၂၀၂၅ - ၂၀၂၆ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို လေ့လာဆန်းစစ်ခြင်း ခဲ့သည်။ စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကော်မရှင်၏ အဆိုအရ နိုင်ငံတကာမီဒီယာ ၆၁ ခု မှ သတင်းထောက် ၂၁၅ ဦးသည် လူထု၏ မဲပေးမှုအကြောင်း သတင်းရယူနိုင်ရန် လျှောက်ထားခဲ့ကြ သည်။ ထို့သို့ ဖိတ်ကြားခံခဲ့ရသော်လည်း နိုင်ငံခြား သတင်းထောက် များသည် သတင်း ရယူနေစဉ် အတွင်း တင်းကျပ်သော စောင့်ကြည့်မှုနှင့် ခြိမ်းခြောက်မှုများကို ခံခဲ့ရသည်။ ဉပမာအားဖြင့် မန္တလေး မြို့ရှိ Australian Broadcasting Corp (ABC) မှ သတင်းအဖွဲ့မှာ စဉ်ဆက်မပြတ် စောင့်ကြည့်ခံခဲ့ရပြီး ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကိုလည်း လက်နက်ကိုင် ရဲတပ်ဖွဲ့များမှ ရယူခဲ့သည်။ ထို့အပြင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင်လည်း အမေရိကန် အလွတ်တန်းသတင်းထောက် Colin McPhee သည် ချင်းပြည်နယ်တွင် တိုက်ပွဲများအကြောင်း သတင်းယူနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ရာ ဆေးကုသမှုခံယူရန် အိန္ဒိယနိုင်ငံသို့ ပြောင်းရွှေ့ခဲ့ရသည်။ 25 ဤအခြေအနေသည် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာအမြင်တွင် တရားဝင်မှုရှိသကဲ့သို့ ပုံဖော်ရန် ကြိုးပမ်း သော်လည်း အမှန်တကယ်တွင် မီဒီယာထိန်းချုပ်မှုနှင့် ကြောက်ရွံ့မှုကို အခြေခံထားသော စနစ်တစ်ရပ် သာ ဖြစ်ကြောင်း ထင်ရှားစေကာ နိုင်ငံတကာတရားဝင်မှုကို ဆောက်တည်ရန် ကြိုးပမ်းမှု တစ်ရပ်သာ ဖြစ်ကြောင်း သုံးသပ်နိုင်သည်။ 25 Athan. (2026, March 26). Five years on: The systematic dismantling of Myanmar’s media freedom. ၃၁

Select target paragraph3