၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း ၃။ CSOs/NGOs (လူမှုအဖွဲ့အစည်းများ) နှင့် တက်ကြွလှုပ်ရှားသူများ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ချုးဖောက် ိ မှုများကို စနစ်တကျ ဆက်လက်မှတ်တမ်း တင်ခြင်း၊ စောင့ကြ ် ည့်လေလ ့ ာခြင်း၊ သက်သေအချက်အလက်များ စုဆောင်းခြင်းနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား အသုံးပြုခဲ့ခြင်းကြောင့် ထိခိုက်ခံရသူမျာ��အတွက် ဉပဒေရေးရာနှင့် ကာ ကွယ်ရေးဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးသင့်သည်။ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူလူထုက လက်မခံခဲ့ခြင်းသည် စစ်အုပ်စုတွင် ပြည်သူ ပေးအပ်သည့် အာဏာမရှိကြောင်းကို ထင်ရှားစွာ ပြသနိုင်ခဲ့သည့်အပြင် ဒီမိုကရေစီနှင့် ဖက် ဒရယ်စနစ်အပေါ် ပြည်သူ၏ ယုံကြည်မှုကိုလည်း ထင်ဟပ်စေမည့် အသိပညာပေး လှုံ့ဆော်မှု များကို နိုင်ငံတကာသို့ ပိုမိုရောက်ရှိအောင် အဖွဲ့အစည်းများပူးပေါင်း၍ ဆောင်ရွက်သင့်သည်။ ထို့ပြင် နိုင်ငံတကာ စည်းရုံးရေးကွန်ယက်များနှင့် ချတ် ိ ဆက်၍ မြန်မာနိုင်ငံလူထု ကြုံတွေ့ခဲ့ရ သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချုးဖောက် ိ ခံရမှုများအား ကမ္ဘာ့အဆင့်တွင် ဖော်ပြ၍ အသိပညာ မြှင့်တင်ရန်လည်း လိုအပ်သည်။ ၃၈

Select target paragraph3