၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း
မီဒီယာ၏ အခြေခံအခန်းကဏ္ဍဖြစ်သည့် အာဏာကို စောင့်ကြည့် ထိန်းချုပ်ခြင်းနှင့် အများပြည်သူသို့
သတင်းအချက်အလက် ပေးပို့ခြင်းတို့ကို တိုက်ရိုက် ကန့်သတ်ဖိနှိပ်နေခြင်း ဖြစ်ပြီး ဤသည် နိုင်ငံရေး
ထုတ်ဖော် ပြောဆိုခွင့်ကိုသာမက မီဒီယာလွတ်လပ်ခွင့်ကိုပါ တိုက်ရိုက် စနစ်တကျ ဖိနှိပ်ထိန်းချုပ်နေ
ခြင်း ဖြစ်သည်။
အကျဉ်းချုပ်အားဖြင့် အတုအယောင် ရွေးကောက်ပွဲကာလအတွင်း ဖြစ်ပေါ်ခဲ့သော ဖြစ်ရပ် အခြေ
အနေများသည် သာမန်နိုင်ငံရေး ထုတ်ဖော်ပြောဆိုမှုများကို စနစ်တကျ ရာဇဝတ်မှုအဖြစ် ပြောင်းလဲ
သတ်မှတ်ထားသည့် လုပ်ငန်းစဉ် တရပ်ဖြစ်ကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် လွတ်လပ်စွာ ထုတ်ဖော်
ပြောဆိုခွင့်ကို ကန့်သတ်ထားခြင်းသည် တဦးချင်း လုပ်ရပ်များကိုသာ ထိန်းချုပ်ခြင်းမဟုတ်ဘဲ လူထု
တရပ်လုံး၏ နိုင်ငံရေးပါဝင်မှုကို လျှော့ချရန် ရည်ရွယ်ထားသော စနစ်တကျ ဖိနှိပ်မှု တရပ်ဖြစ်ကြောင်း
သတ်မှတ်နိုင်သည်။
၃၄