအထိ အချန်ိ ကာလအတွင်း တော်လှန်ရေးအင်အားစုများကို ဦးတည်သည့် လူထုလှုပ်ရှားမှု စုစုပေါင်း
၄၉-ကြိမ် ရှိခဲ့သည်။ ၎င်းတို့အနက် ၄၇-ကြိမ်မှာ ဆန္ဒပြမှုများဖြစ်ကာ ၂-ကြိမ်မှာ လူထုအားဖြင့် ပူးပေါင်းပါဝင်နိုင်ရန်
စည်းရုံးလှုံ့ဆော်သည့် ကမ်ပိန်းများဖြစ်သည်။
နေရာဒေသအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပြီး လူထုလှုပ်ရှားမှု ၃၂ ကြိမ် ရှိသည်။ စစ်ကိုင်း
တိုင်းဒေသကြီးသည် နယ်မြေအားဖြင့် ကျယ်ပြန့်ရုံသာမက တော်လှန်ရေးအင်အားစုများ အများဆုံးလှုပ်ရှားနေသည့်
ဒေသတစ်ခုဖြစ်ပြီး အမျုးသားညီ
ိ
ညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့
လုံခြုံရေးအဖွဲ့များ၊ ဒေသန္တရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) များနှင့် အခြားအဖွဲ့အစည်းပေါင်းစုံ တည်ရှိရာ
နေရာဖြစ်သည်။ အဆိုပါအင်အားစုများ၏ အုပ်ချုပ်ရေးယန္တရားများသည် ဗဟိုစီမံကွပ်ကဲမှု တစ်ခုတည်းအောက်တွင်
တစ်ညီတစ်ညွတ်တည်းမရှိဘဲ ပြန့်ကျဲနေသည်။ ထိုအခြေအနေအရပ်ရပ်ကြောင့် အဖွဲ့အစည်းများအကြား လုပ်ပိုင်ခွင့်
နှင့် နယ်မြေထိန်းချုပ်မှုဆိုင်ရာ ပဋိပက္ခများ၊ အခွန်ကောက်ခံမှု၊ တရားစီရင်ရေး စံနှုန်းသတ်မှတ်ချက်များ ကွဲလွဲခြင်းများ
နှင့် မညီမျှခြင်းတို့ ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရသည်။ ယင်းသည် ပြည်သူလူထုနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအကြား
ပွတ်တိုက်မှုများဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းများ ဖြစ်ပေသည်။
စစ်ကိုင်းတိုင်းသည် တော်လှန်ရေးအင်အားစုများ အားကောင်း၍ စိုးမိုးနယ်မြေဖြစ်သည့်အလျောက် ဒေသတွင်း
ရှိ သပိတ်ကော်မတီများအနေဖြင့် ပြည်သူလူထုအား အကြမ်းမဖက်လူထုလှုပ်ရှားမှုများ၌ ပိုမိုပါဝင်လာနိုင်ရန် စည်းရုံး
လှုံ့ဆော်နိုင်သည်။ ထို့အတွက်ကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့၏ရပိုင်ခွင့် (ဝါ) အခွင့်အရေးများအပေါ် ယခင်ထက်
နားလည်၍ လူထုလှုပ်ရှားမှု ဖြစ်စဥ်များတွင် ပိုမိုပူးပေါင်း ပါဝင်လာနိုင်ကြောင်း သုံးသပ်နိုင်သည်။ စစ်တပ်၏ လူမဆန်
သော ဖိနှိပ်မှုများအပြင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မတရားဖမ်းဆီးမှုများ၊ ခြိမ်းခြောက်မှုများကဲ့သို့ အာဏာရှင်
ဆန်သည့်လုပ်ရပ်များကို ကြုံတွေ့လာသည့်အခါ ပြည်သူလူထုသည် ငြိမ်ဝပ်မနေဘဲ ဆန့်ကျင်ထုတ်ဖော်ပြောဆိုခြင်း
နှင့် လူထုလှုပ်ရှားမှုများအဖြစ် ဖော်ဆောင်လာကြခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်သည် တော်လှန်ရေးအင်အားစုများကို ဦးတည်သည့် ဆန္ဒထုတ်ဖော်မှု ဒုတိယအများဆုံးဒေသ
ဖြစ်ပြီး ၅ ကြိမ်ထိရှိခဲ့ကာ မကွေးတိုင်း၌ ၄ ကြိမ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းတွင် ၃ ကြိမ်စီ ရှိခဲ့သည်ကို
စာမျက်နှာ- ၅