၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြ��အနေကို လေ့လာဆန်းစစ်ခြင်း ၇။ နိဂုံး - သုတေသန တွေ့ရှိချက်များအပေါ် သုံးသပ်ချက် ဤသုတေသန၏ တွေ့ရှိချက်များအရ ၂၀၂၅ - ၂၀၂၆ အတုအယောင် ရွေးကောက်ပွဲကာလ အတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် ဉပဒေယန္တရားများ ထပ်မံအသုံးပြု၍ ရာဇဝတ်မှုတစ် ရပ်အဖြစ် အထင်အရှား သတ်မှတ်ဖော်ဆောင်ခံခဲ့ရကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် ရွေးကောက်ပွဲ ကာကွယ်ရေး ဉပဒေကို အသုံးပြုခြင်းဖြင့် ဝေဖန်ပြောဆိုမှုများ၊ သပိတ်မှောက်လှုံ့ဆော်မှုများ၊ အွန်လိုင်း တွင် ထင်မြင်ချက် ဖော်ပြခြင်းများကိုပါ ရာဇဝတ်မှု အဖြစ် သတ်မှတ်ကာ ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်ခဲ့သည်ကို တွေ့ရသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် ဉပဒေယန္တရားများ ထပ်မံအသုံးပြု၍ ရာဇဝတ်မှုတစ်ရပ်အဖြစ် အထင်အရှား သတ်မှတ်ဖော်ဆောင်ခံခဲ့ရကြောင်း တွေ့ရှိရသည်။ သုတေသန အချက်အလက်များအရ ဖမ်းဆီးမှုများသည် အတုအယောင် ရွေးကောက်ပွဲ နီးကပ် လာသည့်ကာလတွင် တိုးမြင့်လာခဲ့ပြီး အထူးသဖြင့် ရွေးကောက်ပွဲ နီးကပ်လာသောကာလ၊ နိုဝင်ဘာလ တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် ဖမ်းဆီးခံရသူများအတွင်း သာမန်ပြည် သူများ အများစု ပါဝင်နေခြင်းသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လူမှု အဆင့်အလွှာမရွေး ဖိနှိပ်ထားကြောင်း ပြသနေသည်။ ရွေးကောက်ပွဲကာလတွင် စစ်တပ်အပြင် အခြားသော အစုအဖွဲ့ များကပါ ဖမ်းဆီးမှုနှင့် အရေးယူမှု အချု့ ပြုလု ိ ပ်ခဲ့ခြင်းသည်လည်း နိုင်ငံရေးအမြင်နှင့် ဆက်စပ်သော လွတ်လပ်ခွင့်များကို တခြားသော အစုအဖွဲ့များကပါ ချုးဖောက် ိ နေကြောင်း ထင်ဟပ်စေသည်။ ထို့အပြင် NUG သည် တော်လှန်ရေးအစိုးရတစ်ရပ်အနေဖြင့် လူထု၏ ဖိနှိပ်ခံရမှုများနှင့် အခြေခံလွတ်လပ်ခွင့်များ ကို ပိုမိုအရေးပေး နားလည်ကာ ကာကွယ်ပေးရမည့်အစား ဖိနှိပ်ဖမ်းဆီးမှုများ ဆက်လက်ပြုလုပ်ခဲ့���ြင်း ကြောင့် လူထုအနေဖြင့် အားကိုးအားထားပြုနိုင်သည့် ရွေးချယ်စရာ ကန့်သတ်ချက်များ ရှိနေသည်ကို ပေါ်လွင်စေသည်။ ၃၅

Select target paragraph3