တော်လှန်ရေးအင်အားစုများကို ဦးတည်သည့် အကြမ်းမဖက် လူထုလှုပ်ရှားမှုများအပေါ် တုံ့ပြန်မှုများကို လေ့လာဆန်းစစ်ခြင်း
လူထုလှုပ်ရှားမှုများကို ဖြိုခွင်းခဲ့သည့် အဖွဲ့အစည်းများကို လေ့လာရာတွင် အမျုးသားညီ
ိ
ညွတ်ရေးအစိုးရ
(NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက ဖြိုခွင်းမှုအများဆုံး ဖြစ်ပြီး မြန်မာအမျုးသား
ိ
ဒီမို
ကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အာရက္ခတပ်တော် (AA)၊
ကယန်းပြည်သစ်ပါတီ (KNLP) နှင့် ဒေသန္တရ ပြည်သူ့ကာကွယ်ရေးတပ် (Local PDF) များလည်း ဖြိုခွင်းမှုများ ပြုလုပ်
ခဲ့သည်ကို တွေ့ရသည်။ ဤအချက်အလက်များသည် လူထုလှုပ်ရှားမှုများအပေါ် တော်လှန်ရေးအဖွဲ့များ၏ တုံ့ပြန်ပုံ မ
တူညီသော်လည်း အင်အားအသုံးပြုသည့် ဖြိုခွင်းပုံစံများကို အသုံးပြုလေ့ရှိကြောင်း ပြသနေသည်။
(ပုံ-၄) တော်လှန်ရေးတပ်ဖွဲ့များမှ အကြမ်းမဖက် လူထုဆန္ဒထုတ်ဖော်မှုများကို
အကြမ်းဖက်ဖြိုခွင်းမှုဖြင့် ဖြေရှင်းခဲ့သည့် အရေအတွက်ပြဇယား
စိုးမိုးနယ်မြေ (ထိန်းချုပ်နယ်မြေ)များ အတွင်းရှိ သယံဇာတတူးဖော်မှု၊ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ပြည်သူလူထု
၏ ဆန္ဒထုတ်ဖော်မှုများကို တော်လှန်ရေးအဖွဲ့အစည်းအချု့က
ိ အင်အားသုံး ဖြေရှင်းခဲ့ကြပုံများကို လေ့လာမည်ဆိုပါက
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ကချင်ပြည်နယ်၊ ချဖွေ
ီ မြို့၌ မြေရှားသတ္တုတူးဖော်မှုကို ကန့်ကွက်ခဲ့သည့်
ဒေသခံ - ၅၀ ကျော်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သေနတ်ဖြင့် ပစ်ခတ်လူစုခွဲကာ ဖမ်းဆီးထိန်းသိမ်း
ခဲ့သည်။ 3 ဖမ်းဆီးခံရသူများအနက် အချု့ကိ
ိ ု ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်နှင့် (၁၇) ရက်နေ့များတွင် ပြန်လွှတ်ပေး
ခဲ့သော်လည်း ယင်းသတ္တုတူးဖော်ရေးလုပ်ငန်းများကို နောက်ထပ် ကန့်ကွက်ခြင်းမပြုရန် ခံဝန်ကတိလက်မ��တ်များ
အဓမ္မရေးထိုးခိုင်းခဲ့ကြောင်း တွေ့ရှိရသည်။ 4
3 ဖရဲဒေသမှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း ကန့်ကွက်ဆန္ဒပြတဲ့ ဒေသခံတွေကို KIA က ဖမ်းဆီးနေဟုဆို၊
Myitkyina News Journal (၂၀၂၄၊ ဖေဖော်ဝါရီလ၊ ၁၄ ရက်နေ့)
4 မြေရှားသတ္တုတူးတဲ့အပေါ် ကန့်ကွက်တာကြောင့် KIA က ဖမ်းဆီးခဲ့တဲ့ ဒေသခံတွေ ခံဝန်နဲ့ ပြန်လွတ်လာ၊
RFA Burmese (၂၀၂၄၊ ဖေဖော်ဝါရီလ၊ ၂၇ ရက်နေ့)
စာမျက်နှာ-၁၀